Background
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ တိုယိုတာပရိုဘောက် (2007) ၁င ၁၃၀ သိန်း 1.5 ဓာတ်ဆီ၂။ တိုယိုတာပရိုဘောက် (2007) ၇ဃ ၁၃၈ သိန်း 1.1 ဓာတ်ဆီ၃။ အေဒီဗင် (2007) ၁င ၁၄၀ သိန်း ပုံပြောင်းဓာတ်ဆီ ၄။ တိုယိုတာ (ဗစ်ဝက်ဂွန်)2007 ၁င ၁၃၅ သိန်း ၅။ ဟွန်ဒါဖစ် ဝက်ဂွန် (2007) ၁င ၁၃၅ သိန်း ၆။ ဟွန်ဒါ (စီအာဗီ) (2002) ၃ဃ ၂၂၀ သိန်း ၇။ ဟွန်ဒါ (စီအာဗီ) (99) ၅ဃ ၁၈၀ သိန်း ၈။ မတ်(ခ်)တူး (99) ၉ဃ ၁၆၅ သိန်း ၉။ တိုယိုတာဖီလ်ဒါ (2002) အေအေ ၁၈၅ သိန်း ဓာတ်ဆီ 1.5 ၁၀။ တိုယိုတာ ကာရိုလာ (97) အေအေ ၁၉၅ သိန်း စီအန်ဂျီ SN
ပြည်တွင်းရှိ သားရေစိမ်လုပ်ငန်းများ အတွက် ထိခိုက်မှုမရှိပါက အိန္ဒိယမှ သားရေများကို တင်သွင်းရန် အစီအစဉ် ရှိပါကြောင်း၊ မြန်မာနိုင်ငံသားရေ လုပ် ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးအောင်နိုင် (ဆင်ခြောက်ကောင်ဖိနပ်) လုပ်ငန်းမှ ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိ ရက်သတ္တပတ်ကာလ မှာ မန္တလေး-မူဆယ် ကုန်စည်ဒိုင်သယ်ယူ ခနှုန်းထားများ တစ်ပိသာလျှင် ၆ ကျပ် ကျော် မြင့်တက်လျက်ရှိပြီး မူဆယ်-မန္တလေး ကုန်စည်သယ်ယူခနှုန်းထားမှာ ၁ ပိသာ ၁၅ ကျပ်နှုန်း ကျဆင်းလျက်ရှိပါတယ်။ အတက်ကုန်များပြီး အဆင်းကုန် နည်းတဲ့အတွက် ကျဆင်းရတာလို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလမှာတော့ မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ၃ ကျပ်ခန့် လျော့နည်း ခဲ့ပြီး သွင်းကုန်သယ်ယူစရိတ်မှာမူ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ယခုအပတ် ကုန် စည်သယ်ယူစရိတ်များကို ယခင်အပတ်နဲ့နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတမြို့များမှာ Good Brother Co.Ltd မှတင်သွင်းသော တရုတ်-ဂျာမနီ ဖက်စပ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းသော AA Taxi အငှားယာဉ်များကို ဈေးကွက်အတွင်း ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။
စိန်၊ မောင်းတိန်းနဲ့ ဘိလပ်မြေမျိုးစုံ တန်ချိန် နှစ်သောင်းကျော်ဝင်ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၂၇၅၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်း ခဲ့တဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၆၁၀၀၊ စိန်ဘိလပ်မြေ တန်ချိန် ၃၄၅၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၂၀၀ တင်သွင်းခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ကိုးသောင်းကိုးထောင်ကျော်ရှိခဲ့ပြီး သြဂုတ်လအတွင်း တင်သွင်းမှုမှာ တန် ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန်သုံး သောင်းကိုးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
သဘာဝအရင်းအမြစ်များ ကုန်ဆုံး ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းခြင်း ဘေးအန္တရာယ်ကို ကမ္ဘာ့ လူသားများရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အဲလိုရင်ဆိုင်နေချိန်မှာ မိမိတို့နိုင်ငံ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝင်လာ သောမော်တော်ဆိုင်ကယ်များ၊လာရောက် ရင်းနှီးမြှုပ်နံှမယ့် မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သော ကုမ္ပဏီများနဲ့ ဆိုရင် နိုင်ငံအတွင်း ဆိုင်ကယ်အရေ အတွက် မည်မျှရှိမည်ကို ခန့်မှန်းနိုင်ပါ တယ်။ အလားတူ ဓာတ်ဆီ အသုံးပြု သောသုံးဘီးယာဉ်များ၊ မော်တော်ကား များလည်းရှိပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကျေးလက်နဲ့ မြို့၊ မြို့တွင်း သွားလာရေး ကျေးလက်ဒေသတွင်း ကူးလူးဆက်ဆံရေးများမှာများစွာအသုံး ဝင်သော၊ လွန်စွာအသုံးများသော ဆိုင် ကယ်များနဲ့ပတ်သက်လို့ အနည်းငယ် တင်ပြလိုခြင်းဖြစ်ပါတယ်။
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင် (၈၈) ၇က ၁၀၅ သိန်း ဒီဇယ်၂။ မတ်(ခ်)တူး (၉၀) ၉က ၈၀ သိန်း ဓာတ်ဆီ ၃။ အက်(စ်)အီးလီမိတက် (၈၈) ၅က ၈၃ သိန်း ဓာတ်ဆီ ၄။ စူပါဆလွန်း (၉၀) ၃က ၁၀၀ သိန်း ကားကောင်း ၅။ စူပါဆလွန်း (၈၆) ၁က/၂က ၇၀ သိန်း ကားကောင်း၆။ စူပါဆလွန်း (၈၆) လ/သ/အ ၆၅-၆၈ သိန်း ကားလတ်၇။ တိုယိုတာဝက်ဂွန် (၂၀၀၁) ၁ဃ ၁၉၅ သိန်း WISH ၈။ တိုယိုတာဆပ်(ဖ်) (၉၉) ၅ဃ ၂၅၅ သိန်း ဓာတ်ဆီ ၉။ တိုယိုတာဆပ်(ဖ်) (၉၇ ၄ဃ ၂၅၀ သိန်း ဒီဇယ် ၁၀။ မတ်(ခ်)တူး (၉၉) ၆ဃ ၁၇၀ သိန်း ဓာတ်ဆီ
မန္တလေးကားဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း အပ်ကားနဲ့ ကားအချို့ ဈေးမြင့် တက်လျက်ရှိကြောင်း သိရပါတယ်။ ယခုလဆန်းမှာ 'ဗ' အက္ခရာယာဉ်များ အပ်ခွင့် စတင်လက်ခံနေခြင်းကြောင့် အပ်ကားဈေးမြင့်တက်ပြီး အပ်ကားအမှီပြုလို့ အလယ် အလတ်ရှိ ကားများနဲ့ ဒီဇယ်ကားများ ဈေးမြင့်တက်လာကြောင်း သိရပါတယ်။
မန္တလေးမြို့၊ မြို့တွင်းနဲ့ မြို့သစ်ရှိ မြေကွက်များမှာ အရောင်းအဝယ် ပါး လျက်ရှိပြီး၊ သန်လျင်နဲ့ နေပြည်တော်ကို သွားရောက်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။
ရေလမ်းခရီးမှ ဘိလပ်မြေ တန်ချိန် ငါးသောင်းကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၅၀၆၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာလေးဆယ့် ကိုးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၄၆ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၀၆၄၁ တန် အသီးသီး မှာယူတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ဝင်လာတဲ့ဘိလပ်မြေထဲမှာ မောင်းတိန်း ဘိလပ်မြေနဲ့ အတူ အခြားဘိလပ်မြေမျိုးစုံဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)