Main menu

Background

Saturday, 16 Jan 2010

   ဘဏ္ဍာရေးအခက်အခဲပြဿနာများနဲ့ ကြုံတွေ့နေရတဲ့ ပရီးမီးယားလိဂ်ပြိူင်ပွဲဝင် ပို့စ်မောက်အသင်းရဲ့လက်ရှိ  အခက်အခဲကို ပြေလည်စေရန်အတွက် အင်္ဂလန်ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ပို့စ်မောက်အသင်းနောက်ဆုံးရရန်ရှိတဲ့ ရုပ်သံငွေခွဲတမ်းကို ကြိုတင် ပေးချေသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

Saturday, 16 Jan 2010

   ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်၊ ၃ ရက်နေ့က ကစားရန်စီစဉ်ထားတဲ့ ကာလင်းဖလားဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ် (၂)ပွဲဖြစ်တဲ့ ဗီလာ-ဘလက်ဘန်းပွဲစဉ်နဲ့ မန်စီတီး-မန်ယူတို့ရဲ့ပွဲစဉ်များကို ရေခဲမှတ်အောက်ကျဆင်းနေတဲ့ ရာသီဥတုဆိုးရွားမှုကြောင့် ပွဲစဉ်များ ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Monday, 11 Jan 2010

   အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)ပွဲအပြီးမှာရလဒ်များကောင်းမွန်လျက်ရှိတဲ့ ဖူလ်ဟမ်အသင်းဟာနည်းပြ ရွိုင်ဟော့ဆန်ကို စာချုပ်သက်တမ်းတစ် နှစ်ထပ်မံတိုးမြှင့်လိုက်ပါတယ်။

Monday, 11 Jan 2010

   အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲဝင်  LA ဂလက်ဆီအသင်းရဲ့ ကွင်းလယ် ကစားသမား ဘက်ခမ်ဟာ အီတလီစီး ရီးအေရဲ့ အေစီ မီလန်အသင်းကို အငှား စာခုျပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါ တယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဇန်နဝါရီ လ ၆ ရက်နေ့မှာ ကစားမယ့် ဂျီနိုအာနဲ့ ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

Monday, 11 Jan 2010

   ဗြိတိန်အစိုးရက ပို့စ်မောက် အသင်းအနေဖြင့် သတ်မှတ်ထားသော ကာလအတွင်းပေးဆပ်ရန်ရှိတဲ့အခွန်ငွေ များအားပေး ဆောင်ခြင်း မရှိပါကဒေဝါ လီခံရမည်ဟု သတိပေးခဲ့ပါတယ်။ အ ကယ်၍ ဒေဝါလီခံခဲ့ရပါက ပို့စ်မောက် အသင်းဟာ ပရီးမီးယား လိဂ်ဟုအမည် ပြောင်းပြီးသည့်နောက်ပိုင်းမှာပထမဆုံးအကြိမ်ဒေဝါလီခံခဲ့ရတဲ့ ကလပ်အသင်း တစ်သင်းအဖြစ်မှတ်တမ်းဝင် သွားနိုင်ပါ တယ်။

Monday, 11 Jan 2010

   ဆားဗီးယားတင်းနစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျိုကိုဗစ်ဟာ အပိုင်း(၁ဝ) ပိုင်း ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင် ရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

Monday, 11 Jan 2010

   ပရီးမီးယားလိဂ်ပွဲစဉ်နောက်ဆုံး (၇) ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့တဲ့ခဲျလ်ဆီး အသင်းဟာ အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ ပေမယ့် ပရီးမီး ယားလိဂ်ချန်ပီယံ ဖြစ်နိုင်ဖို့အတွက် ဖိအားတွေစတင်ခံစားနေရပြီဖြစ်ကြောင်း ခဲျလ်ဆီးနည်းပြ အန်ဆလော့တီက ဝန်ခံ ပြောကြားလိုက်ပါတယ်။

Friday, 8 Jan 2010

   ဆားဗီးယားအလှဘုရင်မလည်း ဖြစ်၊ တင်းနစ်အကျော်အမော်တစ်ဦး လည်းဖြစ်တဲ့ အိုင်ဗန်နိုဗစ်က လာမယ့် ၂ဝ၁ဝ ခုနှစ်မှာ လည်း အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၂၂နှစ်သာရှိသေးတဲ့ အိုင်ဗန်နိုဗစ်ဟာ လာမယ့်ပြိုင်ပွဲများအတွက် အကောင်းဆုံးလေ့ကျင့်မှုများပြုလုပ်ကာ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရပါ တယ်။

Thursday, 2 Jul 2009

ဇူလိုင်လထဲမှာ ကျင်းပတော့မယ့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကနေ ပြင်သစ်နိုင်ငံသား တင်းနစ် ကစားသမား ဂါးလ်မွန်ဖီးလ်စ် ဟာ လက်ကောက်ဝတ် ဒဏ်ရာရနေတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ မွန်ဖီးလ်ဟာ Queen's Club  ပြိုင်ပွဲစဉ်မှာ ကာဇက်စတန်နိုင်ငံက အင်ဒရေဂိုလာဘက်ကို အနိုင်ရတဲ့ပွဲမှာ အခုလို လက်ကောက်ဝတ်ဒဏ်ရာ ရခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ မွန်ဖီးလ်ဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲတုန်းကလည်း ပုခုံးဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပါသေးတယ်။

Thursday, 2 Jul 2009

ဟဲဗီးဝိတ် ချန်ပီယံဟောင်း အီဗန်ဒါဟိုလီဖီး ဟာ ငွေကြေးအကျပ်အတည်း ကြောင့် သူ့ရဲ့အိမ်ကို လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဟိုလီဖီးရဲ့အိမ်ဟာ အတ္တလန်တာမြို့ရဲ့တောင်ပိုင်း အီဗန်ဒါဟိုလီဖီး အဝေးပြေးလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ သူရဲ့ခြံဟာ ၂၃၅ ဧက ရှိတယ်လို့ ဆိုပါတယ်။သူရဲ့အိမ်ဟာ အခန်းပေါင်း ၁၀၉ ခန်းရှိပြီး ရေချိုးခန်း ၁၇ ခန်း၊ မီးဖိုချောင် ၃ခု၊ ဘိုးလင်းကစားရုံတစ်ရုံတို့ ပါဝင်ပါတယ်။

Pages