Main menu

Background

Tuesday, 21 Jun 2011

ခဲျလ်ဆီးနောက်ခံလူ အဲလက်စ်ကို ခေါ်ယူရန် ဘေယန်မြူးနစ်အသင်း စိတ်ဝင်စားနေ                    ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ဘေယန်မြူးနစ်အသင်းသည် ခဲျလ်ဆီး နောက်ခံလူ အဲလက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် မန်စီတီးနောက်ခံလူ ဘိုတန်ကို ခေါ်ယူရန်  ကြိုးစား ခဲ့သော်လည်း ပြောင်းရွှေ့ကြေး ကိစ္စ ညှိနှိုင်း၍ မရသဖြင့်ပျက်ပြယ်ခဲ့ရ ပြီးနောက် အဲလက်စ်ကိုခေါ်ယူရန်ကြိုး စားနေခြင်းဖြစ်ကြောင်း သိရသည်။                        ခဲျလ်ဆီးအသင်းအနေဖြင့် အဲလက်စ်ကို ရောင်းထုတ်ပါက အသင်း၏ စီနီယာနောက်ခံကစားသမားများဖြစ် သည့် ဂျွန်တယ်ရီ၊ အိုင်ဗန်နိုဗစ်နှင့် ဒေးဗစ်လူးဝစ်တို့အတွက် အခက်အခဲများ နှင့်ကြုံတွေ့ရမည်ဖြစ်ကြောင်း သတင်း များက ရေးသားဖော်ပြထားကြသည်။                       ခဲျလ်ဆီးအသင်းသည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလက ပေါင် ၇၁သန်းကို အသုံးပြုကာ နောက် ခံလူ ဒေးဗစ်လူးဝစ်နှင့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်တို့ကို ခေါ်ယူထားခဲ့သည်။ အဲလက်စ်သည် ၂ဝဝ၄ခုနှစ်က တည်းက ခဲျလ်ဆီးအသင်းသို့ပြောင်းရွှေ့ ခဲ့သော်လည်း ဘရာဇီးနိုင်ငံအသင်းအတွက် ပွဲချိန်ပြည့်ဝင်ရောက်ကစားခွင့် မရရှိခဲ့သဖြင့် ပီအက်စ်ဗွီအိုင်ဟိုဗန်အ သင်းသို့ အငှားစနစ်ဖြင့် သွားရောက် ကစားခဲ့ရသည်။                      အဲလက်စ်သည် ပီအက်စ်ဗွီအိုင်ဟို ဗန်အသင်းအတွက် ဟော်လန်လိဂ် ဖလားသုံးခုကို ရယူပေးခဲ့ပြီး ၂ဝဝ၇ခု နှစ်တွင်ခဲျလ်ဆီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

Tuesday, 21 Jun 2011

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ဒေးဗစ်ဟေး လာမည့်အောက်တိုဘာလမှစ၍ အနားယူတော့မည်                 ဒဗလျူဘီအေ ဟဲဗီးဝိတ်လက်ဝှေ့ ချန်ပီယံ ဗြိတိန်နိုင်ငံသား ဒေးဗစ် ဟေးသည် လာမည့်အောက်တို ဘာလမှစ၍ လက်ဝှေ့လောက မှ အနားယူတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒေးဗစ်ဟေးသည် လာမည့်ဇူလိုင် လ ၂ရက် တွင် အိုင်ဘီအက်ဖ်နှင့်ဒဗလျူဘီအိုချန်ပီယံ ဝလာဒီမာကလစ်ချ် ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်စီစဉ်ထား ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲမတိုင်မီက ဒေးဗစ်ဟေးသည် ဝလာဒီမာ ကလစ်ချ်ကို၏အစ်ကိုဖြစ်သူ ဗလာဒီမာ ကလစ်ချ်ကိုနှင့်ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ဗလာဒီမာ၏ကျန်းမာရေးအခြေ အနေကြောင့် ပွဲပျက်ခဲ့ရသည်။     အနားယူမည့်ကိစ္စနှင့်ပတ်သက်၍ဒေးဗစ်ဟေးက ''ကျွန်တော်အသက် ၃ဝရောက်ရင် အနားယူတော့ မယ်လို့ ကြေညာထားပြီးသားပါ။ ဒီဇူလိုင်လ ၂ ရက်နေ့ ဝလာဒီမာနဲ့ပွဲဟာ ကျွန်တော့် အတွက် နောက်ဆုံးပွဲပါ။ ကျွန်တော် ဟာ လက်ဝှေ့လောကကို အနိုင်နဲ့ပဲ ထွက်သွားချင်ပါတယ်။ အောက်တိုဘာ လ ၁၃ရက်နေ့ဟာ ကျွန်တော် အသက် ၃ဝပြည့်တဲ့နေ့ပါ။ ဒါကြောင့် ကျွန်တော် ဒီပွဲမှာ အောင်မြင်ရမယ်။အနိုင် ရအောင် လည်း ယှဉ်ပြိုင်မှာပါ''ဟု ပြောကြားသွားခဲ့သည်။                       ဒေးဗစ်ဟေးသည် အသက် ၂၂ နှစ်အရွယ် ၂ဝဝ၂ခုနှစ်မှ စ၍ ကြေးစား လက်ဝှေ့လောကသို့ ဝင်ရောက်လာခဲ့ ပြီး ၁ဝနှစ်အတွင်း ပွဲပေါင်း ၂၅ပွဲကစား ခဲ့ရာ တစ်ပွဲသာ ရှုံးခဲ့ဖူးသူဖြစ်သည်။ သူ သည် ဒဗလျူဘီအေဟဲဗီးဝိတ်ချန်ပီယံ သရဖူကို ၂ဝဝ၉ခုနှစ်တွင် ရုရှားလူမျိုး နီကိုလေဗာလော့ပ်နှင့်ယှဉ်ပြိုင်ထိုးသတ် ပြီး ရရှိခဲ့ခြင်းဖြစ်သည်။

Tuesday, 7 Jun 2011

သရဖူ ကာကွယ်ပွဲအဖြစ် ခန်းနှင့် ဂျုဒက်ရှ်တို့ ထိုးသတ်ဦးမည်         ဒဗလျူဘီအေလက်ဝှေ့သရဖူကာ ကွယ်ပွဲအဖြစ်ဝဲလ်တာဝိတ်တန်းချန်ပီယံ အေမီခန်းသည် အိုင်ဘီအက်ဖ်ချန်ပီယံ ဇက်ဘ်ဂုျဒက်ရှ်တို့၏ ယှဉ်ပြိုင်ထိုးသတ်ပွဲကို လာမည့် ဇူလိုင်လ ၂၃ရက်နေ့တွင် လက်စ်ဗေးဂတ်စ်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။    ဗြိတိန်လက်ဝှေ့အကျော်အမော် တစ်ဦးဖြစ်သူ အေမီခန်းသည် ပြီးခဲ့သည့် ဧပြီလကပေါလ်မက်ကလိုဆေးကိုအနိုင် ရခဲ့ပြီးနောက် တင်မိုသီဘလိတ်လေနှင့် အီရစ်မိုရေးတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ပွဲစီစဉ်သူ မှ ယခု ဂျုဒက်နှင့်ပွဲကို ကျင်းပရန်စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    ခန်း၏တွစ်တာဝက်ဘ်ဆိုက်တွင် ခန်းနှင့်ဂျုဒက်တို့၏ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးဘေးဟိုတယ်တွင် ကျင်းပမည်ဟု ရေးသားထားသည်ကို ခန်းက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အသက် ၃၃နှစ်အရွယ်ရှိ ဂျုဒက် သည် အိုင်ဘီအက်ဖ် သရဖူကာကွယ်ပွဲ အဖြစ် ပြီးခဲ့သည့် မတ်လက မာဘူဇာ နှင့် ထိုးသတ်ခဲ့ရာ အနိုင်ရခဲ့ပြီးနောက် ခန်းနှင့်ထိုးသတ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။     ဂျုဒက်ကလည်း၎င်း၏တွစ်တာ ဝက်ဘ်ဆိုက်တွင် ဇူလိုင်လ ၂၃ရက်နေ့ မှာ ခြောက်ကြိမ်မြောက်ချန်ပီယံကို မြင် ချင်ရင် လတ်စ်ဗေးဂတ်စ်သို့ ြွကလှမ်းခဲ့ ပါဟုဖိတ်ခေါ်ထားကြောင်း သိရသည်။

Tuesday, 7 Jun 2011

ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ရှီရာဗွန်းနှင့်လီနာတို့ ထိပ်တိုက်တွေ့ဆုံ                ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် အီတလီနိုင်ငံမှ ဖရန် စီကာရှီရာဗွန်းနှင့် တရုတ်နိုင်ငံမှ လီနာ တို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။       အဆိုပါပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲ စဉ်များတွင် အီတလီနိုင်ငံမှ တင်းနစ် ချန်ပီယံ ရှီရာဗွန်းသည် ပြင်သစ်နိုင်ငံသူ ဘာတိုလီကို ၆-၃၊ ၆-၃ နှစ်ပွဲပြတ် ဖြင့်အနိုင်ယူကဗိုလ်လုပွဲသို့တက်ရောက် ခဲ့ခြင်းဖြစ်သည်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ တင်းနစ်ချန်ပီယံ လီနာက မာရီယာရှာရာပိုဗာကို ၆-၄၊ ၇-၅ နှစ်ပွဲပြတ်ဖြင့် အနိုင်ယူက ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ လီနှင့်ရှာရာပိုဗာတို့ပွဲစဉ်တွင် ရှာရာပိုဗာသည် ပွဲစဉ်တစ်လျှောက်လုံး အမှားပေါင်းများစွာကိုပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှာရာပိုဗာသည်မြေစေးကွင်း ၌ ကျင်းပခဲ့သည့်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာဟောင်းကြောင့် မကြာခဏဆို သလို အမှားများကိုကျူးလွန်ခဲ့မှုကြောင့် ယခုကဲ့သို့ နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။     လီက ''ကျွန်မ မာရီယာကို လွယ် လွယ်နဲ့အနိုင်ရလိမ့်မယ်လို့ ထင်မထားပါဘူး။ ကျွန်မကိုယ်ကျွန်မတောင် မယုံနိုင်လောက်အောင်ပါပဲ။ ဗိုလ်လုပွဲမှာ လည်း အကောင်းဆုံးဖြစ်အောင် ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

Tuesday, 7 Jun 2011

မန်ယူတွင်သာ နေလိုသည်ဟု ပြောကြားအပြီး မန်ယူနှင့် အိုဝင် စာချုပ်သစ်ချုပ်ဆို             ဒဏ်ရာများ ရရှိနေမှုနှင့် ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် အရန်ခုံတန်း တွင်သာ အချိန်ပြည့်ထိုင်နေခဲ့ရသည့် မန်ယူအသင်း၏ တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ၎င်းအနေဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းတွင်သာဆက်လက် နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ မိုက်ကယ်အိုဝင်က''ကျွန်တော် မန်ယူမှာ နေရတဲ့အချိန်တိုင်းကို မြတ်နိုး တယ်။ ကျွန်တော်တို့အသင်းမှာ ကစား သမားကောင်းတွေ၊ဝန်ထမ်းကောင်းတွေ၊ နည်းပြကောင်းတွေ၊ ပရိသတ်ကောင်း တွေ အများကြီးရှိတယ်။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်နေချင်တယ်''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ဖွင့်ဟပြောကြားခဲ့ပြီးနောက် မန်ယူနည်းပြဖာဂူဆန်က မိုက်ကယ်အို ဝင်အား နောက်ထပ်တစ်နှစ်သက်တမ်း ရှိစာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အသက် ၃၁နှစ်အရွယ်ရှိမိုက်ကယ် အိုဝင်သည် နယူးကာဆယ်အသင်းမှ ၂ဝဝ၉ခုနှစ် ဇူလိုင်လ အပြောင်းအရွှေ့ ကာလတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အိုဝင်သည် လီဗာပူးအသင်း၏ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်း ရွှေ့ကစားခဲ့ခြင်းဖြစ်သည်။          ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်ခွင့်မရခဲ့သည့်အိုဝင်အား မန်ယူ နည်းပြဖာဂူဆန်က နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း တွင်လည်း ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် အရန်ခုံတန်းတွင်သာ နေခဲ့ရချိန်များပြီး ပွဲထွက်ခွင့်အနည်းငယ်သာ ရခဲ့သည်။     အိုဝင်သည်မန်ယူအသင်းအတွက် ၄၈ ပွဲသာကစားပေးနိုင်ခဲ့ပြီး ၃၃ ပွဲမှာ အရန်ခုံတန်းတွင်သာ ထိုင်နေခဲ့ရသည်။ မန်ယူသို့ရောက်သည့်အချိန်မှ ယနေ့အ ထိ အသင်းအတွက် ၁၄ ဂိုးသာ သွင်းယူ ပေးနိုင်ခဲ့သည်။ အိုဝင်သည် ပရီးမီးယား လိဂ်နောက်ဆုံးပွဲစဉ် ဘလက်ပူးလ်နှင့် ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း အိုဝင်သည် အရန်ခုံတန်းတွင်သာထိုင် နေခဲ့ရပြီး ပွဲထွက်ခွင့်မရခဲ့ပေ။

Tuesday, 7 Jun 2011

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ကြိုးပမ်းခဲ့မှုအတွက် အရေးယူမှုများပြုလုပ်မည် မဟုတ်ဟု ဘလတ္တာဆို          ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို နောက်ထပ် လေးနှစ်သက်တမ်းတာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည့် ဆပ်ဘလတ္တာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၎င်းအား မဲပေးရန်ငြင်းဆန်ခဲ့ခြင်းအတွက် အရေးယူမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။    ဇူးရစ်မြို့တွင်ပြုလုပ်ခဲ့သည့်ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် ဖီဖာ ဥက္ကဋ္ဌရာထူးအတွက် မဲပေးရွေးချယ်ခဲ့ ရာတွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန်တောင်း ဆိုခဲ့ပြီး မဲပေးရန်ငြင်းဆန်ခဲ့ကြောင်း သိရသည်။     အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘလတ္တာက ''ကျွန်တော့်ကို မဲမပေးတဲ့အတွက် ဘယ်လိုမှ မခံစားရပါဘူး။ နိုင်ငံတိုင်းမှာရှိတဲ့ ဘောလုံးအသင်းတွေ အတွက် ကျွန်တော် အလုပ်လုပ်သွား မှာပါ။ ၁၈၆မဲရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)အနေနဲ့လည်း ဒီ ရွေးကောက်ပွဲကို အက်ဖ်အေက လက်ခံ ယုံကြည်လာဖို့ အထူးအစည်းအဝေး တွေ ခေါ်ယူကျင်းပခဲ့တာကို ကျွန်တော် သိပါတယ်''ဟု ပြောကြားခဲ့သည်။ ဖီဖာဥက္ကဋ္ဌရာထူးအတွက် ယခင် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဘင်ဟာမန်းလည်း ဝင်ရောက်ရွေး ချယ်ခံနိုင်ရန် ကြိုးစားခဲ့သော်လည်း ၂ဝ၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လာဘ်စားမှုများရှိသည်ဟူ သည့်စွပ်စွဲချက်များကြောင့် ရွေးကောက် ပွဲမှ စောစီးစွာ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။

Tuesday, 9 Feb 2010

   သြစီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ဖိုင် နယ်ပွဲစဉ်မှာ အမေရိကန်နိုင်ငံရဲ့ တင်း နစ်ချန်ပီယံ ဆီရီနာဝီလံျနဲ့ ဘယ်လ်ဂျီယံ ရဲ့တင်းနစ်ချန်ပီယံ ဂျပ်စတင်းဟေနင် တို့ ထိပ်တိုက်ရင်ဆိုင် တွေ့ကြတော့မှာ ဖြစ်ပါတယ်။   ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆီရီနာဝီလံျ ဟာ အစ်မဖြစ်သူ ဗီးနပ်စ်ဝီလံျကို အနိုင် ယူခဲ့တဲ့ တရုတ်နိုင်ငံရဲ့ တင်းနစ်မယ် နိုင် ခြေအဆင့် ၁၆အဖြစ် သတ်မှတ်ခြင်းခံ ထားရတဲ့ လီနာနဲ့တွေ့ဆုံခဲ့ပြီးဂျပ်စတင်း ဟေနင်ဟာလည်း နိုင်ခြေအဆင့်သတ် မှတ်ခြင်း မခံရတဲ့ တရုတ်နိုင်ငံရဲ့ တင်း နစ်မယ် ဇောင်ချီနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရ တာဖြစ်ပါတယ်။   ဆီရီနာဝီလံျဟာ လီနာကို ခက် ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆီ ရီနာဟာ လီနာကို ၇-၆၊ ၇-၄၊ ၇-၆၊ ၇-၁၊ လေးပွဲတစ်ပွဲနဲ့ အနိုင်ယူခဲ့တာပါ။ ဟေနင်ဟာလည်း ဇောင်ချီကို ၆-၁၊  ၆-ဝ နှစ်ပွဲပြတ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါ တယ်။ ဒီပွဲဟာ ဟေနင်အတွက် ချန်ပီယံဆုကို ကာကွယ်ရမယ့်ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Tuesday, 9 Feb 2010

   အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ထိုးသတ်ခဲ့တဲ့ လက်ရှိချန်ပီယံအမေရိကန် လက်ဝှေ့ကျော် လူရီဗာနိုနဲ့ ပွာတိုရီကို နိုင်ငံသား လက်ဝှေ့ကျော် မန်နျူရယ်လိုပက်ဇ်တို့ရဲ့ပွဲမှာ မန်နျူရယ်လို ပက်ဇ်က ဒဗလျူတီအိုဖယ်သာ ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ အနိုင်ရရှိသွားခဲ့ပါတယ်။   မန်နျူရယ်လိုပက်ဇ်ဟာ ဒဗလျူတီအို စူပါဘင်တန်ဝိတ်တန်းချန်ပီယံ ဟောင်းတစ်ဦးဖြစ်ပြီး၊ဖယ်သာဝိတ်တန်း သို့ တန်းတက်ထိုး ခြင်းဖြစ်ပါတယ်။ ဒီပွဲဟာ လိုပက်ဇ်ရဲ့ဖယ်သာဝိတ်တန်းပထမ ဆုံးပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲမှာ လိုပက်ဇ်ဟာ လူရီဗာနိုကို ဘယ်ညာ လက်သီးတွဲလုံးတွေနဲ့ အဆက်မပြတ် ထိုးသတ်ခဲ့ရာ ၅ ချီမြောက်မှာ ပြိုင်ဖက် လူရီဗာနို အလူးအလဲခံနေရပြီး ၇ ချီ မြောက်မှာလူရီဗာနိုဟာဘယ်ဘက်မျက် လုံးအောက်ကွဲခဲ့ပြီး နှာခေါင်းမှလည်း သွေးများယိုစီးလာတာကြောင့် လိုပက်ဇ် ကို အရှုံး ပေးလိုက်ရပါတော့တယ်။   လိုပက်ဇ်ဟာလက်ဝှေ့ကစားသမား ဘဝတစ်လျှောက် ၂၈ ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိဘဲ ပွဲတိုင်းအနိုင်ရထားတဲ့သူ တစ်ဦးဖြစ် ပါတယ်။ ဒဗလျူတီအိုဖယ်သာဝိတ်တန်းချန်ပီယံဘွဲ့ကို ပူပူနွေးနွေး ရရှိထားတဲ့လိုပက်ဇ်ဟာ ပထမဦးဆုံး ချန်ပီယံသရဖူကာကွယ်ပွဲ အဖြစ် ကျူးဘားမှ ဂမ်ဘိုအာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရဖွယ် ရှိကြောင်း သုံးသပ်လျက်ရှိကြပါတယ်။

Tuesday, 9 Feb 2010

    ကာလင်းဖလားဆီမီးဖိုင်နယ်၊ ဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာမန်ချက်စတာ  စီးတီးအသင်းကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ဂိုး၃ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။   မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့မန်စီးတီးတို့ပွဲစဉ်ရဲ့ ပထမ အကျော့ပွဲစဉ်မှာ မန်ယူဟာမန်စီးတီးကို ၁-၂ နဲ့ရှုံးခဲ့တာကြောင့် ဒီပွဲဟာနှစ်သင်း  စလုံးအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ ပါတယ်။ သရေကျရင်တောင်မှ ဖိုင်နယ် တက်နိုင်တဲ့အခွင့်အရေးရှိပေမယ့် မန်စီးတီးအသင်းအနေနဲ့မန်ယူရဲ့လူစုံတက် စုံနဲ့ ရွက်လွှင့်သွားခဲ့တဲ့တိုက်စစ်ကို မခံနိုင်တာကြောင့် ရှုံးခဲ့ရတာပဲဖြစ်ပါတယ်။   မန်ယူအတွက် အနိုင်ဂိုးတွေကို ၅၂မိနစ်မှာ ပေါလ်စခိုးကသွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကို မိုက်ကယ်ကာရစ်က ၇၁မိ နစ်မှာ သွင်းယူ ပေးခဲ့တာပါ။ ပွဲသိမ်းဂိုးနဲ့ အနိုင်ဂိုးတစ်လုံးကိုတော့ နောက်ဆုံးပွဲ ချိန် ၉၂မိနစ်မှာ ဝိန်းရွန်နီက သွင်းယူ ပေးခဲ့တဲ့အတွက် မန်ယူဟာ ကားလင်း ဖလား ဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ကာလင်းဖလား ဗိုလ်လုပွဲကို လာ မယ့်ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မန်ယူနဲ့ အက်စတန်ဗီလာတို့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။

Tuesday, 9 Feb 2010

   ဆုကြေးငွေအမြင့်မားဆုံးပေးမယ့် စတန်းဒက်ချာတာဒူဘိုင်းမာရသွန်ပြိုင် ပွဲကို ယူအေအီးနိုင်ငံမှာ ကျင်းပခဲ့ရာမှာ အီသီယိုးပီးယား နိုင်ငံမှ ဟိုင်လီဂါဘရာ စီလက်စ်ကစံချိန် ၂ နာရီ ၆ မိနစ်  ၉ စက္ကန့်နဲ့ပန်းဝင်ပြီး အနိုင်ရဗိုလ်စွဲခဲ့ပါ တယ်။   ဟိုင်လီဟာ ဆုကြေးငွေအမေရိ ကန်ဒေါ်လာနှစ်သန်းအပြင်အပိုဆုကြေး ငွေအဖြစ် ဒေါ်လာတစ်သန်း ထပ် ဆောင်းကာဆုကြေးငွေ ဒေါ်လာသုံးသန်း ကို ရယူနိုင်ခဲ့ပါတယ်။အခုပွဲမှာ ဗိုလ်စွဲခဲ့ တဲ့ဟိုင်လီဟာ ကမ္ဘာ့စံချိန်ဖြစ်တဲ့၂နာရီ ၃မိနစ်၅၉စက္ကန့်စံချိန်ကိုမချိုး နိုင်ခဲ့ ပါဘူး။   ဒုတိယရရှိခဲ့တဲ့ သူ့ရဲ့ပြိုင်ဘက် ဖြစ်တဲ့ ချာလာဒီချက်စ်ဘီယန်းက စံချိန် ၂ နာရီ ၆ မိနစ် ၃၃ စက္ကန့်၊ အီသီယိုး ပီးယားနိုင်ငံသား အီရှီတုက စံချိန် ၂ နာရီ ၆ မိနစ် ၄၆ စက္ကန့်နဲ့ တတိယရ ရှိခဲ့ပါတယ်။   အမျိုးသမီးပွဲစဉ်မှာအီသီယိုးပီးယား ရဲ့ မာမိတုဒါစကာက ၂ နာရီ ၂၄ မိနစ် ၁ဝ စက္ကန့်နဲ့ပထမရရှိပြီး၊ အီသီယိုးပီး ယားမှ အာဘာရူရှီဝါရီက ၂ နာရီ ၂၄ မိနစ် ၁၈ စက္ကန့်နဲ့ဒုတိယ၊ ကင်ညာ နိုင်ငံ မှ ဟယ်လီနာကီဖရော့က ၂ နာရီ ၂၄ မိနစ် ၅၄ စက္ကန့်နဲ့ တတိယအသီးသီး ရရှိခဲ့ကြပါတယ်။အဲဒီမာရသွန်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ဝဝဝ ကျော်ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

Pages