Background
မူဆယ်-မန်း ကုန်တင်ပို့ရာမှာ ယခုရက်ပိုင်း ကုန်ရရှိမှုနည်းခြင်းကြောင့် ကုန်တင်ဆောင်ခ ကျဆင်းလာကြောင်း၊ စက်တင်ဘာ ၁၁ ရက်မှာ အတက်ကုန်ဈေးတစ်ပိဿာ ၃၂ ကျပ်ထိကျဆင်းလာရာ အနိမ့်ဆုံးဈေးကို ကျဆင်းလာကြောင်း၊ အဆင်းကုန် ဈေးနှုန်းမှာ တစ်ပိဿာကို ၃၅ ကျပ်ကို ကျဆင်းလာကြောင်း သိရပါတယ်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းရှင်များအား ကားတင်သွင်းခွင့်ပြုခဲ့ သော်လည်းတွက်ခြေမကိုက်ခြင်းကြောင့် ပါမစ်ကိုင်ထားပြီး၊ မော်တော်ယာဉ် တင်သွင်းမှုမရှိကြောင်း သိရပါတယ်။
ယခုတစ်ပတ်ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် အေးနေ ကာ အပ်ကားများ အပ်နှံထပ်မံလက်ခံနေပြီဖြစ်သော်လည်း စလစ်ဈေးတန်း ထင်သလောက် မကျသေးကြောင်း သိရသည်။
ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်သီတင်းပထမပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်း ကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ က ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မောင်းတိန်း ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်တန်ချိန် စုစုပေါင်းက ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် လေးသောင်းကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ ဆူဇူကီး (R+) ၉ခ ၉၅ သိန်း ၂။ ဆူဇူကီး (R-) ၁ဂ ၇၅ သိန်း ၃။ စဆူဇူကီး (ဆွဖ်) (2007) ၃ဃ ၁၂၈ သိန်း ၄။ ဟွန်ဒါ (ဖစ်) (2007) ၂ဃ ၁၃၀ သိန်း ၅။ တိုယိုတာပရိုဘောက်ဗင် (2007) ၂ဃ ၁၃၅ သိန်း ၁ .၅ ၆။ နီဆန်းအေဒီဗင် (2007) ၃ဃ ၁၂၅ သိန်း ၇။ စူပါဆလွန်း (86) ဘ ၇၅ သိန်း ၈။ အက်(စ်)အီးဆလွန်း (85) သ ၇၅ သိန်း ၉။ အပ်ကား (ဟိုင်းလက်) ဗ ၇၃ သိန်း ၁၀။ တောင်းအေ့(စ်) (စက်မှုဇုန်) ၈ဇ ၁၀၀ သိန်း ၂၀၀၁ ပုဇင်းခေါင်း
ပုသိမ်မြို့ရဲ့ စီးပွားရေးကဏ္ဍမှာအရေးပါတဲ့ ပို့ဆောင်ရေးလုပ်ငန်းမှာ အဓိကထွက်ကုန် ဆန်၊ ဆန်ထွက်ပစ္စည်းများနဲ့ အမယ်စုံကုန်စည်များ ရန်ကုန်သို့တင်ပို့မှုဟာ ယခင်ဆန်တစ်အိတ် တန်ဆာခ ၅၀၀ ကျပ်၊ ၆၀၀ ကျပ်ရရှိပြီး၊ ကုန်တင်ကားများ မှာလည်း ဆန်အိတ်ရေ ၃၅၀-၄၀၀ ထိတင်ဆောင်ကာ အသွားတစ်ကြောင်းကို ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းအထက်ရရှိကာ တွက်ခြေကိုက်လျက်ရှိခဲ့ပါတယ်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ချေးငွေဌာနသည် မော်တော်ယာဉ်ဝယ်ယူသူများအား အငှားဝယ်ယူ ရောင်းချသောစနစ်ဖြင့် မော်တော်ယာဉ်ဝယ်ယူလိုသူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခင်က ငွေကြေးအာမခံရှိမှသာ မော်တော်ယာဉ်များအား ဝယ်ယူနိုင်သော်လည်း ယခုအခါ တွင် ငွေကြေးအာမခံမလိုဘဲ မည်သူ မဆို ဝယ်ယူနိုင်ကြပြီဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံအာမခံထားရှိပေးရမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလဆန်းပိုင်း ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်အေးနေပြီး ယာဉ်အို/ဟောင်း အပ်နှံယာဉ်များနှင့် လေလံယာဉ် များသာ အဝယ်ရှိနေကြောင်းသိရသည်။
မန္တလေးမြို့တွင်း ခရီးသည်များ သယ် ယူပို့ဆောင်ရေးအတွက် အောက်တို ဘာလမှစပြီး တရုတ်နိုင်ငံထုတ် အဆင့် မြင့်သုံးဘီး Taxi ယာဉ်များနဲ့ ပြေးဆွဲ မှာဖြစ်ကြောင်း သိရပါတယ်။
ဘိလပ်မြေတန်ချိန် ခြောက်သောင်းနီးပါးဝင်
ပြည်တွင်းကို သြဂုတ်လနောက်ဆုံးပတ်အတွင်း ဘိလပ်မြေတန်ချိန် ၅၉၇၀၀ ဒသမ ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင် လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာ ပူမှ ဘိလပ်မြေ ၄၇၈၄ ဒသမ ၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၄၉၁၅ ဒသမ ၃၅ တန်ဖြစ်ပါတယ်။ သြဂုတ်လအတွင်း တစ်ပတ်ကို ပျမ်းမျှဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသောင်းလေးေ ထာင်ကျော် ရှိတယ်လို့ သိရပါတယ်။