Background
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၀၇၄၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မလေး ရှားနဲ့ထိုင်းနိုင်ငံမှ ဘိလပ်မြေများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှ တင်သွင်းခဲ့တဲ့ တန်ချိန်က ၄၄ တန်ရှိခဲ့ပြီး ထိုင်းနိုင်ငံမှ တင်သွင်းခဲ့တဲ့ တန်ချိန်က ၂၀၆၉၅ တန်ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်က တန်ချိန် ခုနစ် သောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)
အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်းမှာ ဘိလပ်မြေ တန် ၅၀၄၂ ကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ပွင့်လင်း ကာလရောက်ရှိလာပြီဖြစ်လု့ိ ယခင်အပတ်တင်သွင်းမှုထက် ၇၁၃ တန်ခန့် အသွင်း ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၆၁ တန်၊ လွယ် ဂျယ်မှ ၅၂၅ တန်၊ တာချီလိတ်မှ ၂၂၀၉ တန်၊ မြိတ်မှ ၈၇၁ တန်နဲ့ ကော့သောင်းမှ ၄၇၆ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)
မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းသို့ ဖားကန့်ကျောက်များ၊ အရည် အသွေးကောင်းကျောက်များ စတင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါ တယ်။
မန္တလေး အိမ်ခြံမြေဈေးကွက်မှာ သီတင်းကျွတ်ကာလနီးပြီဖြစ်လို့ အိမ်ခြံ မြေ ငှားရမ်းသူပိုပြီးများလာခြင်းကြောင့် ပစ္စည်းရှားနေကြောင်းသိရပါတယ်။အိမ် ငှားဈေးနှုန်းမှာ ယခင်လများ နည်း တူ ပုံမှန်ဈေးသာရှိပြီး၊ ယခင်နှစ် ငှား ရမ်းမှုထက် အနည်းငယ် ပိုလာကြောင်း သိရပါတယ်။
စဉ် အမျိုးအစား/ MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ တိုယိုတာဗင် (89) ၉က ၁၀၀ သိန်း ဒီဇယ်၂။ ကိုရိုလာဗင် (99) ၉ဃ ၁၈၅ သိန်း ဒီဇယ်၃။ ကိုရိုလာဗင် (98) ၇ဃ ၂၀၀ သိန်း စီအန်ဂျီ၄။ စူပါဆလွန်း (90) ၇က ၈၀ သိန်း ဓာတ်ဆီ၅။ စူပါဆလွန်း (87) ၁က ၇၀ သိန်း ဓာတ်ဆီ ၆။ ပရာဒို(တီဇက်) (97/98) ၉ဃ ၃၀၅ သိန်း ဒီဇယ် ၇။ အာအေဗီ (2001) ၉ဃ ၂၃၀ သိန်း ၈။ စီအာဗီ (2001) ၉ဃ ၂၃၀ သိန်း ၉။ အေဒီဗင် (2007) ၇ဃ ၁၂၅ သိန်း ပုံပြောင်း၁၀။ ဟွန်ဒါဖစ်(2007) ၉ဃ ၁၂၇ သိန်း
ရန်ကုန်မြို့ ကားဈေးကွက်မှာ ဝါကျွတ်ကာလရုံးပိတ်ရက်၊ကျောင်းပိတ် ရက်များရှိနေသော်လည်း ပွဲစားတန်း များအတွင်း လူရောကားပါ စည်ကား လျှက်ရှိကြောင်းသိရသည်။ မြို့တွင်းရှိ ပွဲစားတန်းများတွင် လူစည်ကားေ န သော်လည်း ထင်သလောက် အလုပ်မ ဖြစ်ဘဲ အဝယ်အေးနေပြီး အရောင်းအ ဝယ်ဖြစ်လျင်လည်း ကျပ်သိန်း ၁၀၀ အထက် အင်ဂျင်ပါဝါသေးကားအချို့ သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
အို/ဟောင်း အပ်ကားများအနေ ဖြင့် 'ဘ'အက္ခရာ ဆက်လက်အပ်နှံမည် ဟုသိရသော်လည်း 'ဗ'အက္ခရာ စလစ် ဈေးနှုန်းများမှာ အမြင့်ဈေးဖြင့် ဈေးငြိမ် နေပြီး န၊ ပ စလစ်များလည်း ၎င်းနှင့် ကျပ် ၁၀ သိန်းဝန်းကျင် ကွာခြားကာ ဈေးပေါက်နေကြောင်းသိရသည်။စလစ် သွင်းကားများ ယခင်လလယ်ခန့်က ဈေးမြင့်ခဲ့သော်လည်း ယခုအခါ ကား အရောင်းပြခန်းများမှာပင် ညှိနှိုင်းပေး သည့် ဈေးတစ်ရပ်ဖြင့်လျှော့၍ ရောင်း ချပေးနေကြောင်း၊ အင်ဂျင်ပါဝါကြီး ကားများ နယ်အဝယ်နည်းသွားသဖြင့် ဈေးကွက်အေးလာကြောင်း၊ ပွဲစားတန်း များတွင် ၂၀၀၇ အထက် ဖရီးပါမစ် ကားငယ်များအား အများအားဖြင့် ကိုယ်တိုင်တင်သွင်းရောင်းချသူများ ညှိ နှိုင်းဈေးဖြင့် ကိုယ်တိုင်ဈေးဖြတ်ကာ ပိုမို ရောင်းချလာကြပြီး ဈေးတန်းများမှာ ကားအရောင်းပြခန်းများထက် သက် သာသဖြင့် အရောင်းအဝယ် အနည်း ငယ်ရှိကြောင်း အပေါ်ဝိုင်းဝါရင့် အကျိုး ဆောင် ကိုမြင့်ကျော်မှပြောသည်။ ယခုအခါ အရောင်းပြခန်းများ တွင်ပါ အေအေ အငှားယာဉ် အသစ် မျိုးစုံရောင်းချပေးနေသော်လည်း ထင် သလောက်မရောင်းရကြောင်း၊ကားသစ် များမှာ ဈေးနှုန်းမြင့်မားနေဆဲဖြစ်သဖြင့် အငှားယာဉ်ဟောင်း အပ်နှံပြီးသူများ ကလည်း စလစ်သာ လက်လွှဲရောင်းချ ကြပြီး၊ အို/ဟောင်းအပ်နှံအက္ခရာဝေး သေးသည့် ရုပ်ခံကောင်းသေးသည့် ယခင်အက္ခရာ(က)တန်းကားများ ကျပ် သိန်း ၇၀၊ ၈၀ ဝန်းကျင်ဖြင့် ပြန်လည် ဝယ်ယူပြီး အငှားယာဉ် ထောင်ကြ ကြောင်း ဝါရင့် အငှားယာဉ်မောင်း ဦးလေးမောင်မှ ပြောသည်။ သို့ရာတွင် ယခုတလောအတွင်း အငှားယာဉ်ကား သစ်များ၊ တစ်ဦးချင်း သွင်းလာသူများမှ ဈေးချရောင်းမှုများလာပြီး စီအန်ဂျီသုံး ပရိုဘောက်အား ကျပ် ၁၆၅ သိန်းဖြင့် ပင် ညှိနှိုင်းရောင်းချသွားခြင်းများ ရှိ လာကြောင်း ၎င်းမှပြောသည်။SN
မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း တွင် ကျောက်လုပ်ငန်း မကျွမ်းကျင်သူများ အား ဆေးဆိုးကျောက်များကို ကျပ်သိန်း ၄၀ - ၅၀ တန်ဖိုးရှိ ဈေးနှုန်းအမြင့်ပိုင်းကျောက် များနဲ့ ရောထွေး ရောင်းချ မှုများရှိနေသဖြင့် ၎င်းကျောက်များအား ဝယ်ယူလိုပါက အကျိုး ဆောင် ခ ပေးစရာမလို ဘဲ ကျောက်မျက်အကျိုးတော်ဆောင်ကော်မတီနဲ့ လာရောက်ညှိနှိုင်း ဝယ်ယူနိုင် ပါကြောင်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောပါတယ်။
"အကျိုးတော်ဆောင်ကော်မတီက ရောင်းမှား ဝယ်မှား မဖြစ် အောင် ဖြေရှင်းပေးရတယ်။ ဝိုင်းထဲမှာ ကျပ်သိန်း ၂၀၀ - ၃၀၀ တန် ကျောက်တွေဆို ဈေးပေးပြီးမှ မယူတဲ့အခါ ဆိုင်ခန်းရှင်နဲ့ ကုန်သည် ကြားမှာ ရှင်းပေးရတယ်။ ဆေးဆိုးကျောက်တွေ လိမ်လည်ရောင်းတာ တွေလည်း ရှိပါတယ်။ ဒါက ရောင်းဝယ်နေကြ ကုန်သည်က မလုပ်ရဲဘူး။ ခုလို မြေအရောင်းအဝယ်အေးနေချိန် မြေသမားတွေ၊ ရွှေသမားတွေ ဒီဘက်လှည့်လာချိန်၊ တရုတ်ဝယ်လက်တွေကို ရောင်းတာမျိုးရှိခဲ့ဖူးပါတယ်။ ဆေးဆိုးမှန်းမသိလို့ဝယ်သွားပြီးမှ ဆေးဆိုးကျောက်မှန်းသိလို့ ပြန် လာပြော တဲ့အခါ ဝယ်ယူသူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လိုက်စုံစမ်းတဲ့အခါ ဆေး ဆိုးကျောက်ရောင်းတဲ့သူက လိပ်စာမပါ အရောင်းအဝယ် လုပ်နေကြ လူမဟုတ်တာ တွေ့ရတယ်။ အဲဒီကိစ္စတွေကို သုံးရက်တစ်ခါလောက်ဖြေ ရှင်းရတယ်။ အပွင့်၊ လွှာချပ်နဲ့ လက်ကောက်ဝိုင်းတွေမှာ ဖြေရှင်းရ တယ်။ ဆေးဆိုးကိစ္စကတော့ နှစ်ဖွဲ့မိ ထားတယ်။ နောက်ပိုင်းမှာခုလို ကိစ္စမျိုး တွေမဖြစ်အောင် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။ လမ်းဆုံးထိလိုက်လို့ ဆေးဆိုးကျောက်ရောင်းတဲ့သူ မဖော်ရင် နောက်ဆုံးလူကို ရဲစခန်းမှာ အမှုဖွင့်သွားမယ်"လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။ကျပ်သိန်း ၁၀၀ တန်ရင်းပါက အရှုံးအမြတ်ရှိလို့ မမျှော်မှန်းတဲ့ အနေအထားနဲ့ ရနိုင်ခြင်းကြောင့် တစ်ခါတစ်ရံ ဈေးပေး များပြီး၊ ပစ္စည်း မယူချင်လို့ ပြဿနာဖြစ်ရတဲ့ ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်ကြောင်း၊ ဆေးဆိုးကျောက်များကို ယခင်သောင်းဂဏန်းတန်သာ အတုလုပ်ရောင်း ချရာမှ သိန်းဆယ်ဂဏန်းထိလုပ်ပြီး၊ ရောင်းချလာခြင်းများ ရှိလာကြောင်း သိရသည်။ ဖြေရှင်းပေးရတဲ့ ကျောက်အတုများအား ဈေးကွက်အတွင်း မရောက်ဖို့ ပြန်လည် သိမ်းဆည်းမှုများပြုလုပ်ထားကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး
နိုင်ငံစုံမှ ဘိလပ်မြေများဝင်အောက်တိုဘာ တတိယပတ်အတွင်းမှာ ဘိလပ်မြေ ၃၉၄၃၁ ဒသမ ၅၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုံးဆယ့်ငါးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ဘိ လပ်မြေ ၃၅၁၀၀ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၆၀ တန်၊ တရုတ်နိုင်ငံမှ တန် ချိန် ၃၅၀၀၊ စင်ကာပူနိုင်ငံမှ ၆၅ တန်နဲ့ အီရန်နိုင်ငံမှ ၅၀၆ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တင်သွင်းမှုထဲမှာ ထိုင်းနိုင်ငံဘက်မှ တင် သွင်းမှုက တန်ချိန် အများဆုံးဖြစ်ပါတယ်။ ယခင်သီတင်းပတ်ထက် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOT)
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ တိုယိုတာ ပရိုဘောက်ဗင် (2007) ၉ဃ ၁၂၇ သိန်း 1.3 ဓာတ်ဆီ၂။ နီဆန်း အေဒီဗင် (2007) ၉ဃ ၁၃၅ သိန်း 1.3 ဓာတ်ဆီ ၃။ ဟွန်ဒါဖစ် (2007) ၁င ၁၃၃ သိန်း ၄။ တိုယိုတာ(ဝှရှ်) (2002) ၁င ၂၂၀ သိန်း (WISH) ၅။ တိုယိုတာ (ကာလ်ဒီးနား) ၄ဃ ၂၃၀ သိန်း စက်ရုပ်၊ ဒီဇယ်၆။ တိုယိုတာ(ကာလ်ဒီးနား) (97) အေအေ ၂၁၀ သိန်း CNG ၇။ အာအေဗီ (2001) ၉ဃ ၂၃၀ သိန်း (RAV) ၈။ ဆူဇူကီး (R+) ၉ခ ၉၅ သိန်း ၉။ ဆူဇူကီး (R+) ၁င ၁၁၅ သိန်း ၁၀။ ချယ်ရီဝက်ဂွန် ၅ဃ ၈၃ သိန်း
မန္တလေးမြို့တွင် ကျောက်မျက် ရတနာလုပ်ငန်း လုပ်ကိုင်သူဦးရေ သောင်းဂဏန်းရှိသော်လည်း တရားဝင် လိုင်စင်ဖြင့် ရောင်းဝယ်သူဦးရေ ၉၀၀ ကျော်သာရှိကြောင်း သိရပါတယ်။