Background
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကုလားပဲ ကို ရန်ကုန်အဆွဲအေး လို့ ဈေးအနည်းငယ်ကျလာသလို ပဲတီစိမ်းနဲ့ ပြောင်းကိုလည်း တရုတ်ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေတယ်လို့ ပွဲရုံရပ်ကွက်မှဆိုပါ တယ်။
ပြည်ဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့အရောင်း အဝယ်များခဲ့တဲ့ မတ်ပဲ ကဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အား ပါအနည်းငယ်လျော့လာ တာကြောင့် တစ်ပိဿာကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဈေးကွက်ထဲ ဝင်လာတဲ့ ရေသွင်းပြောင်းသစ်တွေက အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိခဲ့ပြီး အသစ်နဲ့ စာရင် လက်ကျန်ပြောင်းအဟောင်းကိုသာ အဆွဲများခဲ့တယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ရေသွင်းပြောင်းသစ်တစ်ပိဿာ ၄၅၀ ကျပ်ဈေးနဲ့ ပိဿာချိန်အနည်းငယ်ခန့်ဖြစ်ခဲ့သလို လက်ကျန် ပြောင်း(ဟောင်း) တစ်ပိဿာ ၅၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ဟင်္သာတဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာ ၉၂၀ ကျပ် (တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်း ဈေးကျနေတဲ့အပေါ်အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၆၄၅၀၂၇ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၁၀၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီတစ်မျိုးတည်းသာ အောက်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကဈေးသာ ရှိပြီး အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် ကဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် တစ် ပိဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
* ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ မတ်ပဲ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်းလာ * ပဲစင်းငုံနီက ဈေးကွက်တိုင်းမှာ ကျဈေးနဲ့ ပြန်လည် အရောင်းအဝယ်ဖြစ်လာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေ ဝယ်အားနည်းလို့ ဈေးကျ * ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး အဝယ်ရှိနေ * နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ * ပြောင်းကို တရုတ်အဆွဲ နည်းလာသလို ဒေသတွင်း ပစ္စည်းလက်ကျန်လည်း နည်းလာ
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကအောက်ဈေးနဲ့ ပုံမှန်အဝယ်ရှိနေ သလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန် ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ် လို့သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုရန်ကုန်အဆွဲနည်းပြီး မြို့ခံခွဲစက်တွေက ဝယ်အား အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိ ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်များနဲ့ ရန်ကုန် ဝယ်လက်အချို့ ဝယ်အားအသင့်အတင့်သာရှိခဲ့တယ်လို့ဆို ပါတယ်။ ပဲတီစိမ်းကတော့ ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်ကတော့ အေး နေဆဲဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးညံ့တာကို အကြော င်းပြပြီး ဈေး လျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။
မူဆယ်ဈေးကွက်မှာ ယခင်အပတ်က အရောင်းအဝယ်သွက် ခဲ့တဲ့ပြောင်းက ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အဝယ်အနည်း ငယ်လျော့သွားသလို ရောင်းသူကုန်သည်များကလည်း ပြောင်းသစ် မပေါ်မီစပ်ကြားလက်ကျန်ပြောင်း ကိုသာထုတ်ရောင်းမှုတွေရှိနေတယ် လို့ ဆိုပါတယ်။ ပြောင်းသစ်က စက်တင်ဘာလလောက်မှာ ဈေးကွက် ထဲဝင်လာမှာဖြစ်တဲ့အတွက် တရုတ်ဘက်က လက်ကျန်ပြောင်းကို ထိန်းဝယ်နေတဲ့သဘောဖြစ်လို့ အရောင်းအ၀ ယ်ဖြစ်မှုပမာဏတွေ လျော့ကျသွားတာလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ်စပို့အဆွဲ အနည်းငယ်ေ လျာ့ပြီး ပြည်တွင်းကုန်သည်တွေ အချင်းချင်းသာ အရောင်းအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အနည်းငယ်ကျနေတယ်လို့ သိရပါတယ်။