Main menu

Background

Sunday, 6 Feb 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်       ရေတွက်ပုံ              မိမိဘက်ဈေး (ကျပ်)                      တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း                 တန်                    ၉၆၉ဝ၇၅                                       ၇၃၈ဝပြောင်းဖူးစေ့            တန်                    ၂၆၄၄၂၈                                       ၁၉ဝဝဖရဲသီး                   တန်                    ၁၉၉ဝဝဝ                                  ၁ဝဝဝ-၂ဝဝဝ               မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ဆေးရိုး၊ ဆေးကြေမှုန့်၊ ပလတ်စတစ်အိတ်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည်            ရေတွက်ပုံ            မိမိဘက်ဈေး (ကျပ်)                   တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆေးရိုး                        တန်                    ၅ဝဝဝဝ                                  ၂၆၃ဝဆေးကြေမှုန့်                  တန်                   ၁၅၇ဝဝဝ                                  ၈၅ဝဝပလတ်စတစ်အိတ်            ပါကင်                  ၁၅ဝဝဝ                                   ၇၃ဝ                                                                                                                        ကေသွယ် ၏              မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည်             ရေတွက်ပုံ             မိမိဘက်ဈေး (ကျပ်)                 တစ်ဖက်နိုင်ငံဈေး (တာကာ)ငါးနီတူခြောက်               တန်                  ၁၉၅ဝဝဝဝ                                 ၁၇၂၉၈ဝငါးစုံလေးခြောက်            တန်                    ၄၅ဝဝဝဝ                                 ၄၃၅ဝဝငါးကုန်းညိုခြောက်          တန်                    ၁၆ဝဝဝဝဝ                                ၁၄၂၅ဝဝ                                                                                                                       မြတ်မြတ်ထွန်း

Tuesday, 1 Feb 2011

 ၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်ကုန်စည်ဈေးကွက် ထူးခြားချက်           တရုတ်နိုင်ငံမှာ ၂ဝ၁ဝ ပြည့်နှစ်အတွင်းစားသောက်ကုန် ပစ္စည်း အများအပြားဈေးနှုန်းပြောင်းလဲ မြင့်တက်ခဲ့ပါတယ်။ ၎င်းအနက် လယ်ယာထွက်ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက် မှုဟာ နိုင်ငံရဲ့ ဈေးဆနှုန်းကိန်း (CPI) ကို မြင့်တက်စေခဲ့ပြီး ငွေကြေး ဖောင်းပွမှုနှုန်း ၅ဝ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။တစ်ပြိုင်တည်းမှာပင်အစိုးရကပုံသေကားချပ် ဆောင် ရွက်နေတဲ့ စည်းမျဉ်းစည်းကမ်းများကလည်း စားကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်မှုကို အားပေးရာရောက်ပြီး ကာလကြာ ရှည်စွာ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကြက်သွန်ဖြူ          ၂ဝ၁ဝ ပြည့်နှစ်ပိုင်းမှစ၍ ရာသီဥတုအခြေအနေကြောင့် ကြက်သွန်ဖြူထုတ်လုပ်မှုတင်ပို့မှု ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ပေမဲ့ ကြက်သွန်ဖြူတင်ပို့မှုနဲ့ ပြည်တွင်းဈေးကွက် ဝယ်လို အား များပြားခဲ့တာကြောင့်ကြက်သွန်ဖြူဈေးနှုန်းမှာ ဝက်သား ဈေးနှုန် ထက်ပင်ပိုတဲ့အထိ စံချိန်မြင့်တက်ခဲ့ပြီး နိုဝင်ဘာလ ခန့်တွင်မှ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။ ငရုတ်ကောင်း            တရုတ်နိုင်ငံအရှေ့တောင်ပိုင်းဒေသဟာ ငရုတ်ကောင်း အများအပြား စိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ် သလို နိုင်ငံရဲ့ ဈေးကွက်များအတွင်း ငရုတ်ကောင်းရောင်းလိုအား အများ အပြားဖြည့်တင်းပေးရာဒေသလည်းဖြစ် ပါတယ်။ယခုနှစ် အတွင်း အဆိုပါဒေသမှာ အလွန်ဆိုးရွားစွာ မိုးခေါင်ခဲ့တဲ့ အတွက် ငရုတ်ကောင်းထွက်ရှိမှု လျော့ကျ ခဲ့ရာမတ်လခန့်မှ စပြီး တရုတ်နိုင်ငံရဲ့ မြို့တော်အများအပြားမှာ ငရုတ်ကောင်း ဈေးနှုန်းနှစ်ဆ၊ သုံးဆခန့်အထိ မြင့်တက်သကဲ့သို့ နှစ်လယ် ပိုင်းခန့်မှာ တရုတ်နိုင်ငံရဲ့အဓိကမြို့တော်ကြီးများမှာ ငရုတ် ကောင်း ၁ ကီလိုဂရမ်လျှင် ၄ဝ ယွမ်အထိ ၁ဝ ဆခန့်မြင့်တက် ခဲ့ကြောင်း သိရှိရပါတယ်။ အာလူူး         ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလခန့်မှစ၍လစဉ်ဈေးနှုန်း တစ်ရိပ်ရိပ်မြင့်တက်ခဲ့ရာယခင်ကာလတူအချိန် နှင့်နှိုင်းယှဉ် လျှင် ၈၄ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့တဲ့အတွက် နိုင်ငံအတွင်းရှိကော်မှုန့်လုပ်ငန်းစက်ရုံ အတော်များများမှာ အာလူးဈေးနှုန်းမြင့်တက်မှုကြောင့် အကျပ်အတည်း တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့သိရှိရပါတယ်။ ပဲတီစိမ်း       ၂ဝဝ၉ ခုနှစ်အတွင်း ပဲတီစိမ်းထွက်ရှိမှုလျော့နည်းခဲ့တာ ကြောင့် ၂ဝ၁ဝ နှစ်စပိုင်းမှစပြီး ပဲတီစိမ်း ၁ ကီလိုဂရမ်လျှင် ၁၂ ယွမ်အထိဈေးနှုန်းမြင့်တက်ခဲ့ပြီး မြို့တော်ကြီးတွေမှာ ပဲတီစိမ်း သိုလှောင်ရောင်းဝယ် ဈေးကစားမှုများဖြစ်ပေါ်ခဲ့ သဖြင့် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်နှင့်ဒေသအာဏာပိုင် များ ပူးပေါင်း ပြီး ပဲတီစိမ်း သိုလှောင်ရောင်းဝယ် ဈေးကစားသူများနဲ့ ကုမ္ပဏီများအား ဒဏ်ကြေးငွေယွမ် ၁ သန်း အထိ ပြစ်ဒဏ် ချမှတ် ထိန်းသိမ်းခဲ့ရပြီး နှစ်လကျော်ကာလအတွင်း ဈေးနှုန်း များ ပြန်လည်တည်ငြိမ်ကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။ ချင်း        ယခုနှစ်အတွင်း ရာသီဥတုအခြေအနေကြောင့် ချင်း ထွက်ရှိမှု လျော့နည်းခဲ့ရာ ဇူလိုင်လခန့်မှစ၍ ချင်းဈေးနှုန်းများ ၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်ကုန်စည်ဈေးကွက် ထူးခြားချက် မြင့်တက်လာခဲ့ပြီး ချင်းအဓိကစိုက်ပိုျးတဲ့ ပြည်နယ်တွေမှာ တောင် ချင်း ၁ ကီလိုဂရမ်ကို ၄ ဒသမ ၅ ယွမ် (၃၂၈ ဒသမ ၆) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ သိရှိရပါတယ်။ ပြောင်း       တရုတ်နိုင်ငံဟာ ပြောင်းထုတ်လုပ်မှုနှစ်စဉ် တိုးတက်နေ ပေမဲ့ သုံးစွဲမှုကလည်း အလားတူမြင့်တက်နေရာ ပြောင်းတင် သွင်းမှုမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိပါတယ်။၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း ပြောင်းဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့တဲ့ အတွက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်နဲ့ ပြည်နယ်ကောက်ပဲသီးနံှ စီမံခန့်ခွဲရေးဌာနတို့မှ ပြောင်းဈေးနှုန်းများ တည်ငြိမ်စေရန် ပြည်တွင်းမှာ အရန်သိုလှောင်ထားတဲ့ ပြောင်းတွေ ကို လေလံတင်ရောင်းချ ပေးခဲ့ ပြီး ပြောင်းဈေးနှုန်းကို ထိန်းခုျပ်ခဲ့ရတဲ့အပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ အနေနှင့် ပဲပြောင်းသိုလှောင် ရောင်း ဝယ်ဈေးကစားမှုများကြောင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ် ဖို့ မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။ ဝါ       ၂ဝ၁ဝ ခုနှစ်အတွင်း ဝါထွက်ရှိမှုလျော့ကျခဲ့သော်လည်း ပြည်တွင်းဝယ်လိုအားမြင့်တက်ခဲ့လို သြဂုတ်လမှစတင်ပြီး ဈေးနှုန်းများမြင့်တက်ခဲ့ရာစက်တင်ဘာလခန့်မှာ ၂ဝ ရာခိုင်နှုန်းခန့်အထိ မကြုံစဖူးထူးကဲစွာ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရှိအထည်ချုပ်လုပ်ငန်းများအနက် အသေးစားနှင့် အလတ်စားအထည် ချုပ်လုပ်ငန်းများမှာ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်ခြင်း၊ လုပ်သားခကြီးမြင့်ခြင်းစတဲ့ အခက်အခဲများ အပြင် ငွေကြေး အကျပ်အတည်းများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဟင်းသီးဟင်းရွက်        တရုတ်နိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ရာသီဥတု ဆိုးရွားခဲ့တာကြောင့် မြို့တော် ၃၆ မြို့တော်ရှိ ဟင်းသီး ဟင်းရွက်အမျိုးအစား ၁၈ မျိုးခန့်မှာ ဈေးနှုန်း ၆၂ ဒသမ ၄ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ သကြား          ကမ္ဘာ့သကြားဈေးနှုန်းများမြင့်တက်လာခဲ့တဲ့အတွက် ပြည်တွင်းသကြားထုတ်လုပ်မှုလုပ်ငန်းများ တွက်ခြေကိုက်မှု နည်းကာထုတ်လုပ်မှုလျှော့ချခဲ့သဖြင့် သကြား ၁ တန်ဈေးနှုန်း မှာ ယခင်နှစ် ၂ဝဝ၉ ခုနှစ်က ယွမ် ၄ဝဝဝ သာရှိသော်လည်း ၂ဝ၁ဝ ခုနှစ်မှာ ယွမ် ၆ဝဝဝ အထိဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်ပရဆေးပင်များ         ၂ဝ၁ဝ ခုနှစ်အတွင်း တရုတ်အိမ်သုံးဆေးဝါးများမှာ အသုံးပြုတဲ့ ပရဆေးပင်အမျိုးအစား လေးပုံတစ်ပုံ ကျော်ခန့် မှာ ဈေးနှုန်း ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့ပါတယ်။          အချို့ရှားပါးပရဆေးပင်များမှာ စိုက်ပျိုးထုပ်လုပ်မှုစရိတ် ကြီးမြင့်တဲ့ အတွက်တရုတ်ဆေးဝါးကုမ္ပဏီများမှ ထုတ်လုပ်မှု လျှော့ချခဲ့တဲ့အပြင် ရာသီဥတုဒဏ်ကြောင့်လည်း ထုတ်လုပ် မှု ကျဆင်းခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ ပြည်တွင်းဝယ်လို အား မြင့်တက်ခဲ့တာကြောင့် ၃ဝဝ ရာခိုင်နှုန်းအထိ ဈေးနှုန်း များ စံချိန်တင်ကြီးမြင့်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ စကိုင်းနက်၊Source: Chinadaily.com

Tuesday, 1 Feb 2011

ချင်းရွှေဟော်မှ ကြံပို့ပြီ             ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ် နိုင်ငံသို့ ဇန်နဝါရီ လဆန်းပိုင်းမှာ ကြံတန်ချိန် ၂ဝဝ တင်ပို့ နိုင်ခဲ့ပါတယ်။ ကွမ်လုံဒေသမှာ ကြံ ထွက်ရှိပြီး တရုတ်ဖက်က ဝယ်လိုအား ကောင်းတဲ့အတွက် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြံတစ်တန် မိမိဖက် မြေပြင်ပေါက်ဈေးက ကျပ် ၂၅ဝဝဝ ရှိပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ ယွမ် ၂၇ဝရှိကြောင်း သိရ ပါတယ်။ မျိုးသန့်

Tuesday, 1 Feb 2011

ယွမ် ၈ဝဝဝ အထိ တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တရုတ်သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထား               မြန်မာ-တရုတ် နယ်စပ်ရှိ ယူနန်ပြည်နယ် ကိန်းမားခရိုင်၊ လင်ချန်းဒေသ၊ ယင်ကျန်းခရိုင်၊ လိုင်ရင်းဒေသ များရဲ့ သွင်းကုန်မူဝါဒအချို့ကို အသိပေးလိုပါတယ်။ တရုတ်နိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းရဲ့တန်ဖိုးယွမ် ၈ဝဝဝ (ကန်ဒေါ်လာ ၁၂ဝဝခန့် /ကျပ် ၁ဝ သိန်း)ထိကို သွင်းကုန်အခွန်ကောက်ခံခြင်းမပြုဘဲ သယ်ဆောင်ခွင့် ပြုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ တင်ပို့တဲ့ကုန်ပစ္စည်းအပေါ်  SPT ပုံစံပူးတွဲတင်ပြပါက အခွန်နှုန်းထားများ လျော့ပေါ့ ကောက်ခံ ပေးလျက် ရှိပါတယ်။                မြန်မာနိုင်ငံအတွင်းသို့ မျိုး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုများနဲ့ စိုက်ပျိုးစရိတ် အထောက်အပံ့ရယူ စိုက်ပျိုးတဲ့ ကြံနဲ့အခြား ဘိန်းအစားထိုးသီးနံှများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်သွင်းမယ်ဆိုလျှင် အခွန်ကောက်ခံမှု လုံးဝ မရှိပါဘူး၊ ကိုတာစနစ်နဲ့တင်သွင်းခွင့်ပြုထားတဲ့ ဆန်၊ ပြောင်း၊ ရော်ဘာစတဲ့ပစ္စည်းများအပေါ် တရုတ်နိုင်ငံကုမ္ပဏီဟာ တရုတ် နိုင်ငံကုန်သွယ်ရေးဌာနရဲ့ ခွင့်ပြုချက်လိုင်စင်ကို ၆ လတစ်ကြိမ် လျှောက်ထားရယူ တင်သွင်းလျက်ရှိပါတယ်။ Source: SaSaDa,MIRT (DOBT)  

Sunday, 30 Jan 2011

နှစ်ကူးအမီ အရောင်းအဝယ်သွက်တဲ့ ပြောင်းဈေးကွက်             ယခုတစ်ပတ် မန်းပြောင်းဈေးကွက်မှာ တရုတ်ဝယ်လက်သမားတို့ အဝယ်ရှိသလို လှောင်လက်သမားများမှလည်း အဝယ်ရှိလာတာကြောင့် ယခင် အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ရှမ်းပြောင်း ဝင်ရောက်မှုနည်းသွားပြီး၊ မြင်းခြံ-ပခုက္ကူဒေသများမှ ဃဏ ပြောင်းများအပြင် အခြား နယ်စုံမှလည်း ဗမာပြောင်းများ ဝင်ရောက်လာပါတယ်။ ယခင်တစ်ပတ်က ရှမ်း ပြောင်း တစ်ပိဿာ ၂၄၁ ကျပ် (တစ်တန် ၁၄၇၅ဝဝ ကျပ်)၊ ပြောင်းဗမာတစ်ပိဿာ ၂၃၁ ကျပ် (တစ်တန် ၁၄၁၄ဝဝ ကျပ်) အထွက်တိုးပြောင်းတစ်ပိဿာ ၂၅၅ ကျပ် (တစ်တန် ၁၅၆၁ဝဝ ကျပ်) ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ရှမ်ပြောင်းနဲ့ ဗမာပြောင်းတစ်ပိဿာ ၂၅၉ ကျပ် (တစ်တန် ၁၅၈၆ဝဝ ကျပ်)၊ အထွက်တိုး ပြောင်းတစ်ပိဿာ ၂၇၄ ကျပ် (တစ်တန် ၁၆၇၇ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး၊ အရောင်းအဝယ်အနည်းငယ်သွက်လာပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၇၇ဝ တင်ပို့မှုရှိခဲ့သလို အခိုျ့ကုန်သည်များကလည်း တရုတ်နှစ်သစ်ကူး မတိုင်မီ တင်ပို့ရောင်းချမှု သွက်လာတဲ့အတွက် ဈေးမာလာတာဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                                        ကျော်ကျော်မိုး

Sunday, 30 Jan 2011

 ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင်          ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၃၃ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄ဝ၃၄ တန် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန်ချိန် ၂၇ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ မလေးရှားကို တန် ၃၆ဝ၊ အိန္ဒိယကို တန် ၂၃ဝ၊ စင်္ကာပူကို တန် ၂၄ဝ နဲ့ ပါကစ္စတန်ကို တန် ၅ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သိရပါတယ်။ KZW

Sunday, 30 Jan 2011

 ရော်ဘာဈေးနှုန်း ဧပြီလတိုင်အောင် မြင့်တက်နိုင်ဖွယ်ရှိ         ရောင်းလိုအား အကျပ်အတည်းကြောင့် အနည်းဆုံးဧပြီလတိုင်အောင် ရော်ဘာဈေးနှုန်း ဆက်လက် မြင့်တက်နိုင်ကြောင်း၊ (ANRPC)အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဆောင်းရာသီကာလ ဖြစ်တာကြောင့် ဧပြီလတိုင်အောင် ရောင်းလိုအားအကျပ်အတည်းရှိနိုင်ပြီး မေလမှ နှစ်ကုန်အထိကတော့ အခြေအနေကောင်း လာမှာဖြစ်ကြောင်း၊ ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားခဲ့ပါတယ်။ဆောင်းရာသီ ဟာရော်ဘာထုတ်လုပ်မှု ကျဆင်းတတ်ပါတယ်။ အိန္ဒိယ ရော်ဘာပြပွဲ ၂ဝ၁၁ မှာ ၎င်းပညာရှင်က ရော်ဘာရောင်းလိုအား ၅ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိကြောင်းနဲ့ တကယ်လို့ ရာသီဥတုက ပုံမှန်ရှိမယ်ဆိုရင်တောင် အပင်ပျိုတွေရဲ့ အစေး ထွက်နှုန်း ကျဆင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (ANRPC)အသင်းဝင်နိုင်ငံများရဲ့ ထုတ်လုပ်မှုက လွန်ခဲ့တဲ့နှစ်ထက် ၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၉ ဒသမ ၈၇ သန်းကိုရောက်နိုင်ကြောင်း သိရပါတယ်။ (ANRPC)ရဲ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုဇယားကို ဖော်ပြလိုက်ပါတယ်။ခုနှစ်    စိုက်ဧရိယာ(ဟတ်တာ)   စတင်ထုတ်လုပ်သည့်နှစ်    အထွက်နှုန်း(တန်ချိန်)  ANRPC ၏   နှစ်စဉ်ပြောင်းလဲမှု                                                                                         အထွက်ရာခိုင်နှုန်း(၂ဝ၁ဝ) ရာခိုင်နှုန်း၂ဝဝ၄           ၂၃၃ဝဝဝ               ၂ဝ၁၁                        ဝ .၃၇               ၃ .၉               ၃ .၉၂ဝဝ၅            ၃၃၇ဝဝဝ              ၂ဝ၁၂                       ဝ .၉၂                ၉ .၇               ၅ .၈၂ဝဝ၆            ၄၅၁ဝဝဝ              ၂ဝ၁၃                       ၁ .၆ဝ                ၁၇ .ဝ             ၇ .၂၂ဝဝ၇            ၅၁၈ဝဝဝ              ၂ဝ၁၄                       ၂ .၄ဝ                ၂၅ .၅             ၈ .၅၂ဝဝ၈            ၅၄၄ဝဝဝ              ၂ဝ၁၅                        ၃ .၃၃               ၃၅ .၃             ၉ .၈၂ဝဝ၉            ၃၅၁ဝဝဝ              ၂ဝ၁၆                        ၃ .၉ဝ                ၄၁ .၄             ၆ .ဝ၂ဝ၁ဝ            ၃၂၅ဝဝဝ              ၂ဝ၁၇                         ၄ .၄၂                ၄၆ .၉          ၅ .၆              ဒါကလည်း တစ်နှစ်ပတ်လုံးမှာ ရော်ဘာစိုက်ဧကစုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းက သက်နုအပင်တွေ ဖြစ်ခဲ့ရင် ထွက်ရှိနိုင်တဲ့ အထွက်နှုန်း ဖြစ်ပါတယ်။ ရော်ဘာက ၆ နှစ်ခန့်အကြာမှာ စတင်အစေးထုတ်နိုင်ပြီး ၁ဝ နှစ်နဲ့ ၁၉ နှစ်ကြားမှာ အစေး ထွက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အပင်အိုသွားရင်အထွက်နှုန်းကျသွားပြန်ကြောင်း သိရပါတယ်။ ယခုနှစ်မှာ အထွက်နှုန်းကျ စေနိုင်တဲ့ အကြောင်းများကတော့ ၂ဝဝ၃ ခုနှစ်မှာ စိုက်ပျိုးမှုနည်းခဲ့ပြီး ဟက်တာ ဝ ဒသမ ၂၃၃ သန်းသာရှိခဲ့လို့ ဖြစ်ပါတယ်။ ဒီစိုက်ပျိုးမြေ ပမာဏဟာ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်နိုင်တဲ့ ဧရိယာရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခုနှစ်မှာတော့ စတင် အစေးထုတ် နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။              ဒါပေမဲ့ ယခုအခါ ရော်ဘာဈေးနှုန်းတွေတက်တာတဲ့အတွက် အပင်အိုများနေရာမှာ ပြန်လည်အစားထိုး စိုက်ပိုျးဖို့ လွန်ခဲ့တဲ့ (၂)နှစ်က ရွှေ့ဆိုင်းထားတာကို ပြန်လည်လုပ်ကိုင်လာစေရန် စေ့ဆော်ရာရောက်စေပါတယ်။ သက်တမ်းလွန်အပင်များ က အထွက်နှုန်းကျဆင်းတာကြောင့် ၂ဝ၁၁ မှာ တောင်သူများအသစ်တိုးခဲျ့ စိုက်ပိုျးဖွယ် ရှိကြောင်း ၎င်းပညာရှင်က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာက ထိုင်းနိုင်ငံမှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးခဲ့တာကြောင့် ရော်ဘာပင် (၁၆ဝဝဝ) ဟက်တာ ပျက်ဆီးခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က ရော်ဘာစေးထုတ်လုပ်နိုင်တဲ့ ဧရိယာတွေကို ခဲျ့ထွင်ခဲ့ပေမဲ့ စိုက်ပျိုးသူများက မြုံနေတဲ့အပင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စိုက်ဧရိယာတိုးခဲျ့ပေမဲ့ မြုံနေတဲ့အပင်တွေပါဝင် နေရင်တော့ ထုတ်လုပ်မှုက အကန့်အသတ်ရှိနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။အလုပ်သမား စရိတ်ကြီးမြင့်ခြင်းနဲ့ ရော်ဘာ ဈေးနှုန်းမြင့်တက်ခြင်းက စိုက်ပျိုးသူများကို ပစ်ပယ်ထားတဲ့အပင်များကို စုစည်းအာရုံ စိုက်စေကြောင်းသိရပါတယ်။လက်ရှိအပင် တွေက ၁၉၈ဝ ဝန်းကျင်က စိုက်ပျိုးခဲ့တာကြောင့် ယခုအချိန်မှာ သက်တမ်းကြောင့်အထွက်နှုန်းကျတဲ့အချိန်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။သက်တမ်းလွန်အပင်များအထွက်နှုန်း ကျနေပေမဲ့ ပုံမှန်မဟုတ်တဲ့ဈေးနှုန်းတက်ခြင်းက စီးပွားရေးအလားအလာ ကောင်းစေကြောင်းသိရပါတယ်။၂ဝဝ၇ ခုနှစ်က ရော်ဘာတစ်ကီလိုဂရမ်ကို ၂ ဒေါ်လာဈေးပေါက်ခဲ့စဉ်က သက်တမ်းအနှစ် (၃ဝ) ရှိတဲ့အပင်တစ်ဟက်တာကို (၁၁ဝဝ) ကီလိုဂရမ်ထွက်ရှိပြီး စိုက်ပိုျးသူက ဒေါ်လာ ၂၂ဝဝ ရရှိပါတယ်။ယခုနှစ်မှာတော့ အထွက်နှုန်းကျရင်တောင် ရော်ဘာဈေးနှုန်းတစ်ကီလိုဂရမ် ၅ ဒေါ်လာရတာကြောင့် စိုက်ပျိုးသူက ဒေါ်လာ ၂၅ဝဝ ရနိုင်ကြောင်းသိရပါတယ်။ဒါ့အပြင်ရော်ဘာစိုက်ပိုျးနေကြ မဟုတ်တဲ့ဒေသတွေကလည်း ၎င်းဒေသကစိုက်ပျိုးသူတွေက ရော်ဘာ စိုက်ပျိုးရေးမကျွမ်းကျင်သေးတာကြောင့် အထွက်နှုန်းကျနေကြောင်း သိရပါတယ်။ကျွမ်းကျင်တဲ့ ရော်ဘာလုပ်သားတွေ ပြတ်လတ်မှုကလည်း စီးပွားရေး ပြန်လည်ဦးမော့ရေးနဲ့ စိုက်ပျိုးရေး အလုပ်အကိုင်အခွင့်အလမ်း တွေကို ထိခိုက်စေကြောင်း သိရပါတယ်။ လာမယ့်နှစ်မှာတော့ ခြံသစ်တွေက စိုက်ပိုျးပင်တွေ အစေးထုတ်ဖို့အသစ်ဖြစ်နေပြီး ရော်ဘာရောင်းလိုအား တက်လာနိုင်ကြောင်း သတင်းရရှိပါတယ်။ ှSource: Business on line,KZW

Sunday, 30 Jan 2011

ဒီတစ်ပတ် နယ်စပ် အပို့ တန် ၈ဝဝ ကျော်သာရှိ             ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နဲ့ထိုင်းနိုင်ငံတို့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသထွက် ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာ တန် ၁၂၂ဝ ကျော်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ တန်ချိန် ၃၆၅ တန်ကျော် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ RSS-3 အဆင့်နဲ့ MSR-50 အဆင့်များ တင်ပို့မှု များသော် လည်း မန္တလေး-မူဆယ်သယ်ယူစရိတ်နှုန်းထားများမှာ ထပ်မံမြင့်တက် လျက်ရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုကိုထိန်းပြီး လုပ်ဆောင်နေကြတာကြောင့်လို့ သိရပါတယ်။ ပို့ကုန်သယ်ယူခ နှုန်းထားများမှာ ယခင်အပတ်က ၁ ပိဿာ ၉၅ ကျပ်ရှိခဲ့ရာမှ ယခုအပတ်မှာ ကျပ် ၁၄ဝ ထိ မြင့်တက်လာလျက် ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှုများမှာ မူဆယ်မှ RSS-1 တန် ၅ဝ ၊ RSS-3  ၂၁၄ တန်ခွဲ၊MSR-20 ၈၇ တန်ကျော်၊ MSR-50၂ဝ၆ တန်၊ ချင်းရွှေဟော်မှRSS-1 ၉၉ တန်ခန့်နဲ့ RSS-3  တန် ၁ဝဝ၊ မြိတ်မှ MSR-50 တန် ၁ဝဝ ဖြစ်ပါတယ်။ အဆင့်အလိုက် တင်ပို့ နိုင်မှုများကတောRSS-1 ၁၄၉ တန်ခန့်၊RSS-3 ၃၁၄ တန်ခွဲ၊ MSR-20 ၈၇ တန်ကျော်နဲ့MSR-50 ၃ဝ၆ တန်ဖြစ်ပါတယ်။ တရုတ်ဈေးကွက် ရော်ဘာဝယ်ဈေးတွေကတော့RSS-3  တစ်တန် ယွမ် ၃၁ဝဝဝ နဲ့ RSS-5 တစ်တန် ယွမ် ၂၉၅ဝဝ အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                             မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု              ယခင်      ပြောင်းလဲမှု       %         ယခု       ယခင်   ပြောင်းလဲမှု     %RSS-(3)    ၃၉၅၅၃၁ဝ   ၃၉၅၅၃၁ဝ                          -        ၄၇ဝ၂      ၄၆၉၇      ၅            ဝ .၁RSS-(5)    ၃၇၂၂၅၁ဝ   ၃၇၂၂၅၁ဝ                          -        ၄၄၇၅      ၄၄၇ဝ      ၅            ဝ .၁MIRT (DOBT)

Sunday, 30 Jan 2011

တစ်ပတ်အတွင်း တန် ၁၃ဝဝ ကျော် တင်ပို့              ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန်ချိန် ၁၅၆၅ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၂၂၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3  တန် ၃ဝဝ၊ RSS-5 တန် ၄ဝ၊ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ မလေးရှားကို MSR-50  တန် ၁၄ဝ၊ RSS-3 ၉၇ တန်၊RSS-5 ၇၂ဝ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့တဲ့  FOB ဈေးနှုန်းတွေကတော့RSS-3  တစ်တန်ကို ဒေါ်လာ ၄၉ဝဝ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW 

Sunday, 30 Jan 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု               မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်              ရေတွက်ပုံ          မိမိဘက်ဈေး (ကျပ်)           တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း (ကြီး)               တန်                    ၁၂၁၁ဝ၇၉                        ၉၁၈ဝရော်ဘာအဆင့်-၅            တန်                     ၃၇၂၂၅၁ဝ                      ၂၉၅ဝဝနှမ်းနက်                        တန်                     ၁၅၉၁၃၁၄                      ၁၁၇၈ဝ         မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ဆပ်ပြာမှုန့်၊ ပန်းသီး၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည်              ရေတွက်ပုံ                မိမိဘက်ဈေး (ကျပ်)              တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆပ်ပြာမှုန့်                    ပါကင်                         ၈၅ဝဝ                                 ၄၁၁ပန်းသီး                          တန်                        ၃ဝဝဝဝဝ                            ၁၄၈၆၅ဝက်အရှင်                       ကီလို                        ၂ဝဝဝ                                 ၉၈                                                                                                             ကေသွယ်             မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်တို့တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်  ပစ္စည်းအမည်             ရေတွက်ပုံ                        မိမိဘက်ဈေး (ကျပ်)               တစ်ဖက်နိုင်ငံဈေး (တာကာ)ရေငန်ပုစွန်                      တန်                           ၄ဝ၂ဝဝဝဝ                                ၃၅၉ဝဝဝငါးကုန်းညိုခြောက်              တန်                            ၁၆ဝဝဝဝဝ                               ၁၃၅၁ဝဝငါးစံုံလေးခြောက်               တန်                               ၄၅ဝဝဝဝ                              ၄၃၅ဝဝ                                                                                                                       မြတ်မြတ်ထွန်း

Pages