Main menu

Background

Sunday, 3 Apr 2011

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု               မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ၁၃၅၄ ဒေါ်လာတန်ဖိုးရှိ ချင်းတောင် ပန်းသီး ၅ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂၈၅ဝဝ ကျော်တန်ဖိုးရှိ တရုတ်ပန်းသီး တန် ၄ဝဝ ကျော်တင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပန်းသီးအပြင် ယခုအပတ်မှာ ကန်ဒေါ်လာ ၅၈၂၇ဝ ကျော်တန်ဖိုးရှိ ပျားလိမ္မော် ၂၁၅ တန်ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ မိမိဘက်ကနေ ယခုအပတ်မှာ ဖရဲသီး တင်ပို့နိုင်မှုတွေကတော့ မောင်တောက ၂၇ တန်ခန့်နဲ့ မူဆယ်မှ ၉၄၂၈ တန်တင်ပို့နိုင်ခဲ့ပြီး သခွားမွှေး ၆၁၅၄ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး ၁၃၈၂ တန်နဲ့သခွားမွှေး တန် ၁၆ဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သခွားမွှေး ယခုအပတ်အတွင်း ဟိုင်းလက်ကား၊ (၆)ဘီး ကားတွေနဲ့ အစီးရေ ၁ဝဝ ထိ ဝင်တဲ့နေ့ရှိသလို အနည်းဆုံးဝင်တဲ့နေ့မှာ အစီး (၆ဝ)လောက် ရှိနေပါတယ်။ ရွှေသခွားမွှေး တစ်ကီလိုကို ၆ ယွမ်မှ ၇ ယွမ်၊ ဖရဲသခွား ၆ ယွမ်နဲ့ ပိုက်ကွက်သခွားမွှေး ၅ယွမ်နှုန်း ဈေးပေါက်နေပါတယ်။ MIRT (DOBT)

Sunday, 3 Apr 2011

လယ်ယာထွက်ကုန်နဲ့ သစ်တောထွက်ကုန်များ မတ်လတတိယပတ်မှာ ပိုမိုတင်ပို့နိုင်                    လွယ်ဂျယ်နယ်စပ်မှ မတ်လတတိယပတ်မှာ တစ်ဘက်နိုင်ငံသို့ လယ်ယာထွက်ကုန် ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီး၊ ဆီးသီးခြောက်၊ နေလဲစေ့နဲ့ သစ်တောထွက်ကုန် ကြိမ်နဲ့ ရှားစေးများလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လ ဒုတိယပတ်မှာ လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၄၃၃၁၇ တန်ဖိုးရှိ ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီးများ ၁၁၇ တန် တင်ပို့မှုရှိခဲ့ပြီး ယခုတတိယပတ်မှာတော့ ကျပ် ၁၇၁၉၁၂ တန်ဖိုးရှိ လယ်ယာထွက်ကုန်နဲ့ သစ်တောထွက်ကုန် တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၉ဝဝ နီးပါး တင်ပို့မှု ပိုမို ခဲ့ပါတယ်။ မတ်လတတိယပတ်မှာ တင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်များကတော့ ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီး၊ ဆီးသီးခြောက်၊ နေလဲစေ့၊ သစ်တောထွက်ကုန် ကြိမ် (FQ) နဲ့ ရှားစေးတို့ဖြစ်ပါတယ်။ Source: နကသ MIRT (DOBT)

Sunday, 3 Apr 2011

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတန် ၈ဝ ကျော်တင်ပို့                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၈၄ဝဝဝ တန်ဖိုးရှိ ကွမ်းသီးခြောက် ၈၁ တန်ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှကွမ်းသီး ၁၃၁၅ ဒသမ ၃၁၅ တန်တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၁ ဒသမ ၂၅၈ သန်းဖိုးတင်ပို့ထားပြီးဖြစ်ပါတယ်။ခင်မိုးသူ(l MIRT)

Sunday, 3 Apr 2011

မောင်တောနယ်စပ်မှတစ်နှစ်တာကာလအတွင်း ဝါးတင်ပို့မှုမှ ကန်ဒေါ်လာ ၂ သိန်းကျော်ရ                 မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မောင်တောနယ်စပ်မှ ချင်ဝါး ဒါဇင် ၃၁၇၈ဝဝ နဲ့ကွမ်းတိုင်ဝါး ဒါဇင် ၁၁၉ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၁၂ဝဝ ကျော်ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ် ကနေ အဓိကတင်ပို့တဲ့ ပို့ကုန်တွေ ထဲမှာ ရေထွက်ကုန်ပြီးလျှင် ဝါးဟာ နေရာယူထားတာ ဖြစ်ပါတယ်။ ဝါးတွေ ကို တစ်ဖက်နိုင်ငံကို ဖောင်ဖွဲ့ပြီး သယ်ယူတင်ပို့တာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း မောင်တောနယ်စပ်မှ ဝါးတင်ပို့နိုင် မှုကတော့ဒေါ်လာ ၂ဝ၇၈ဝဝ ကျော် တန်ဖိုးရှိ ဝါးလုံးပေါင်း ၇၆၉၃၇ဝဝ လုံး ဖြစ်ပါတယ်။ မြင့်မြင့်မာ(MIRT) 

Sunday, 3 Apr 2011

ရိဒ်နယ်စပ်မှ ဝက်အရှင် ကျပ် ၁၁ သန်း ကျော်ဖိုး တင်ပို့               မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းရိဒ်နယ်စပ်မှ ကျပ် ၁၁ ဒသမ ၁၃ တန်ဖိုးရှိ ဝက်အရှင် ၈၁၂၇ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၂၅ဝဝ ကျော် ယခုအပတ်မှာပိုမိုတင်ပို့နိုင် ခဲ့တယ်လို့သိရပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှဝက်အရှင် ၃၂၄ ဒသမ ၈၄၇ တန် ကျပ်သန်း ပေါင်း ၄၃၇ ဒသမ ၄၄၅ ဖိုးတင်ပို့ထားနိုင်ခဲ့ပါတယ်။  ခင်မိုးသူ(l MIRT)

Sunday, 3 Apr 2011

လွယ်ဂျယ်မှ ဖရဲသီး တန် ၅၅ဝ ကျော် မတ်လ တတိယပတ်မှာ တင်ပို့နိုင်                   မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လတတိယပတ်မှာ ကျပ် ၄ ဒသမ ၅၄ သန်း တန်ဖိုးရှိဖရဲသီး တန် ၅၅ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ၉ တန်တင်ပို့ခဲ့ပြီးနောက် ဖရဲသီးတင်ပို့မှု မရှိပဲ ရပ်တန့်လျက်ရှိရာမှ ယခုမတ်လ တတိယပတ်မှာ တန် ၅၅ဝ ကျော် တင်ပို့လာနိုင်တာဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ဖရဲသီး တန် ၄၉၇၇ တန် တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ှSource: နကသ MIRT (DOBT)

Thursday, 31 Mar 2011

တရုတ်ပြည်တွင် ဆားလုံလုံလောက်လောက်ရှိဟု တရုတ် စီးပွားကူးသန်းဝန်ကြီးဌာန ကြေညာထား                  ဂျပန် နျူကလီးယား အကျပ်အတည်း ပြဿနာကြောင့် ရေဒီယို သတ္တိြွကမှု (radiation) ဒဏ်ကို ကာကွယ်ဖို့ တရုတ်နိုင်ငံရှိ ပေဂျင်းနဲ့ ရှန်ဟိုင်း အပါအဝင် နေရာတော်တော်များများတွင် ဆားဝယ်လိုအား ရုတ်တရက် မြင့်မားသွားကြောင်း သိရပါတယ်။ ဒါကြောင့်မတ်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အခြားအစိုးရ ဌာနတွေနဲ့ပူးပေါင်းပြီး ဆားရုတ်တရက် ဝယ်ယူမှုများလာခြင်းကို ရပ်တန့်စေလိုကြောင်း၊ ပြည်တွင်း ဆားသိုလှောင်ထားမှု လုံလုံလောက်လောက် ရှိကြောင်း ၎င်းရဲ့ဝက်ဘ်ဆိုက်တွင် ကြေ ညာထားပါတယ်။                   တရုတ်က နှစ်စဉ် ဆားတန်ချိန် သန်း ၈ဝ ကျော်ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးမှုမှာ တန်ချိန် ၈ သန်းသာ ဖြစ် ကြောင်း၊ တရုတ်နိုင်ငံတွင် ၃ လစာ အတွက်ဆားကို လုံလုံလောက်လောက် အမြဲတမ်း သိုလှောင်ထားရှိကြောင်း ဖော်ပြထားပါတယ်။                                                               Source:chinadaily.com, ပပ 

Thursday, 31 Mar 2011

ဗီယက်နမ် လတ်ဆတ်သစ်သီး ပြည်ပတင်ပို့မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ               ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များဟာ ၎င်းတို့ရဲ့ ထုတ်ကုန်များ ငြင်းပယ်ခံရမှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် ၎င်းတို့ကုန်များကို လျှော့ဈေး နဲ့ ရောင်းချရောင်း ဒါမှမဟုတ် တရုတ် နိုင်ငံကို တင်ပို့ရမယ့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် အစပိုင်းကစပြီး ဗီယက်နမ်လတ်ဆတ် သစ်သီးများဟာ ကမ္ဘာ့ ွGAP  စံချိန် စံညွှန်းနဲ့မမီဘူးဆိုပြီး ဥရောပနိုင်ငံများစွာက တင်သွင်းမှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းခဲ့ရပါတယ်။ ဂရိတ်ဖရုသီးဈေးဟာ တစ်ကီလိုကို ဒေါင် ၁ဝဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၈)ကျဆင်းပြီး ဒေါင် ၁၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၈၆) ဖြစ်လာပြီး တရုတ်လိုင်ချီး (Longan)  သီးက တစ်ကီလို ဒေါင် ၁၂ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၅၈) ကို ဒေါင် ၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၃၈) ကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဥရောပကို သစ်သီး တင်ပို့ခြင်းက သီးနံှတန်ဖိုးကို မြင့်တက်စေပြီး တောင်သူနဲ့ တင်ပို့သူများ အကျိုးအမြတ် ပိုမိုရရှိစေတယ်လို့ တောင်ပိုင်းသစ်သီးသုတေသနတက္ကသိုလ် ဒါရိုက်တာ Nguyen Minh Chau က ပြောကြားပါတယ်။ အကယ်လို့ ဗီယက်နမ်အနေနဲ့ လျှော့ဈေးဈေးကွက်တွေကို မီခိုနေမယ်ဆိုရင် စိုက်ပျိုးသူများ ဆုံးရှုံး နိုင်တယ်လို့ ဆိုပါတယ်။                 လတ်တလော ဥရောပဈေးကွက်များက ဗီယက်နမ်က ဂရိတ်ဖရုသီး၊ ငှက်ပျော၊ သင်္ဘောသီး၊ နဂါးမောက်သီး နဲ့ သရက်သီးလို အပူပိုင်းသစ်သီးတွေကို ဝယ်လိုကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ အနေနဲ့ အကောင်းဆုံးအဆင့်မြင့် စားသုံးတဲ့ ဈေးကွက်အတွက် စဉ်းစားပြီး သစ်သီးအားလုံးကို ကမ္ဘာ့ ွGAP စံချိန်မီ စေ လိုကြပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ပြည်ပဈေးကွက်ခဲျ့ထွင်ဖို့နဲ့ တောင်သူအကျိုးအမြတ် တည်ငြိမ်စေရေးတို့အတွက် ကမ္ဘာ့ GAP စံချိန် စံညွှန်းအတိုင်း ထုတ်လုပ်ဖို့ တောင်သူများကို မူဝါဒများအကြံဉာဏ်ပေးသင့် တယ်လို့ Minh Chau  က အကြံပြု ထားပါတယ်။                                                                                     ယမင်းခင် Source: VOVnews.Un  

Wednesday, 30 Mar 2011

ချင်းရွှေဟော်မှ ဖရုံသီးတင်ပို့မှု အားကောင်းနေ                        မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကွမ်းလုံ ဒေသထွက် ဖရုံသီး တန် ၁ဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ဝ၉ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇ဝ သာ တင်ပို့ခဲ့ တာမို့ ယခုအပတ် တန်ချိန်အားဖြင့် ၃ဝ ၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်း ခန့် တင်ပို့မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်မှာ ဖရုံသီး တစ်ကီလို ၁၃ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှ ၁ ဒသမ ၁၅ ယွမ် ဈေးပေါက် လျက် ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)

Wednesday, 30 Mar 2011

အိန္ဒိယနယ်စပ်မှ ယခုအပတ်ကွမ်းသီး တင်ပို့မှုရှိ               မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၈ တန်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။                  MIRT (DOBT)

Pages