မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံဈေးနှုန်းများ ကျဆင်း
မိတ္ထီလာဈေးကွက်အတွင်း မေလ စတုတ္ထပတ်တွင် ဆီထွက်သီးနှံဈေးနှုန်း များကျဆင်းခဲ့ပြီး ပွဲရုံများ၌ အရောင်း အဝယ်အေးလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၁၂၅၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၂၅၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀-၁၇၀ဝ၀၊ နှမ်းဖတ်တစ်ပိဿာလျှင် ကျပ် ၅၄၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် နှမ်းဖတ်ဈေးနှုန်းမှာ တည်ငြိမ်နေပြီး နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ခန့်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။









