Background
ရန်ကုန်-မန္တလေး အဝေးပြေး နထစမနျျ ယာဉ်လိုင်းများကို ရင်းနှီးမြှုပ် နှံသူများခြင်းကြောင့် ယာဉ်စီးရေ တိုး လာပြီး၊ ယာဉ်လိုင်းများမှ ဝန်ဆောင်မှု များပေးကာ အပြိုင်အဆိုင်ပြေးဆွဲလာ ကြောင်း သိရပါတယ်။ ဒါ့အပြင် ယခု နောက်ပိုင်းမှာ ခရီးသည်များ အန္တရာယ် ကင်းရှင်းနိုင်တဲ့လုံခြုံမှုပိုင်းကို ဝန်ဆောင် မှုအပြိုင်အဆိုင်ပေးလာကြောင်း သိရပါ တယ်။
ကားသစ်များ အဝင်များပြားနေသည့် ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အရောင်းများနေပြီး အဝယ်ရှားပါး နေကြောင်း သိရသည်။ ဆိပ်ကမ်းအသီးသီးတွင် မထုတ်ရသေးသောကားများ များစွာကျန်ရှိနေပြီး ယခင်မှာပြီး ထားသော ကားများ မှာလည်း ဆက်တိုက်ဝင်ရောက်ရန်ရှိသဖြင့် ကားဈေးတန်းများမှာ အလျော့ဈေးဖြင့် ရောင်းချမှာသာ အဝယ်ရှိကြောင်းသိရသည်။
နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့တွင်း ရှိ အိမ်ခြံမြေဈေးကွက်မှာ အေး စက်နေသယောင် ရှိသော်လည်း တိုက်ခန်း အိမ်ခန်း အငှားဈေး ကွက်မှာ ကျယ်ပြန့်လျက်ရှိပြီး ဈေး နှုန်းများမှာလည်း နေ့စဉ်မြင့်တက် လျက်ရှိကြောင်းအိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရှိရသည်။
နိုဝင်ဘာလနောက်ဆုံးသီတင်းပတ်မှာ ဘိလပ်မြေတန်ချိန် ၃၇၀၀၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာသုံးသိန်း တစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်ဘိလပ်မြေ တစ်မျိုးသာဝင်ခဲ့တာတွေ့ ရပါတယ်။ လချုပ်အနေနဲ့ကြည့် မယ်ဆိုရင် အောက်တို ဘာလရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းခုနစ်သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာ လရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်သာရှိခဲ့တာကြောင့် နိုဝင်ဘာလ မှာ ဘိလပ်မြေအဝင်တန် ချိန်ခုနစ်သောင်းကျော် အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT)
နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားများမှာ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါ က ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်နှင့် ရော်ဘာသယ်ယူခနှုန်းထားများအနေနဲ့ တစ်ပိဿာလျှင် သယ်ယူခနှုန်း ၁၅ ကျပ်ခန့်မြင့်တက်ခဲ့ ကြောင်း သိရှိရပါတယ်။ သွင်းကုန်ပစ္စည်းသယ်ယူခအနေဖြင့် တစ်ပိဿာလျှင် ငါးကျပ်ခန့် လျော့ ကျခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း အပတ်စဉ်ကုန်စည် သယ်ယူခဈေးနှုန်းများ ကိုဖော်ပြပေးလိုက်ရပါတယ် -
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်
၁။ အက်(စ်)အီးလီမိတက် (၉၀) ၃က ၁၀၀ သိန်း ၂။ ကိုရိုလာဗင် (၈၆) ၁က ၈၀ သိန်း ဒီဇယ်၃။ ပရိုဘောက် (၂၀၀၇) ၂င ၁၂၀ သိန်း 1.5 ဓာတ်ဆီ ၄။ အေဒီဗင် (၂၀၀၇) ၉ဃ ၁၁၅ သိန်း 1.2 ဓာတ်ဆီ ၅။ အာ(လ်)ဖတ် (၂၀၀၂) ၇ဃ ၂၇၅ သိန်း 3.0 ဓာတ်ဆီ၆။ စူပါကပ်စတန် (၉၇) ၈ဈ ၁၄၀ သိန်း အခွန်ပါပြီး၇။ တိုယိုတာဝက်ဂွန် (၂၀၀၇) ၁င ၁၀၀ သိန်း အိုင်အက်(စ်)တီ ၈။ တိုယိုတာဗစ်ဝက်ဂွန် (၂၀၀၇) ၉ဃ ၁၁၀ သိန်း ၉။ ဆူဇူကီးပစ်ကပ် (၂၀၀၇) ၃င ၉၅ သိန်း ၁၀။ စီအာဗီ(ဟွန်ဒါ) (၉၉) ၉ဃ ၁၉၅ သိန်း ဓာတ်ဆီ
ကုန်တင်ယာဉ်များ ကုန်တင်ဆောင် ရာမှာ ခွင့်ပြုတန်ချိန်ကို ကာလလိုက် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရ ပါတယ်။ ကုန်တင်ဆောင်ခွင့် တန်ချိန် ပြောင်းလဲလိုက်တဲ့ ကာလများမှာ မေ လ ၁၆ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ မိုးတွင်းကာလနဲ့ အောက်တိုဘာ လ ၁ ရက်မှ မေလ ၁၅ ရက်အထိ နွေ ကာလသတ်မှတ်ပြီး ယာဉ်အမျိုးအစား အလိုက် ပြောင်းလဲသတ်မှတ်လိုက်ပါ တယ်။ ခွင့်ပြုထားတဲ့ တန်ချိန်ထက် ပိုမို တင်ဆောင်လာပါက သတ်မှတ်ကျသင့် ငွေအပြင် ပိုမိုတင်ဆောင်လာတဲ့ တန် များအတွက် ၁ တန်ကို တစ်မိုင်အခြေခံ စံနှုန်းရဲ့ ၁၀ ဆဖြစ်တဲ့ ၄၀၀ ကျပ်နှုန်းနဲ့ တွက်ပြီး၊ ဒဏ်ကြေးအဖြစ် ထပ်ပေါင်း ကောက်ခံမှာဖြစ်ကြောင်း၊ ၎င်းဒဏ် ကြေးအတွက် ခွဲခြားဖြတ်တောက်မရ တဲ့ စက်ပစ္စည်းများအတွက် သယ် ဆောင်နိုင်ဖို့ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရ ပါတယ်။
မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်များအလိုက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြုပြင်မှုလုပ်ငန်းများ'အား အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိပြီး၊ ပစ္စည်းဝင်ရောက်မှုနဲ့ သုံးစွဲမှုမျှတမှုတို့ ကြောင့် ဈေးနှုန်းတည်ငြိမ်လျက် ရှိပါ တယ်။
ပဲခူးတိုင်းဒေသကြီးတွင် တစ်ခုတည်းသာရှိသည့် ပဲခူးတက္ကသိုလ် ကြီးကို တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါများနှင့် ကိုက်ညီစေရေး၊ လိုက်လျော ညီထွေရှိစေရေးအတွက် ပဲခူးဒီဂရီကောလိပ်ခေတ်ကာလက ရန်ပုံငွေခွဲဝေရ ရှိမှုအပေါ်မူတည်ပြီး စုဝေးခန်းမတည်ဆောက်မှုကို ရပ်နားထားခဲ့ရာမှ ယခု အခါ ယင်းခန်းမဆောင်ကြီး၏ မပြီးပြတ်သေးသော တည်ဆောက်ရေးလုပ် ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။
သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၇၄၀၆၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေအမျိုးအစားများမှာ စိန်တံဆိပ် တန် ချိန် ၁၀၆၀၀ ၊ ဆင်တံဆိပ် တန်ချိန် ၃၀၁၂၃ နဲ့ အခြားတံဆိပ်မျိုးစုံက တန်ချိန် ၄၃၉၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်က တန်ချိန် သုံးထောင်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)