Main menu

Background

ဆန်ဈေးနှုန်းများ

မွန်ပြည်နယ်၏ ဆန်ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Thu, 08/06/2026 - 14:13 -- journal_editor

မွန်ပြည်နယ်အတွင်း  ပြည်နယ်၏ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှဆန်များ စီးဝင်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း  အိတ် ၈၁၅၀၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း အိတ် ၂၀၈၀ဝ၊ ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ  ၁၉၁၉၂ အိတ်၊ စုစုပေါင်း  ၄၈၁၄၂ အိတ်၊ တန်ချိန်အားဖြင့်  ၂၄၀၇ တန်ခန့် စီးဝင်ခဲ့သည်။ 

ကမ္ဘောဒီးယား ဆန်ကို တရုတ်နိုင်ငံ ပိုမိုဝယ်ယူလာ

Mon, 07/20/2026 - 14:00 -- journal_editor

တရုတ်စားသုံးသူများက ဒေသထွက်ဆန်များကို ဝယ်ယူကြခြင်းကြောင့် ဆန်ဈေးနှုန်းကိုတည်ငြိမ်စေပြီး ကျေးလက်လယ်သမားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်သည့် Roeu Chamroeun က ပြောကြားခဲ့သည်။

ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများအတွက်MyRO ၏ အခန်းကဏ္ဍ

Fri, 07/10/2026 - 11:35 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်၌ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကိုကျင်းပခဲ့သည်။ အဆိုပါညီလာခံမှ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ၁၅  ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ ၁၀ ချက်၊ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ  ၁၈ ချက်၊ စုစုပေါင်းဖော်ထုတ်ချက်  ၄၃ ချက်ရရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း ဆန် စီးဝင်/ စီးထွက်မှုနှင့် ဈေးနှုန်းအခြေအနေ

Thu, 04/09/2026 - 11:55 -- journal_editor

မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ ဝင်ရောက်လျက်ရှိပြီး မတ်လ နောက် ဆုံးအပတ်တွင်  ဆန်ဈေးနှုန်းမှာ  အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရ သည်။ 

ပခုက္ကူမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Tue, 03/03/2026 - 13:05 -- journal_editor

ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင် သွင်းရသော မြို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 

ပြည်ခရိုင်၏ ဈေးငြိမ်နေသော ဆန်/စပါးဈေးကွက်

Tue, 02/03/2026 - 11:00 -- journal_editor

ပြည်ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ကရင်မ၊ မှော်ဘီ၊ GW 11၊ ထိုင်းနှံကောက်၊ ကျောက်ရွေးစပါး၊ အင်းမ စသည့် ဧည့်မထစပါး မျိုးများဖြစ်သည်။၂၀၂၅-၂၀၂၆ ခုနှစ်တွက် ပြည်ခရိုင်တွင် ၂၂၆၄၉၇ ဧကစိုက်ပျိုး နိုင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်နှင့် ဆန်စီးထွက်

Tue, 02/03/2026 - 10:58 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါး အများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၅၂သိန်း ကျော်စိုက်ပျိုးလျက်ရှိသည်၊   ထွက်ရှိလာသော စပါးများကို  ဆန်ကြိတ်ခွဲထုတ်လုပ်၍ ဒေသတွင်း စားသုံးမှု၊  ဖူလုံရုံသာမက  ပိုလျှံသည့်ဆန်များကို ပြည်ပဈေးကွက်  တင်ပို့ရောင်းချခြင်းနှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း   လစဉ် တင်ပို့ရောင်းချလျက်ရှိသည်၊

မအူပင်ခရိုင်အတွင်းရှိစပါး၊ ဆန်စီးထွက်မှုအခြေအနေနှင့်ဈေးနှုန်း

Mon, 12/01/2025 - 13:54 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန်အခြေခံတန်ဖိုးမြင့်  စား သောက် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။  

ဘီးလင်းမြို့နယ်တွင် ဒေသထွက် ဆန်ဈေးနှုန်း အနည်းငယ်တက်လာ

Mon, 12/01/2025 - 13:52 -- journal_editor

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဒေသထွက် ဆန်‌ဈေးနှုန်း ယခင် လထက် အနည်းငယ်တက်လာကြောင်း သိရသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ဈေးနှုန်းများအနေဖြင့် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၄၀ဝ၀ဝ၊ ပေါ်ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၂၀ဝ၀ဝ၊ ကမာ ကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၈၀ဝ၀ဝ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၇၀ဝ၀ဝ တို့ဖြင့် ရောင်းချနေပြီး ယခင် စက်တင်ဘာလ စတုတ္ထပတ်တွင် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၃၅၀ဝ၀၊ ပေါ် ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၁၅၀ဝ၀၊ ကမာကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၇၅၀ဝ၀ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၆၄၀ဝ၀ ဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်ကို နှိုင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ် ရောင်းချလျက်ရှိ

Wed, 09/03/2025 - 12:18 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက် အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၅ သိန်းကျော် စုစုပေါင်းစိုက်ဧက ၅၂ သိန်းကျော် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

Pages

Subscribe to RSS - ဆန်ဈေးနှုန်းများ