Background
ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှရန် ခြေစလှမ်းတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ဇွန်လလယ်ပိုင်းမှာ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နံှမှုဘုတ်အဖွဲ့ (Board of Investment -B.O.Iနဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒက္ကာမြို့တော်နဲ့ စစ်တကောင်းမြို့တို့သို့ သွားရောက်ပြီး ထိုင်း-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှမှု လုပ်ရာမှာ ကောင်းမွန်တဲ့ အဓိကအချက်မှာ အလုပ်သမားပေါများပြီး လုပ်အားခ ဈေးသက်သာခြင်းအပြင် လူဦးရေ သန်း ၁၆ဝ ခန့် ရှိတဲ့အတွက် ပြည်တွင်းဈေးကွက် ကြီးမားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဥရောပအဖွဲ့ဝင်နိုင်ငံများ အမေရိကန် နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်မှု အထူးအခွင့်အရေး ရရှိထားတဲ့နိုင်ငံတစ်ခု လည်းဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှရန် စိတ်ဝင်စားနေတာလို့ သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ သောင်းနိုင်
မောင်တောနယ်စပ်မှ ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာ ၈ သောင်းနီးပါးရှိ ဇွန်လ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မောင်တော နယ်စပ်မှ ကန်ဒေါ်လာ ၅၉၈၈ဝ တန်ဖိုးရှိ ရေငန်ပုစွန် ၁ဝ ဒသမ ၃၂ဝ တန်၊ ကန်ဒေါ်လာ ၁၆၉၅၉ ဒသမ ၆ဝ တန်ဖိုးရှိ ငါးစုံလေးခြောက် ၂၈ ဒသမ ၂၆၆တန်၊ ကန်ဒေါ်လာ ၃ဝဝဝ တန်ဖိုးရှိ ငါးကုန်းညိုခြောက် ၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ရေထွက်ပစ္စည်းတင်ပို့မှုများ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ရေငန်ပုစွန် ၇ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ ငါးစုံ လေးခြောက် ၂၈ တန်ကျော်နဲ့ ငါးကုန်းညိုခြောက် ၂ တန်ကို ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြင့်မြင့်မာ(MIRT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၇၆၇၇၆၃ ၇၆ဝဝ ၈၇၈၄၇၃ ၈၂၅ဝပြောင်းဖူးစေ့ တန် ၂၁၉ဝ၂၁ ၁၉ဝဝ ၂၂၂၉၁၂ ၁၉ဝဝနှမ်းဖြူ တန် ၉၈၅၁၇၅ ၈၉ဝဝ ၁ဝဝ၃၇ဝ၆ ၈၅၈ဝစိုးနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မိုျးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)သရက်သီး တန် ၁၈၁၅ဝဝ ၁၅၉၂၁ ၁၈၁၅ဝဝ ၁၅၉၂၁ငါးနီတူခြောက် တန် ၁၉၃၂ဝဝဝ ၁၆၈ဝဝဝ ၁၉၃၂ဝဝဝ ၁၆၈ဝဝဝရေငန်ပုစွန် တန် ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန် ၅ဝ၄ဝဝဝ ၄၃၈၂၆ ၅ဝ၄ဝဝဝ ၄၃၈၂၆ မြတ်မြတ်ထွန်း
ထိုင်းနိုင်ငံမှ သကြားတင်ပို့မှု စံချိန်ချိုးရန် မျှော်မှန်း ကြံနဲ့ သကြားဘုတ်အဖွဲ့ရုံး (Office of the Crane & Sugar Board - OCSB) က ယခုနှစ်မှာ သကြားတန် ချိန် ၇ ဒသမ ၁၅ သန်းတင်ပို့ပြီး စံချိန် တင်နိုင်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မိုးသည်း ထန်စွာရွာသွန်းမှုဟာ ကြံထုတ်လုပ်မှုကို အင်အားတစ်ရပ် ဖြစ်စေခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် ပရာ ဆပ်ကိုပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကမ္ဘာ့သကြားဈေးဟာ တစ်ပေါင်ကို ၃၅ဆင့်နဲ့ နှစ် ၃ဝ အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ခြင်းဟာ ကြံစိုက်ပျိုးသူများအတွက် တွန်းအား တစ်ရပ်လည်း ဖြစ်စေခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်မှာ အစိုးရ က ကြံတစ်တန်အပေါ် ထောက်ပံ့ငွေ ဘတ် ၁ဝဝ ကျော် ထုတ်ပေးခဲ့ခြင်းကလည်း ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေ ခဲ့ပါတယ်။ ဒီနှစ်ကြံရာသီမှာ ကြံတစ်တန်အတွက် အခြေခံဈေး ၉၄၅ ဘတ် သတ်မှတ်ပေးထားသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်မားတဲ့အတွက် ကြံစိုက်ပျိုးသူများက ဘတ် ၁ဝဝဝ ကျော်သတ် မှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ကြံတန်ချိန် ၉၅ ဒသမ ၅ သန်းခန့် ကြိတ်ဝါးနိုင်ပြီး ၂ဝဝ၉- ၂ဝ၁ဝ မှ ၆၈ ဒသမ ၅ သန်းသာ ကြိတ် ဝါးနိုင်ခဲ့ပါတယ်။ ယခင်နှစ်က ကြံ တန်ချိန် ၉ ဒသမ ၆၅ သန်းထုတ်လုပ်ပြီး သကြားတန် ၄ ဒသမ ၆၃ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ ၇ ဒသမ ၁၅ သန်းထိ တိုးတင်ပို့ရန် မျှော်မှန်းထားပါတယ်။ OCSB က ယခုနှစ် အစောပိုင်း မှာ ပြည်တွင်းစားသုံးမှု မပြတ်လပ်စေ ရေး အရန်အဖြစ် သကြားတန် ၃ သိန်း ထားရှိရန် သတ်မှတ်ထားပါတယ်။ လတ်တလောမှာ ကမ္ဘာ့သကြား ဈေးဟာ ၁ ပေါင်ကို ၂၂ ဒသမ ၅ဝ ဆင့်ဖြစ်ပြီးဈေးကွက်အတွင်း သကြားစီး ဝင်မှုများလာတဲ့အတွက် ဈေးအနည်း ငယ်ကျသွားတယ်လို့ သိရပါတယ်။ အဓိက သကြားထုတ်လုပ်တဲ့ ဘရာဇီး၊ သြစတြေးလျတို့မှာ သဘာဝ ဘေးဒဏ်ကြောင့် ထုတ်လုပ်မှုကျဆင်း နေတဲ့အပြင် ဘရားဇီးအပါအဝင် နိုင်ငံ အချို့မှာ လောင်စာဆီဈေး မြင့်တက်မှုကို တုံ့ပြန်ရန်သကြားမှ အီသနော ထုတ်လုပ်ရေး ကြိုးပမ်းလာတဲ့အတွက် သကြားသုံးစွဲမှု တိုးတက်လာမယ်လို့ သိရပါတယ်။ Source; Bkk Post သောင်းနိုင်၊(တာချီလိတ်)
နယ်စပ်ပရဆေး ကုန်ကြမ်းကုန်သွယ်မှု မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝဒသမ ဝဝ၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ ဒသမ ၃ တန်တင်သွင်းမှုရှိခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၃၃ တန်ကျော် ယခုအပတ်မှာ တင်ပို့မှု ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် တင်ပို့ခဲ့ တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ နနွင်းတက် တန် ၄ဝကျော်၊ နနွင်းခေါင်း ၁ဝ တန်ခန့်၊ ကွမ်းစားဂမုန်း ၄၃ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၆ တန်၊ မာလာဥခေါင်း ၁၅ တန်ခန့်နဲ့ မာလာဥ ၂၁ တန်ကျော်၊ တောချင်း တန် ၂ဝ ကျော်၊ ဒရင်ကောက်မြစ် ၁၄ တန်ကျော်၊ အုံတုံခေါက် ၁၈ တန်ခွဲ၊ ကြောင်ပန်းစေ့ ၂၄တန်၊ ကြောင်လျာစေ့ ၈ တန်ကျော်၊ တောင်လုံးကျော် ၄တန်ကျော်၊ ရွေးရွက် ၁ဝ တန်ခန့်၊ စကားပန်းပွင့်ခြောက် ၁၉တန်ခန့်၊ ဖန်းခါးသီးခြောက် ၄၆ တန် ခန့်၊ စမုံနက် ၃ တန်ခန့်၊ ကျောက်ဂျင်း ၂ တန်ကျော်၊ ဆေးမြင်းခွာ ဝ ဒသမ ၉ တန်နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၉ တန်ကျော် စုစုပေါင်း ၃၃၃ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၈၃ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ၂၄ တန်ခန့် ပရဆေး ကုန်ကြမ်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းစားဂမုန်း၊ မိချောင်း ကွမ်းဖတ်စေ့၊ မာလာဥနဲ့ မာလာဥ ခေါင်း၊ တောချင်း၊ ဒရင်ကောက်မြစ်၊ တောင်လုံးကျော်၊ စကားပန်းပွင့် ခြောက်နဲ့ ဖန်ခါးသီးခြောက်များ ယခင် အပတ်တင်ပို့မှုထက် ပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်း၊ နနွင်း ခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့နဲ့ ရွေးရွက်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။MIRT (DOBT)
နယ်စပ်စခန်းများရဲ့ သစ်သီးဝလံ ကုန်သွယ်မှု ရာသီသီးနံှသရက်သီးများ နယ်စပ်စခန်းများမှ ဆက်လက်တင်ပို့လျက်ရှိရာ ကန်ဒေါ်လာ ၁ ဒသမ ၃၇၈ သန်း တန်ဖိုးရှိ သရက်သီးများ မူဆယ်မှ ၄၂၂၈ တန်ကျော်၊ မောင်တော မှ တန် ၉ဝ ကျော်နဲ့ တမူးမှ ၁၈ တန် အသီးသီးတင်ပို့ခဲ့ ပါတယ်။ မူဆယ်က ယခင်အပတ်ကတင်ပို့မှုထက် တန် ၈၃ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပြီး နယ်စပ်စခန်းအားလုံးတင်ပို့မှု အနေနဲ့ တန် ၇၅ဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာ သရက်ပြားခြောက် တန် ၂ဝဝ ကျော်ကန်ဒေါ်လာ ဝ ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၃၆ တန် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ တစ်သျှုးငှက်ပျော ၇၄၅ တန် ကျပ် ၇၄ ဒသမ ၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က ထက် တန် ၃၃၃ဝ ကျော် လျော့နည်းခဲ့ပါတယ်။ မိုးတွင်းကာလ ရောက်ပြီဖြစ်၍ မတ်စောက်သော တောင်တက်လမ်း များကို ဖြတ်သန်းသယ်ဆောင်နေရတဲ့အတွက် တင်ပို့မှုကျခဲ့ရ တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၂ သန်း တန်ဖိုးရှိ ပန်းသီး ၈၈ တန်နီးပါး တင်သွင်းမှုရှိ ခဲ့ပြီးတမူးနယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁ သန်းတန်ဖိုးရှိ ချင်းတောင် ပန်းသီး ၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တမူးနယ်စပ်မှ ပန်းသီးအပြင် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်း တန်ဖိုးရှိ ခရမ်းချဉ်သီး ၇ တန်လည်း ယခုအပတ် မှာ တင်ပို့မှုရှိခဲ့ပါ တယ်။ MIRT (DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၈၇၈၄၇၃ ၈၂၅ဝ ၁ဝ၂၆၂၂၃ ၈၂၅ဝပြောင်းဖူးစေ့ တန် ၂၂၂၉၁၂ ၁၉ဝဝ ၂၂၆၁၁၁ ၁၈၈ဝနှမ်းဖြူ တန် ၁ဝဝ၃၇ဝ၆ ၈၅၈ဝ ၁ဝ၄၇ဝ၉၉ ၈၅၃ဝ စိုးနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)သရက်သီး တန် ၁၈၁၅ဝဝ ၁၅၉၂၁ ၁၈၁၅ဝဝ ၁၅၉၂၁ငါးနီတူခြောက် တန် ၁၉၃၂ဝဝဝ ၁၆၈ဝဝဝ ၁၉၃၂ဝဝဝ ၁၆၈ဝဝဝရေငန်ပုစွန် တန် ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန် ၅ဝ၄ဝဝဝ ၄၃၈၂၆ ၅ဝ၄ဝဝဝ ၄၃၈၂၆ မြတ်မြတ်ထွန်း
ကျောက်ဆည်ခရိုင် နွေသီးနံှစိုက် တောင်သူများအား ကွင်းဆင်းဆွေးနွေး ကျောက်ဆည်ခရိုင်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ် ရေးမှ TPIS တာဝန်ခံများသည် မိမိတို့မြို့နယ် အလိုက် နွေသီးနံှစိုက်တောင် သူများအား ဇွန် ၅ ရက်မှ ၈ ရက်အထိ ကွင်းဆင်းဆွေးနွေးခဲ့ကြပါတယ်။ နွေစပါးသီးနံှများ မကြာခင် ဖြိုင်ဖြိုင်ရိတ်သိမ်းကြတော့မှာ ဖြစ်တာ ကြောင့် သီးနံှများ ရိတ်သိမ်းခြင်း၊ နယ်လှေ့ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်း အောင်ဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းများအတွက် နည်းစနစ်မှန်ကန်စွာ သိရှိဆောင်ရွက်နိုင်ကြမှသာ ထွက်ရှိလာသည့် စပါးများ အရည်အသွေးကောင်းပြီး ဆန်ထွက်နှုန်းများလာခြင်း အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ ပဲတီစိမ်း မှာ အဓိကကျရောက်တတ်သော ယင်ဖြူအကြောင်း၊ မှိုရောဂါနှင့် ပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းနည်းများနဲ့ ကောင်း မွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP) အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ သက်လွင်ထူး
ကျောက်ဆည် နွေစပါးများ စတင်ပေါ် ပြီ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အနေဖြင့် နွေစပါး ၆၂၈၂၇ ဧက စိုက်ပိုျးနိုင်ခဲ့ပါတယ်။ ဇွန်လဆန်းမှစ၍ နွေစပါးများ စတင်ရိတ်သိမ်းနေကြပါပြီ။ နွေစပါးကို သက်ငယ် မျိုးစပါးဖြစ်တဲ့ ရွှေသွယ်ရင်၊ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ စပါးများကို စိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ မိုးရွာ သွန်းမှု အားကောင်းသောကြောင့် စပါးအထွက်နှုန်းလည်း ကောင်းကြပါတယ်။ တစ်ဧကကို ၈ဝ တင်းမှ ၉၅ တင်းအထိ ထွက်ရှိကြပါတယ်။ ယခုနှစ် စပါးဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ကျပ် ၃၅ဝဝဝဝ ဈေးနှုန်းနဲ့ ဆန် ၂၄ ပြည် တစ်အိတ် ကျပ် ၁၅ဝဝဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်လျက် ရှိပါတယ်။ ယခင်နှစ် နွေစပါးဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ၃၂ဝဝဝဝ ကျပ်ဈေးနှုန်းနဲ့ ဆန် ၂၄ ပြည်တစ်အိတ်ကို ၁၂ဝဝဝ ကျပ်ဈေးနှုန်းဖြင့် ဈေးကွက်စခဲ့ပေါတယ်။ ယခုနှစ်မှာ တောင်သူ များအနေဖြင့် စပါးအရည်အသွေးကောင်း၍ အထွက်နှုန်း ကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်းသိရပါတယ်။ ဝင်းမာ
ဝါဆိုအမီ သင်္ကန်းဈေး မကြာမီကာလတွင် မြန်မာတို့ရဲ့ ဗုဒ္ဓသားတော်များဖြစ်တဲ့ ရဟန်းသံဃာတော်များ ဝါဝင်တော့မယ့်အချိန် ဖြစ်ပါတယ်။ ဝါဝင်တဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာများကို ဝါဆိုသင်္ကန်းများ ကပ်လှူကြပါတယ်။ ဝါဝင်ရန် ရက်သတ္တ ခြောက်ပတ်လောက်သာလိုတော့တဲ့အတွက် ဝါဆိုသင်္ကန်းများကို ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး နဲ့ လားရှိုးတို့ကို သင်္ကန်းရောင်းဝယ်တဲ့ လုပ်ငန်းရှင်များက ပေးပို့နေရကြောင်း၊ ယခုနှစ်တွင် အရောင်းသွက် အမှာသွက် တဲ့ အမျိုးအစားနဲ့ ဈေးနှုန်းများကတော့ မလေးရှား စီဝိုင်စီဒွိစုံ တစ်စုံကို ၉၅ဝဝ ကျပ်၊ ၁ဝ စုံ ၈၇ဝဝဝ ကျပ်၊ မလေးရှား တက်ထရွန်ဒွိစုံ တစ်စုံ ၈၅ဝဝ ကျပ်၊ ၁ဝ စုံ ၈ဝဝဝဝ ကျပ်၊ ရွှေတောင်တက်ထရွန်ဒွိစုံ တစ်စုံ ၇၅ဝဝ ကျပ်၊ ၁ဝ စုံ ၇ဝဝဝဝ ကျပ်၊ ချည်သားဒွိစုံ တစ်စုံ ၁၂ဝဝဝ ကျပ်၊ ၁ဝ စုံ ၁၁ဝဝဝဝ ကျပ်၊ လီနင်သားဒွိစုံ တစ်စုံ ၁၃ဝဝဝ ကျပ်၊ ၁ဝ စုံ ၁၂ဝဝဝဝ ကျပ် ဈေးအသီးသီးရှိကြောင်း၊ ယခုလောလောဆယ်မှာယူနေတဲ့ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုးမြို့များသို့ ပို့ပေးနေရကြောင်း မန္တလေးမြို့ အိမ်တော်ရာ ရဟန်းသံဃာများအတွက် သင်္ကန်းချုပ်လုပ် ရောင်း ချနေတဲ့ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။ တင်ဇာမျိုး