Background
မန်စီခရိုင်အတွင်း ဖရဲသီးများ ဈေးနှုန်းပိုမိုရရှိခဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မန်စီခရိုင်အတွင်း လယ်မြေများ၌ အများဆုံး စိုက်ပျိုးထွက်ရှိချိန်တွင် မိုးလေဝသ ကောင်းမွန်ခဲ့တာကြောင့် အလုံးကြီးပြီး အရသာချိုမြိန်တာကို တွေ့ရှိရပါတယ်။ ယမန်နှစ် ဖရဲသီး စိုက်ရာသီအတွင်း ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှု မမှန်ကန်တာကြောင့်ထွက်ရှိလာသော ဖရဲသီးများကတော့ အလုံးသေးပြီး ရေခမ်း ခြောက်ကာ အရသာမကောင်းတဲ့အတွက် ဖရဲသီး တစ်ကီလိုကို (ဝ ဒသမ ၈ မှ ၁ ) ယွမ်သာ ရရှိခဲ့ပါတယ်။ ဒီနှစ်မှာ မိုးလေဝသ ကောင်းမွန်ခဲ့လို့ ထွက်ရှိလာတဲ့ ဖရဲသီးများကတော့အလုံးကြီးပြီး အရသာချိုမြိန်တဲ့အတွက် ပြည်နယ်ပြင်ပရှိ ကွဲျကျန်းပြည်နယ်၊ ကွမ်းတုံးပြည်နယ်၊ ဟော် နန်း၊ ဟော်ပွေ့၊ ဟူနန်၊ ဟူပေ့စသည်ပြည်နယ်များနဲ့ တရုတ်အလယ်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသတွေက ဖရဲသီးကုန်သည်အများစုအနေဖြင့် မန်စီခရိုင်အတွင်းရှိ ဖရဲစိုက်ခင်းများအရောက် အလု အယက်ဝယ်ယူလာတာကြောင့် ဖရဲသီးတစ်ကီလိုကို ၂ ဒသမ ၄ ယွမ်အထိရရှိခဲ့ပါတယ်။ ဖရဲသီးပျမ်းမျှဝယ်ဈေးမှာ တစ်ကီလို ၁ ဒသမ ၈ ယွမ်မှ ၂ ယွမ်ခန့်ရှိပြီး ဖရဲသီး တစ်ဧက ယွမ် ၂ဝဝဝ ခန့်အမြတ်ရရှိနေတဲ့အတွက် ဖရဲ ၆ ဧက စိုက်ပျိုးသူ တစ်ဦးအနေနဲ့ အသားတင်အမြတ်ငွေ ယွမ် ၁၂ဝဝဝ ခန့် အမြတ် ရရှိကြောင်း ဖော်ပြလိုက်ရပါတယ်။ Source: ယူနန်ပြည်နယ်မန်စီခရိုင်၊ အပတ်စဉ်အထူးထုတ်သတင်း၊ တင်လတ်
ရောင်းပန်းလည်းလှ ဈေးကွက်ရတဲ့ မြန်မာ့သရက် မြန်မာသရက်သီးများဟာ တရုတ် သရက်သီးများထက် အနံ့အရသာပိုမို ကောင်းမွန်တာကြောင့် မြန်မာသရက် အမျိုးအစားအားလုံးကို မူဆယ် နယ်စပ်မှာ တရုတ်ဝယ်လက်များက ဝယ်ယူ လျက်ရှိတဲ့အတွက် ခိုင်မာတဲ့ဈေးကွက် ရရှိနေပါတယ်။ နေစဉ်တရုတ်ပြည်တွင်းမှ ကုန်သည် ၁၅ဝ ကနေ ၂ဝဝ ဦးခန့်အထိ မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ကို လာရောက်ပြီး တိုက်ရိုက် ဝယ်ယူကြလျက်ရှိပါတယ်။ အရည် အသွေး အမျိုးအစားကောင်းမွန်တာနဲ့ အမျှ ရောင်းသူစိတ်ကြိုက်ဈေးနဲ့ တိုက်ရိုက် ရောင်းချခွင့်၊ အခွင့်အရေးရရှိ နေပါတယ်။ ဒါဟာ မြန်မာ့သရက်ရဲ့ တရုတ်နိုင်ငံသို့တင်ပို့ရာမှာ ရရှိနေတဲ့ အားသာချက်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟိုင်နန်၊ ရင်ချန်း၊ လူလန်ဝါ၊ ကွင်းကျန်၊ တောင်စီဒေသ တွေဟာ သရက်သီးအများဆုံး စိုက်ပျိုး တဲ့ ဒေသများဖြစ်ပြီး စိုက်ဧက ၆ဝဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ တရုတ် နိုင်ငံအတွင်းသို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကတဆင့် သရက်သီး တင်ပို့ရာမှာ ကြာမြင့်ချိန်တွေကတော့ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်ထိ ကြာမြင့်တယ်လို သိရပါတယ်။ မူဆယ် ရွှေလီကနေ သက်ဆိုင်ရာမြို့ အလိုက် ကြာမြင့်ချိန်အချို့ကတော့ စီချွမ်း၊ ချန်ဒူး၊ ပန်ချီဝါး၊ ကူမင်းကိုပို့မယ်ဆိုလျှင် ၂ ရက်စီ ကွမ်တုံ၊ ကွမ်ကျိုးကိုပို့မယ်ဆို လျှင် ၄ ရက်စီနဲ့ ပီကင်းကိုတင်ပို့မယ် ဆိုလျှင် ၅ ရက်စီ အသီးသီး ကြာမြင့်ပါတယ်။ KKCM
ပြည်ပမှ ကြက်ဥ တင်သွင်းရမည်ဟု ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနက ပြည်တွင်း၌ ရာသီ ဥတု ပြောင်းလဲမှုနှင့် ရောဂါဖြစ်ပွားမှုတို့ကြောင့် ကြက်ဥထုတ်လုပ်မှု ကျဆင်းခဲ့၍ ပြည်တွင်း၌ ကြက်ဥအလုံအလောက် ရှိစေရန်အတွက် ပြည်ပမှတင်သွင်းရန် စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကြက်ဥဈေးကြီးမှုပြဿနာ တစ်လအတွင်း မရပ်တန့်ခဲ့ပါက ဌာနမှ အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်ပြီး ကြက်ဥဈေးသတ်မှတ်ခြင်း၊ ပြည်ပ သို့ တင်ပို့မှုများ သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းရန်ယုန်းဖုံးရတ်က ပြောကြားခဲ့ပါတယ်။ မေလအတွင်း ဈေးကွက်သို့ ကြက်ဥများစွာ ဝင်ရောက်လာမည်ဟုခန့်မှန်းထားပြီး မကြာသေးမှီက တင်သွင်းလာသော မျိုးပွားကြက်မအကောင် (၄၈ဝဝဝဝ) မှ တစ်နေ့ကြက်ဥ အလုံးရေ ၂၆ သန်းမှ ၂၈ သန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ယခုအချိန်တွင် တစ်နေ့ ကြက်ဥ ၂၂ သန်းမှ ၂၃ သန်းခန့်အထိသာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ အစိုးရဆိုင်ရာ အဖွဲ့အစည်းများမှ ကြက်ဥဈေး နှုန်းကို ထိန်းချုပ်ပေးသွားမှာ ဖြစ်ကြောင်း ၂၈-၄-၂ဝ၁ဝ ထုတ် ထိုင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။ Source:ထိုင်းရတ်သတင်းစာ၊သောင်းနိုင်
ဖရဲတင်ပို့မှုကျ သရက်တင်ပို့မှု အားကောင်း ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက် ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ဖရဲသီး ၅၈၃၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉ဝ၁ သန်းနဲ့ သရက်သီးတန် ၂၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ဝ၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ဖရဲသီးတန် ၁ သောင်းကျော်နဲ့ သရက်သီးတန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ဖရဲတင်ပို့မှုကျ ဆင်းပြီး သရက်အားကောင်းတာ တွေ့ ရပါတယ်။ဒါ့အပြင် မောင်တောနယ်စပ် ကနေ တဘက်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သရက်သီး ၅ တန်၊ တန်ဖိုး ဝ ဒဿမ ဝဝ၁ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဖရဲသီးရဲ့ပေါက်ဈေးကတော့ တစ်တန် ကျပ် ၂ဝ၁ဝဝဝ နဲ့ ၃၃၅ဝဝဝ ကြား၊ တဘက်နိုင်ငံ ဈေးကတော့ ၂၁၅ ဒေါ်လာနဲ့ ၃၈၃ ဒေါ်လာကြားဈေးရလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOBT )
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၈၇၄၇၇၄ ၇၁၈ဝ ၁ဝဝ၅၈၂ဝ ၈၃၈ဝပြောင်းဖူးစေ့ တန် ၂၄၂၅၃၆ ၁၈၂ဝ ၂၅၃၂ဝ၈ ၁၈၄ဝနှမ်းဖြူ တန် ၁၁၉၁၂၈ဝ ၈၉ဝဝ ၁၁၉၁၂၈ဝ ၉ဝဝဝစိုးနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖရဲသီး၊ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ငါးနီတူခြောက် တန် ၁၉၃၂ဝဝဝ ၁၆၈ဝဝဝ ၁၉၃၂ဝဝဝ ၁၆၈ဝဝဝရေငန်ပုစွန် တန် ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန် ၅ဝ၄ဝဝဝ ၄၃၈၂၆ ၅ဝ၄ဝဝဝ ၄၃၈၂၆မြတ်မြတ်ထွန်း
နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၂ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် သရက်သီး တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ စိန်တလုံး ၁၂၂၈ တန်ကျော်၊ ရွှေဟင်္သာ ၁၇၂၁ တန်ကျော်နဲ့ အကြမ်းသီးတန် ၁၁၈ဝ၊ လွယ်ဂျယ်မှ အကြမ်းသီး တန် ၈ဝ နဲ့ မောင်တောမှ အကြမ်းသီး ၃၅ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် နယ်စပ်စခန်းများမှ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ၁၅ ကီလိုပါ သရက်သီး ဂျပ်ဖာ တစ်လုံးကို ယွမ် (၆ဝ -၇ဝ) ဈေးပေါက်လျက် ရှိပါတယ်။ ဒါဟာ အိတ်စွပ်သရက်သီးရဲ့ ပေါက်ဈေးဖြစ်ပါတယ်။ အိတ်မစွပ်လျှင် ယွမ် ၂ဝ မှ ၃ဝ ဝန်းကျင်သာ ရတဲ့အတွက် သရက်သီးအိတ်စွပ်ဈေးဟာ အိတ်မစွပ် တဲ့ ဈေးထက် နှစ်ဆကျော်လောက် ရလျက်ရှိပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၂၈၃ဝဝဝ တန်ဖိုးရှိ ဖရဲသီး တန် ၁၈ဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဖရဲရာသီကုန်ပြီးဖြစ်လို့ လက်ကျန်ဖရဲများကို ရသလောက်တင်ပို့နေတာ တွေ့ရပါတယ်။ မိမိဘက်မှ သစ်သီးဝလံတင်ပို့မှု ရှိသိလို တစ်ဘက်နိုင်ငံမှလည်း ကန်ဒေါ်လာ ၄၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၃ တန် တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် ၄၃ တန် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
အဆင့်မြင့်ဝန်ဆောင်မှုများ ထည့်သွင်းထားတဲ့ ရွှေလီ - မန္တလေး - ကျောက်ဖြူ ရထားလမ်း ကျောက်ဖြူနဲ့ ကူမင်းတို့ကို ဆက်သွယ်တဲ့ မီးရထားလမ်းဖောက်လုပ်မှုနဲ့ စပ်လျဉ်းပြီး ကူမင်းခရိုင်အစိုးရနဲ့ ဟုန်တိုင်း ခရိုင်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကို မေလ ၁၃ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ကူမင်းခရိုင်က တစ်ဆင့်တရုတ်နိုင်ငံ ရွှေလီခရိုင်အား ဖြတ်သန်းပြီး ကျောက်ဖြူမြို့ထိ ကီလိုမီတာ ၁၂၁၅ ရှည်လျား တဲ့ အဆင့်မြင့်အမြန်လမ်းကြောင်းအပါအဝင် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်သွယ်ဖောက်လုပ်နေတဲ့ မီးရထားလမ်းမကြီးဟာ ယခုအခါ ပေါင်ဆမ်းခရိုင် လုံလင်မြို့၊ လုံဆမ်းဂိတ်စခန်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ တရုတ်နှစ်နိုင်ငံ ဖောက်လုပ်မဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းလည်း ပေါ်ထွက်လာတော့မယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးရနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကူမင်း-မန်စီ၊ မန်စီ-ရွှေလီတို့မှ မန္တလေး-ကျောက်ဖြူတို့သို့ အဆင့်မြင့် အမြန်မီးရထား လမ်း ဖောက်လုပ်မှုကို တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးပွဲမှာ ပြောကြားခဲ့တယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ ကွန်ရက်ပုံစံအဆင့်မြင့် အမြန်လမ်းကြောင်းအဖြစ် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်မဲ့နိုင်ငံတကာ အဆင့်မြင့်လမ်းကြောင်းကို အဓိကဖော်ဆောင်သွားမှာဖြစ်ပြီး လေကြောင်း၊ ရထားလမ်းများကို အဆင့်မြင့် အမြန်လမ်း ကြောင်းနဲ့ လေဆိပ်ဝန်ဆောင်မှုများ၊ ကုန်စည်ပို့ဆောင်မှုနဲ့ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်ရေးပါ ထည့်သွင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Source:ယူနန်တူးဆီပေါင်း၊တင်လတ်
နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၆ တန်ကျော်ကို မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်း ၃၉၅ တန်ကျော် တင်ပို့ခဲ့တာမို့ သိသိသာသာ ပိုမိုတင်ပို့ခြင်း မရှိသော်လည်း ၁၁ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ကွမ်းစားဂမုန်း ၁၂၅ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၅၆ တန်ကျော်၊ နေလဲစေ့ ၁၆ တန်၊ မာလာဥ တန် ၇ဝ ၊ မာလာဥခေါင်း ၁၈ တန်ကျော်၊ တောဂျင်း ၂ တန်၊ ဒရင်ကောက်မြစ် ၉တန်၊ စမုံစပါး ၁ဝ တန်၊ စမုံနက် ၂ တန်ခန့်၊ ကြောင်ပန်းစေ့ ၁၃ တန်၊ ဖန်းခါးသီးခြောက် ၁၈ တန်ခန့်၊ မုတ်ခါး ၇ တန်ကျော်၊ မျောက်ဥခြောက် ၁၇ တန်၊ တောဂျုးမြစ် ၂၆ တန်ကျော်နဲ့ စကားပန်းပွင့်ခြောက် ၁၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုရန်အတွက် မြန်မာပရဆေးများ တရုတ်ဈေးကွက်မှာ နေရာရနေတာဖြစ်ပါတယ်။ MIRT (DOBT)
ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်နှစ် တစ်ကြိမ် လှိုင်လှိုင်တင်ပို့တဲ့ ဖရဲသီးဟာ မေလဆန်းလောက် ကစပြီး ပျောက်ကွယ်စပြုလာပါတယ်။ ဒီနှစ် မတ်လမှာ ဖရဲသီး တန်ချိန် ၁၂၉၃ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် မတ်လမှာ တန်ချိန် ၂၇၆၈ ခန့် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတု အခြေအနေ အပြောင်းအလဲတွေကြောင့် ဖရဲသီး အထွက်နောက်ကျခဲ့ပြီး မတ်လအတွင်း တန်ချိန် ၁၄၇၅ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရှိရပါတယ်။ ဧပြီလမှ တန်ချိန် ၆၃၈၅ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ် ဧပြီလမှာ တန်ချိန် ၄၈၈၆ ခန့်ပဲ တင်ပို့နိုင်ခဲ့တာ တွေ့ရှိရပါတယ်။ မေလဆန်းပိုင်းမှာ တန်ချိန် ၁၆၅ ခန့်တင်ပို့နိုင်ခဲ့ တာတွေ့ရှိရပေမဲ့ ယခင်နှစ် မေလမှာတော့ တင်ပို့မှု မရှိခဲ့တာတွေ့ရှိရပါတယ်။ ယခင် နှစ်က တန်ချိန် ၇၆၅၄ ခန့်တင်ပို့နိုင်ခဲ့တဲ့ ဖရဲသီးဟာ ဒီနှစ်မှာ တော့ တန်ချိန် ၇၈၄၃ ခန့် တင်ပို့နိုင်ခဲ့တာကြောင့် တန်ချိန် ၁၉ဝ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စဉ် ဧပြီလ ဝန်းကျင်မှာ ဗန်းမော်ခရိုင် စင်းခန်းဒေသ ရွှေကူမြို့နယ်နဲ့ ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲသီးတွေကို ဗန်းမော်-မိုးမောက်၊ လွယ်ဂျယ် လမ်းကြောင်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်အတွင်းပိုင်း မြို့များ အထိ ပစ္စည်းအရည် အသွေးကိုကြည့်၍ ဖရဲကားတစ်စီးကို ယွမ် (၄၅ဝဝဝ) မှ ယွမ် (၅၈ဝဝဝ) ခန့်ထိပေး ဝယ်ယူကြပါတယ်။ ကားတစ်စီးမှာ ဖရဲသီး ၁၈ တန်ဝန်းကျင်တင်ဆောင် တယ်လို့သိရပါတယ်။ နကသ (လဂ)၊MIRT
၂ဝ၁၁ ခုနှစ်အတွင်း မဲဆောက်၌ အထူးစီးပွားရေးနယ်မြေအပြီး တည်ဆောက်သွားရန် အတည်ပြု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အထူးစီးပွားရေးနယ်မြေတည်ထောင်ရန် ဝန်ကြီးအဖွဲ့အစည်းအဝေးက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးနိုင်းချိုင်းယဂွတ်ဘန်နဝပ်က မေလ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မဲဆောက်မြို့နယ်ထဆိုင် လွတ်ရပ်ကွက်၊ မဲ့ပလဲရပ်ကွက်နယ်မြေအတွင်း တည်ထောင်မှာဖြစ်ပြီး သစ်တောဌာနမှ မြေဧက ၅၆ဝဝ ခန့်ကို ငှားရမ်း တည်ထောင်သွားမှာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေးဆုံးဖြတ်လုပ်ဆောင်သွား ကြမှာလို့သိရပါတယ်။ အထူးစီးပွားရေးနယ်မြေအတွင်း ကျင့်သုံးမဲ့ စည်းမျဉ်းအား ရေးဆွဲနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ဒေသ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ တပ်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဆာမတ်လွယ်ဖားကဆိုပါတယ်။ ထိုင်း-မြန်မာ ဆက်သွယ်မှုကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ-မြန်မာ-သီရိလင်္ကာ-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းအဖွဲ့ (BIMST-EC)နဲ့ ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ မဲဆောက်မြို့နယ်အထူးစီးပွားရေးနယ်မြေမှာ One Stop Services ထုတ်ကုန် သွင်းကုန်၊ အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်း၊ Logistic Park ပစ္စည်းသိုလှောင်ရုံ၊ အကောက်ခွန်ဂိတ်၊ လူဝင်မှု စစ်ဆေးရေးဂိတ်၊ နေအိမ်ပန်းခြံများပါ ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အတွင်း အပြီး တည်ထောင်မယ်လို့သိရပါတယ်။ Source: ဘန်ကောက်၊သောင်းနိုင်