Main menu

Background

Wednesday, 24 Oct 2012

မန္တလေးဈေးကွက်မှာ  စက်သုံးဆီ အရာင်းဆိုင်အချို့ ပိတ်သိမ်းရမှာဖြစ်လို့ တစ်ပတ်အတွင်း ဆီဈေး ကျဆင်းလာ ကြောင်း သိရပါတယ်။

Wednesday, 24 Oct 2012

ပြည်တွင်းသု့ိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တံဆိပ်စုံ၊ အမျိုးအစား စုံလင်စွာနဲ့ ဆင်တူယိုးမှား ဝင်လာခြင်းကြောင့် မိမိအသုံးပြုသည့်ပစ္စည်းအား ဈေး နှုန်းမေးမြန်းဝယ်ယူမည့်အစား ပစ္စည်းစမ်းသပ်စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း  Aung  Pyitan  Co.,Ltd ဒါရိုက်တာ ဦးကျော်သူက ပြောပါတယ်။

Wednesday, 24 Oct 2012

မန္တလေးမြေဈေးကွက်သို့ မြေဝယ်ယူရန် အမေရိကန်နဲ့ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လေ့လာမှုရှိနေကြောင်း သိရပါတယ်။

Wednesday, 24 Oct 2012

အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း ဘိလပ် မြေ တန်ချိန် ၅၅၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ငါး သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကိုတင်သွင်းခဲ့ပါတယ်။ ဆင် တံဆိပ် ၃၁၅ တန်၊ စိန်တံဆိပ် ၆၁၀၀ တန်နဲ့ အခြားဘိလပ်မြေ တန်ချိန် ၄၈၇၂၀ ကို မှာယူတင်သွင်းခဲ့ပါတယ်။ MIRT(DOT)

Monday, 15 Oct 2012

Air Asia  လေကြောင်းလိုင်းမှ မန္တလေးနဲ့ ဘန်ကောက်သို့ ပထမဆုံး တိုက်ရိုက်ပျံသန်းရန်လက်မှတ်အရောင်း စင်တာကို မန္တလေးမြို့ ၂၆ လမ်း (၇၈ နဲ့ ၇၉) လမ်းကြားမှာ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဘန် ကောက်သို့ တိုက်ရိုက်ပျံသန်းခြင်းကို ယခုလ ၄ ရက်မှာ စတင်ပျံသန်းခဲ့ရာ တစ်ခေါက်ကို ခရီးသည် ၁၃၀ ဝန်းကျင် လိုက်ပါမှုရှိပြီး စီးပွားရေးလုပ်ငန်းနဲ့ ကျန်း မာရေးအတွက် သွားရောက်မှု  များ ကြောင်း သိရပါတယ်။

Monday, 15 Oct 2012

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ မိကျောင်းတက်ကျေးရွာနဲ့ ဝဲကြီး ဆင်ရွာကြားမှာ အရှည်ဆုံး ကြိုးတံတား ကို သြစတြေးလျနိုင်ငံသား  Mr. Tony  မှ ယခုလ ၅ ရက်က  ကိုယ်တိုင် တည် ဆောက်လှူဒါန်းခဲ့ကြောင်း   သိရပါ တယ်။

Monday, 15 Oct 2012

စဉ်    အမျိုးအစား/MDL                         အက္ခရာ           ဈေးနှုန်း    မှတ်ချက်၁။    တိုယိုတာ ပရိုဘောက် (1.5)(2007)     ၉ဃ         ၁၃၀ သိန်း     ၂။    တိုယိုတာ ပရိုဘောက် (1.3)(2007)     ၅ဃ         ၁၃၃ သိန်း     ၃။    နီဆန်းအေဒီဗင် (2007)                   ၉ဃ         ၁၄၂ သိန်း     ပုံပြောင်း၄။    ကိုရိုလာဗင် (88)                            ၉က         ၁၀၅ သိန်း     ဒီဇယ်၅။    မတ်(ခ်)တူး (95)                            ၃ခ           ၁၃၅ သိန်း     ဒီဇယ်    ၆။    မတ်(ခ်)တူး (2001)                        ၁င           ၂၁၀ သိန်း     ဒီဇယ်    ၇။    စက်မှုဇုန် ဝက်ဂွန် (AMT)                ၈ဃ          ၁၀၀ သိန်း     ဓာတ်ဆီ    ၈။    တိုယိုတာ (ဝှရှ်) (WISH)                 ၅ဃ          ၂၂၀ သိန်း ၉။    ပရီမီယို ဆလွန်း (2002)                ၉ဃ             ၁၈၅ သိန်း    ၁၀။    ဒဂုံဂျစ် (စက်မှုဇုန်)                      ၈ဃ             ၅၀ သိန်း         

Monday, 15 Oct 2012

မန္တလေးမြို့ အဝင်အထွက်ရှိ တရား မဝင်ဆီဆိုင်များ ပိတ်သိမ်းရမှာ ဖြစ် ကြောင်းသိရပါတယ်။ မန္တလေးမြို့အဝင် အထွက်ရှိ အောင်ပင်လယ်မှာ ဆိုင်ခန်း ၈ ခန်း၊ ရွှေကျင်ရွာအထွက် ၅၇ ခန်း အား ယခုလ ၃ ရက်မှစပြီး နှစ်ပတ် အတွင်း ပိတ်သိမ်းရမှာဖြစ်ပါတယ်။

Monday, 15 Oct 2012

ရန်ကုန်မြို့ကားဈေးကွက်မှာ ယခုလလယ်ပိုင်းခန့်တွင် ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး ယခင်လကုန်ပိုင်းက အရောင်းအဝယ် ရှိခဲ့သည့် အင်ဂျင်ပါဝါကြီးကားများမှာ အဝယ်ကျဲသွားပြီး အင်ဂျင်ပါဝါသေး ကားများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း ကားဟောင်းဈေးကွက်နှင့် အပ်ကားဈေး ကွက်၊ စလစ်ဈေးကွက်မှာ ဈေးမြင့်နေဆဲဖြစ်ကြောင်း သိရသည်။

Sunday, 14 Oct 2012

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်တာကာလအတွင်း ဘိလပ် မြေ ၈၈၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ Diamond ဘိလပ်မြေ တန်ချိန် ၄၀၀၀ နဲ့ အခြား တံဆိပ်က ၄၈၁၅ တန်၊ တရုတ်နိုင်ငံမှ Spider  ဘိလပ်မြေ ၅၄ တန် အသီးသီး မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                 MIRT (DOT)

Pages