Main menu

Background

Thursday, 28 Jan 2010

   ယခင်ဘာမင်ဂမ်အသင်းပိုင်ရှင် ဟောင်းဒေးဗစ်ဂိုးလ်နဲ့ ဒေးဗစ်ဆူလီဗန်တို့ဟာ ဝက်စ်ဟမ်းအသင်းကို ဝယ်ယူ ရန်အတွက် ဝက်စ်ဟမ်းအသင်းပိုင်ရှင် အိုက်စလန်သူဌေးနဲ့ ညှိနှိုင်းခဲ့ရာ ပေါင် ၄၆ သန်းနဲ့အရောင်းအဝယ်ဖြစ်တော့မှာ ဖြစ်ကြောင်း သိရှိရပါ တယ်။

Thursday, 28 Jan 2010

   ရုရှားနိုင်ငံလက်ရွေးစင်ဘောလုံး အသင်းရဲ့ နာမည်ကြီးနည်းပြတစ်ဦးဖြစ်တဲ့ ဟစ်ဒင့်ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ ကိုင်တွယ်တော့မှာဖြစ်ပါ တယ်။ ဟစ်ဒင့်ဟာ ရုရှားလက်ရွေးစင် အသင်းကို ဆက်လက်ကိုင်တွယ်ရန် ကိစ္စနဲ့ပတ်သက်ပြီး ရုရှား ဘောလုံးအဖွဲ့ခုျပ်မှ တာဝန်ရှိသူများနဲ့တွေ့ဆုံ ဆွေးနွေးရာမှာ သဘောတူညီမှု မရရှိခဲ့ ပါက လီဗာပူးအသင်းကို ပြောင်းရွှေ့ တာဝန်ယူမှာ ဖြစ်ပါတယ်။

Wednesday, 27 Jan 2010

   ဘာစီလိုနာနည်းပြ ပက်ဂွာဒီယို လာဟာဘာစီလိုနာအသင်းမှာပဲနောက် ထပ် တစ်နှစ်စာခုျပ် ထပ်မံခုျပ်ဆိုခဲ့ ကြောင်းသိရပါ တယ်။ ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့ထပ်မံစာခုျပ်ခုျပ်ဆိုနိုင်ဖို့ အတွက် ဘာစီလိုနာကလပ်အသင်းပိုင်ရှင်လာပေါ်တာနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ လက်ခံခဲ့တာပါ။

Wednesday, 20 Jan 2010

   ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက်နေ့က  ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရစ်ဘိန်းအပြည်ပြည်ဆိုင်ရာတင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဘယ်လ်ဂျီယံ သူနှစ်ဦးဖြစ်တဲ့ ကင်ကလိုက်စတားနဲ့ ဂျပ်စတင်းဟေနင်တို့ တစ်ကျော့ပြန်ဆုံတွေ့ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ကင်ကလိုက်စတားက ဟေနင်ကို ၆-၃၊ ၄-၆၊ ၇-၆ (၈-၆) နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

Wednesday, 20 Jan 2010

   ဝိတ်တန်း ၅ ခုမှာ ၅ ကြိမ်စလုံး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားပက်ကွီနိုဟာ လာမယ့်မတ်လအတွင်းမှာ ဂါနာနိုင်ငံ သားဂျိုဂူဟာ ကလော့တီနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Wednesday, 20 Jan 2010

    အင်ဂိုလာနိုင်ငံတွင် ကျင်းပမည့် အာဖရိကဖလားပြိုင်ပွဲကိုယှဉ်ပြိုင်ရန် လာရောက်တဲ့ခရီးစဉ်မှာ အင်ဂိုလာနိုင်ငံမှ အကြမ်းဖက် ်သူများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး၊ တိုဂိုဘောလုံးအသင်းမှ လက်ထောက်နည်းပြတစ်ဦး၊ မီဒီယာတာဝန်ခံ တစ်ဦးတို့သေဆုံးခဲ့ပြီး ကစားသမား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

Wednesday, 20 Jan 2010

   မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အသင်းရဲ့ကြွေးမြီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ငွေချေးစာချုပ်တွေကို ရောင်းချသွားဖို့စီစဉ်လျက်ရှိပြီး စာချုပ်များရောင်းချမယ့် ငွေပမာဏမှာ ပေါင်သန်း ၅ဝဝ ခန့်ရှိကြောင်း သိရှိရပါတယ်။

Saturday, 16 Jan 2010

   ဆန်ဒါးလန်းအသင်းရဲ့နည်းပြဖြစ်တဲ့ စတိဗ်ဘရုစ်ဟာ မန်စီတီးအသင်းကို  ၄ - ၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးကို အပြစ်တင် ဝေဖန်ခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စွဲချက်တင်ခြင်းကိုခံခဲ့ရပါတယ်။ အဲဒီပွဲမှာ မန်စီတီးအသင်းဟာ ပယ်နယ်တီ (၁)လုံးရရှိခဲ့ခြင်း၊ ဆန်ဒါးလန်းနောက်ခံလူ မိုက်ကယ်တာနာအနီကတ်ဖြင့် အထုတ်ခံခဲ့ရခြင်းတို့ကြောင့် ဆန်ဒါးလန်းအသင်းရှုံးခဲ့ရ တာ ဖြစ်တယ်လို့ ယူဆခဲ့တဲ့အတွက် မကျေမနပ်ဖြစ်ခဲ့တဲ့စတိဗ်ဘရုစ်ဟာ ဒေါသတွေပေါက်ကွဲခဲ့ပါတယ်။ ပွဲအပြီး မီဒီယာများနဲ့တွေ့ဆုံ ခဲ့ရာမှာ ''ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေဟာ ရယ်စရာ ကောင်းလှပါတယ်''လို့ပြောကြားခဲ့တဲ့အတွက် FA သို့ဖြေရှင်းချက်ပေးရ မှာဖြစ်ပါတယ်။   FA မှ စစ်ဆေးပြီး အပြစ်ရှိ ကြောင်းတွေ့ရှိရပါက ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခြင်းခံရမှာဖြစ်ပါတယ်။

Saturday, 16 Jan 2010

   အင်္ဂလိပ်လိဂ်ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပီတာဘရော့ အသင်းရဲ့နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ ရတဲ့ ဒါရင်း ဖာဂူဆန်ဟာ အဆိုပါလိဂ် ချန်ပီယံရှစ်အသင်းတစ်သင်းပင်ဖြစ်တဲ့ ပရက်စတန်အသင်းရဲ့နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူတော့မှာ ဖြစ်ပါတယ်။

Saturday, 16 Jan 2010

   သြစတြေးလျနိုင်ငံရဲ့အနောက် ဘက်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ပါ့သ် မြို့မှာကျင်းပလျက်ရှိတဲ့ဟော့မန်းဖလား တင်းနစ်ပြိုင်ပွဲ ရဲ့ နှစ်ယောက်တွဲပွဲစဉ်မှာ အင်ဒီမိုရေးနဲ့ လော်ရာရော့်ဆင်တို့နှစ်ဦးဟာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

Pages