Main menu

Background

Friday, 30 Nov 2012

မန္တလေး  မြေဈေးကွက်မှာ ယခုလဆန်းပိုင်းက ရန်ကုန်ဝယ် လက်များဆင်းလို့  ဈေးကွက် အတွင်း မြေလိုက်လံကြည့်ရှု ကာ ဈေးဆစ်မှုများ၊  ဈေးနှုန်းစကား ပြောဆိုမှုများ  ရှိခဲ့သော်လည်း အရောင်းအဝယ်   ကောင်း ကောင်း မဖြစ်ခဲ့ကြောင်း၊ ယခုတစ် ပတ်မှာ မန္တလေးမြေဈေးကွက်မှာ လုံး၀ အေးနေကြောင်း သိရပါ တယ်။

Friday, 30 Nov 2012

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားအဝင်များကာ ဈေးတန်းအေးမြဲအေး နေကြောင်း သိရသည်။ မြို့တွင်းရှိ ကားအမျိုးစုံရာဝိုင်းဖြစ်သည့် ဟံသာဝတီဝိုင်းတွင် ဖရီးပါမစ်သွင်း ကားအချို့နှင့် စလစ်အချို့သာ အရောင်းအဝယ်ရှိကြောင်း မြို့တွင်း မြို့နယ်စုံတွင်ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများမှာလည်း အရောင်းအေးနေ ကြောင်း သိရသည်။

Friday, 30 Nov 2012

ယခုရာသီချိန်ခါမှာ မူဆယ်-မန္တလေးကုန်စည်ပို့ဆောင်ရေး များပြားရပေမဲ့ လည်း ကုန်အတက် အဆင်းနည်းတဲ့အတွက် ကုန်အနည်းငယ်သာ သယ်ဆောင် နေကြကြောင်း သိရပါတယ်။

Monday, 26 Nov 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာကာလအတွင်း ဘိလပ်မြေအဝင်နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များမှာ  ရေလမ်းကုန်သွယ်မှုမှ ဘိလပ်မြေအဝင်က တစ်ပတ်ကို ပျမ်းမျှတန်ချိန် နှစ်သောင်း မှ သုံးသောင်းကျော်အ တွင်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှသာ တန်ချိန် သုံးထောင်ကျော် ဝင်ခဲ့တာကြောင့် ယခင်သီတင်းပတ်များနဲ့ ယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ တန်ဖိုးက ကန်ဒေါ်လာ နှစ်သိန်းရှစ်သောင်း ကျော်ဖိုးဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
ဘိလပ်မြေ တန် ၄၀၀၀ ကျော် နယ်စပ်မှအသွင်းရှိနိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၃၀ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၀၂၅ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက်တင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၄၉၂ တန်ကျော်၊ တာချီလိတ်မှ ၂၅၉၄ တန်၊ မြိတ်မှ တန် ၇၅၀ နဲ့ ကော့သောင်းမှ ၁၈၉ တန် အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
ဈေးကွက်အတွင်း ပုံမှန်လေးပဲရှိနေဆဲ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ပွင့်လင်းရာသီ ရောက် လာလို့ အရောင်းအဝယ်ရှိနေပေမဲ့ ဘိလပ်မြေဈေးက အတက်အကျ မရှိသေးဘဲ ယခင်တစ်ပတ်ဈေးနဲ့ ရောင်းနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအဝင် အထွက် ပုံမှန်ရှိနေတာကြောင့် ဈေးကလည်းငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ဘိလပ်မြေ  ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၄၆၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ် မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့  အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်တက်လာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲမှာအေသုံးလုံးဘိလပ်မြေကတက်ရိပ်အနည်းငယ်ရှိနေတယ် လို့ သိရပါ တယ်။ မြန်မာဆင်က တစ်ရာဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ကျပ်နဲ့မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ  ဘိလပ်မြေက  အရောင်းပုံမှန်ရှိတယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပွင့်လင်းရာသီ ရောက်လာပေမဲ့ မိုးကလည်း သိပ်မပြတ်သေးတာကြောင့် အရောင်းအဝယ်က ထင်သလောက် တက် မလာသေးဘူးလို့ပြောပါတယ်။ ပုံမှန်ရောင်းနေရပေမဲ့ဈေးက သိပ်အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) တစ်အိတ်ကို ၄၈၀၀ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို  ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဈေးကတော့ အပြောင်းအလဲမရှိဘူးလို ့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးကဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ၄၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ တော့ ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။MIRT (DOT)

Monday, 19 Nov 2012

ဆေးဈေးနှုန်းများမှာ တန်ဖိုးအလိုက် ကြီးမြင့်လာကြောင်း သိရပါတယ်။ ဆေးတစ်ဘူးကို သိန်းဂဏန်းတန်ဖိုး ရှိဆေးမှာ တစ်သောင်းကျော်မြင့်တက်လာပြီး၊ သောင်းဂဏန်းရှိဆေးမှာ တစ်သောင်းနီးပါး၊ ထောင်ဂဏန်းတန်ဖိုးရှိ ဆေးမှာ ရာဂဏန်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ အများဆုံးအသုံးပြုရတဲ့ နှလုံးဆေး၊ ကင်ဆာဆေးနဲ့ အသည်းဆေး များမှာ သောင်းဂဏန်းနီးပါး ဈေးမြင့်လာကြောင်း သိရပါတယ်။

Monday, 19 Nov 2012

မန္တလေးဓာတ်မြေသြဇာဈေးကွက်မှာ ယခုရက်ပိုင်း အရောင်းအေး၊ ဈေး အေးလာတယ်လို့သိရပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလများမှာ အရောင်းအေးလေ့ရှိပြီး၊ တရုတ်ထုတ် ဈေးနှုန်းများကတော့ အရောင်းအဝယ် အနေအထားထက် ကုမ္ပဏီဈေးအရ ဈေးအေးတာလို့သိရပါတယ်။ တရုတ်ထုတ် ယူရီး ယား (ရွှေတောင်)က တစ်အိတ်ကို ၁၈၅၀၀ ကျပ်၊ ပန်းဖူးတံဆိပ်တစ်အိတ် ၁၈၇၀၀ ကျပ်၊ တီစူပါ GTSP  ၄၆ ရာခိုင်နှုန်းက ၁၉၈၀၀ ကျပ်၊ GSSP ၁၆ ရာခိုင်နှုန်းက ၈၈၀၀ ကျပ်၊ GSSP ၁၂ ရာခိုင်နှုန်းက ၈၀၀၀ ကျပ်နဲ့ တရုတ်ထုတ် ယူရီးယား၊ တီစူပါအမျိုးအစားများတစ်အိတ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ် ဈေး လျော့လာပြီး ကွန်ပေါင်းဓာတ်မြေသြဇာကတော့ ဈေးငြိမ်နေတယ်လို့သိရပါ တယ်။                    သင်းသင်းအိ-မန္တလေး

Monday, 19 Nov 2012

စဉ်    အမျိုးအစား/MDL                အက္ခရာ           ဈေးနှုန်း      မှတ်ချက်
၁။    တိုယိုတာဘရီဗစ် (၂၀၀၁)        ၉ဃ            ၁၈၀ သိန်း    (၃.ဝ) ဓာတ်ဆီ၂။    တိုယိုတာအီလီယပ်  (၂၀၀၃)     ၁င            ၂၀၀ သိန်း    ၁.၅ ဓာတ်ဆီ   ၃။    နီဆန်းအေဒီဗင် (၂၀၀၇)          ၁င             ၁၂၅ သိန်း    ပုံပြောင်းဓာတ်ဆီ           ၄။    ဟာရီယာ (၉၉)                    ၇ဃ             ၁၈၀ သိန်း     ၃.၀ ဓာတ်ဆီ   ၅။    ကာဒီးနားဗင် (၂၀၀၁)           ၁င               ၁၈၅ သိန်း     ဒီဇယ်၆။    ကာဒီးနားစက်ရုပ် (၂၀၀၂)     ၉ဃ              ၂၀၀ သိန်း        ၇။    တိုယိုတာ (အစ်ဆန်) (၂၀၀၁) ၁င              ၂၂၀ သိန်း    ၂.၄ ဓာတ်ဆီ    ၈။    စူပါကပ်စတန် (၉၉)            ၉ဃ               ၂၂၅ သိန်း    ဒီဇယ်    ၉။    စူပါကပ်စတန် (၉၆)           ၉ဃ               ၁၈၀ သိန်း၁၀။    စူဇူကီး (R-)                  ၂ဂ                   ၆၀ သိန်း    CNG (2 WAY)

Monday, 19 Nov 2012

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သဇင်နွယ်မိသားစုကုမ္ပဏီမှ အေးခဲသရက်သီးစမ်းသပ်လုပ်ဆောင်ခဲ့ ရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရပါ တယ်။

သဇင်နွယ်မိသားစု ကုမ္ပဏီဒါရိုက်တာဖြစ်သူက "ဒီနှစ် သရက်သီး ရာသီမှာ တံတားဦးဒေသထွက် စိန်တလုံး နဲ့ ရွှေဟင်္သာသီးတွေကို စမ်းသပ် အေးခဲခဲ့တာ ခုဆို လေးလရှိပြီဆိုတော့ အောင်မြင်တယ်လို့ဆိုရမယ်။ အေးခဲ သရက်သီးကို အစေ့ထုတ်ပြီး၊ နည်းပညာအကူအညီနဲ့ပဲ ဆား၊ သကြားမပါ မူလအရသာအတိုင်းအေးခဲထားတယ်။ ဒီနှစ်မှာ နှစ်တန်ပဲ ထုတ်ထားတယ်။ အရသာက သရက်သီးခွဲစိတ်ပြီးစားရတဲ့အတိုင်း အရသာမပျက် ထုတ်ထားပါ တယ်။ တရုတ်ကုန်သည်ပြကြည့်တော့ တစ်လကို သုံးတန် ယူမယ်ပြောတဲ့ အတွက် ကိုယ့်ဘက်က ပေးဖို့အဆင် သင့်မဖြစ်သေးတဲ့အတွက် မပေးနိုင် သေးဘူး။ နောက်နှစ်ပေးနိုင်ဖို့တော့ ကြိုးစားသွားမယ်"လို့ ပြောပါတယ်။အေးခဲသရက်သီးများအား ဈေးကွက်ထုတ်ပြီး ရောင်းချခြင်းမရှိသေး သော်လည်း ဝယ်ယူလိုပါက သရက်သီး ခြောက်လုံးပါ တစ်အိတ်ကို (အစေ့ မပါ) ၃၀၀၀ ကျပ်နဲ့ သဇင်နွယ်ခြံ(တံတားဦးမြို့နယ်) မှာ ရောင်းချပေးမှာဖြစ် ကြောင်း၊ အအေးဆိုင်နဲ့ ရေခဲမုန့်ဆိုင်များအတွက် သရက်သီးဖျော်ရည်နဲ့ သရက်သီးရေခဲမုန့်များ အသုံးပြုဖို့ သင့်တော်ကြောင်း၊ မူလအတိုင်းစားသုံးလို့ လည်းရကြောင်း သိရပါတယ်။                    ဇူးဇူး-မန္တလေး
 

Monday, 19 Nov 2012

နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့မှာ တစ်လုံးတည်းသာရှိတဲံ့စေစပ ဟိုတယ် အက်ကွဲပျက်စီးခဲ့ပြီး  ၎င်းင်းနေ့မှာပင် ဟိုတယ်အား ပိတ်ထားခဲ့ရကြောင်း သိ ရပါတယ်။

Monday, 19 Nov 2012

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးဟိုတယ်ဇုန် စီမံကိန်းအား အကောင် အထည်ဖော်ဖို့ ယခုလ တတိယပတ် အတွင်း ကျေးရွာနှစ်ရွာအား ညှိနှိုင်းဆောင် ရွက်မှုပြုလုပ်ပြီဖြစ်ကြောင်း သိရပါတယ်။

Pages