Main menu

Background

Monday, 15 Oct 2012

အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်၊ စည်သွပ်ဘူး၊ ခေါက်ဆွဲ ခြောက် စတဲ့ စားသောက်ကုန်ပစ္စည်းများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး FDAရဲ့ထောက်ခံချက်ပါရှိက နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ထောက်ခံချက်ကို နေပြည်တော်နဲ့ရန်ကုန် တို့မှသာ လျှောက်ထား ရတာ ဖြစ်ပါတယ်။ ကုန်သည်လုပ်ငန်း ရှင်များ FDA ထောက်ခံချက်ရယူရာမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေရေး အတွက် မူဆယ်နဲ့ မြဝတီနယ်စပ်ကုန်သွယ် ရေး စခန်း (၂) ခုမှာ စက်တင်ဘာလအတွင်းက FDA  ရုံးခွဲ များ ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်။ FDA လျှောက်ထား မှုများအပေါ် (၁၀) ရက်အတွင်း ပြီးပြတ်အောင်ဆောင် ရွက် ပေးရန် ရက်သတ်မှတ်ပေးထားပါတယ်။ လွယ်ဂျယ်၊ ကန် ပိုက်တီးနဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများရဲ့ FDA လျှောက်ထားမှုကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ FDA ရုံးခွဲမှာ သွားရောက်လျှောက်ထားနိုင်ပြီ လို့ သိရပါ တယ်။

Monday, 15 Oct 2012

မြန်မာတို့ရဲ့ စားဖိုဆောင်သီးနှံအမျိုးမျိုးမှ သီးနှံတစ်မျိုး ဖြစ်တဲ့ ရွှေဖရုံသီးကို မိမိဒေသအတွင်း စိုက်ပျိုးကြကာ စားသုံး မှု ပိုလျှံတဲ့အတွက် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချ လျက် ရှိပါ တယ်။ ယခုနှစ်မှာလည်း ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် နမ့်ဟူး၊ ကောင်းကျဲ၊ ဟိုလီကျေးရွာများနဲ့ ဟိုပန်မြို့နယ်၊ ချင်းရွှေ ဟော်မြို့နယ်များမှာ စိုက်ပျိုးလျက်ရှိကြပါတယ်။ ရွှေ ဖရုံသီး ၁ တန်လျှင် ကျပ် ၂ သိန်းကျော် ရရှိကြောင်း ဖရုံစိုက်ပျိုး သူ တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။ မိမိဘက်မှာ ဖရုံသီး စိုက်ပျိုးထွက်ရှိတဲ့ရာသီ မှာ ဆောင်းရာသီဖြစ်ပါတယ်။ တရုတ် နိုင်ငံအတွင်း အအေးဓာတ်လွန်ကဲတဲ့အချိန် ဖြစ်နေတာ ကြောင့် သီးနှံစိုက်ပျိုးရန်ခက်ခဲတဲ့ ရှန်ဟိုင်းကဲ့သို့မြို့ကြီးများကို ဈေးကွက်ရှာ တင်ပို့ခဲ့တာလို့ သိရပါတယ်။ ယခုနှစ်မှာလည်း ရွှေဖရုံသီး တန်ချိန် ၃ သောင်းကျော် တင်ပို့နိုင်ရေး ကြိုးစား လျက်ရှိတယ်လို့ သိရပါတယ်။ ရွှေဖရုံသီးတင်ပို့ခြင်းကို တရုတ် ပြည်မကြီးအပြင် ဥရောပဈေးကွက်သို့  ထိုးဖောက် တင်ပို့ သွားမှာ ဖြစ်ပါတယ်။ ယခုအောက်တိုဘာလတွင် စတင် စိုက်ပျိုးတဲ့ရွှေဖရုံသီးမှာ လာမဲ့ဇန်နဝါရီလ မှာ ထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ ဈေးကွက်ကြိုတင်ရှာဖွေလျက် ရှိပြီး တောင်သူ များစိုက်ပျိုးထွက်ရှိသမျှဝယ် ယူပြီး ဈေးကွက်ကိုတင်ပို့မှာ ဖြစ်ကြောင်း၊ ကွမ်းလုံအခြေစိုက် ရွှေကွမ်းလုံကုမ္ပဏီမန်နေဂျာ က ရှင်းပြပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း မှ ရွှေဖရုံသီးများကို မကြာမီ တင်ပို့တော့မှာဖြစ်ရာ "ရွှေဖြစ်တော့ မည့် ချင်းရွှေဟော်'' လို့သာ တင်စားလိုက်ရ ပါတော့တယ်။အိုပါး (ချင်းရွှေဟော်)

Monday, 8 Oct 2012

ကမ္ဘာမှာ ပြောင်းဒုတိယအများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မှာ သြဂုတ်လအတွင်း ဖြစ်ပေါ်တဲ့ တိုင်ဖုန်းကြောင့် ပြောင်းခင်းများပျက်စီးပြီးနောက် ပြောင်းအထွက်ခန့်မှန်းတဲ့ ပမာဏ ထက် အနည်းငယ် တိုးထွက်မယ်လို့ ခန့်မှန်းခဲ့ တယ်လို့ ဘလွန်းဘတ်စစ်တမ်းအရ သိရပါတယ်။ ပြောင်းထွက် ရှိမှုဟာ ၂၀၁၁ ခုနှစ် ထက် ယခုနှစ်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမယ်လို့ သုတေသနပညာရှင် ၄ ဦးနဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှ ခန့်မှန်း ထားပါတယ်။ အဲဒီပမာဏဟာ USDA မှ ခန့်မှန်းထားတဲ့ပမာဏထက် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

Monday, 8 Oct 2012

ယခုအချိန်ဟာ ရှမ်းမြောက်ပြောင်းရာသီချိန်စပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၄၇၂ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ထက် ၁၄၇၈ တန်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်အပြင် ယခုအပတ်အတွင်းမှာ လွယ်ဂျယ်မှ တန် ၅၀ နဲ့ မြဝတီမှ ၈ တန်ခန့်လည်းအပို့ရှိခဲ့ပါတယ်။ ယခုအပတ် နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၅၂၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ နယ်စပ်မှပြောင်းဖူးစေ့ တန် ၂၄၂၀၀ ခန့်နဲ့ ဧပြီလမှစက်တင်ဘာလအထိပြောင်းဖူးစေ့ ၁၈၇၉၀၀ တန်တင်ပို့ ထားပြီးပြီလို့သိရပါတယ်။ အဝယ်တက်နေပေမဲ့ ပြောင်းအဝင်လှိုင်မှုကြောင့် မိမိဘက် ရောတစ်ဘက်နိုင်ငံမြေပြင် ဈေးများ ကျနေတာ တွေ့ရ ပါတယ် -

Monday, 8 Oct 2012

စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၇ သန်းတန်ဖိုးရှိ ရေချိုငါး ၈၄ တန်နဲ့  မောင်တော နယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၁၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရေထွက်ကုန် ၅၈၆ တန်ကျော်နဲ့ ဧပြီလမှစက်တင်ဘာလကုန်ထိ ၂၄၈၈ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 8 Oct 2012

မြန်မာ-တရုတ်နယ်စပ် မူဆယ်မှတစ်ဘက်နိုင်ငံရှိ စားသောက်ဆိုင်နဲ့မိသားစုဟင်းလျာ ချက်ပြုတ် စားသုံးရန် မျှစ်စိုနဲ့မျှစ်ခြောက်များကို စက်တင်ဘာလကစပြီး တင်ပို့လျက် ရှိနေပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်းတန်ဖိုးရှိ မျှစ်စို ၄၉ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ မျှစ်ခြောက် ၈ တန်ကျော်ကို အပို့ရှိခဲ့ပါ တယ်။ စက်တင်ဘာလအတွင်းမှာနယ်စပ်မှမျှစ်စိုနဲ့မျှစ် ခြောက်တင်ပို့နိုင်မှုတွေကတော့ မျှစ်စိုတန် ၁၀၀ ကျော်နဲ့ မျှစ် ခြောက် ၂၆ တန် ဖြစ်ပါတယ်။         MIRT(DOBT)

Monday, 8 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ စက်တင်ဘာ လ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၅၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၂၇ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။  မူဆယ်နယ်စပ်မှ ယခု အပတ်မှာ ငါးရှဉ့် ၁၃၈ တန် ကျော်၊ ရေခဲရိုက်ငါး ၁၅၂ တန်ကျော်၊ ကဏန်း ၉၉ တန်ကျော်၊ ငါးခြောက် ၁၃ တန်ခွဲ၊ ငါးအသားလွှာ တန် ၂၀ ကျော်၊ ပင်လယ်မျှော့ခြောက် ၁ တန်နဲ့ ငါးစည်ဖောင်း ၂ တန်ကျော်အပို့ရှိခဲ့ပါတယ်။စက်တင် ဘာလအတွင်းမှာ တရုတ်နယ်စပ်မှရေထွက်ကုန် ၅၇၉၂ တန်နဲ့ ဧပြီလမှ စက်တင်ဘာလထိရေထွက်ကုန် ၁၄၉၇၄ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာငါးရှဉ့် ရော ကဏန်းလေလံဈေးများ မိမိဘက်မှာယခင်အပတ်ထက် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ကဏန်းဈေးကတော့ တစ်ဘက် နိုင်ငံမှာယခင်ဈေးအတိုင်းပြောင်းလဲမှုမရှိတာတွေ့ရပါတယ်-

Monday, 8 Oct 2012

တရုတ်နယ်စပ်ရွှေလီမြို့မှာ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ  ၃ ရက်အထိ (၁၂) ကြိမ်မြောက် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ပွဲနဲ့ ပဉ္စမအကြိမ်မြောက် နိုင်ငံ တကာကျောက်မျက်ရတနာပြပွဲအခမ်းအနားကို သိုက်မြိုက် စွာကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ဟာ (၆၃) ကြိမ်မြောက် တရုတ်အမျိုးသားေ န့ ဖြစ်တဲ့အပြင် (၆၂) ကြိမ်မြောက် မြန်မာ-တရုတ်ချစ်ကြည်ရေးနေ့လည်း ဖြစ်ပါ တယ်။ ရွှေလီမြို့မှာ ကျင်းပတဲ့ ဆွေမျိုးပေါက်ဖော်ပွဲမှာ ရွှေလီ မြို့နဲ့ မူဆယ်မြို့ကို ညီအစ်မမြို့တော်အဖြစ် သဘောတူလက် မှတ် ရေးထိုးခဲ့ပြီး တိုင်းရင်းသား ရိုးရာကပွဲ၊ နွားလှည်းအလှပြိုင် ပွဲ၊ ကျောက်မျက်ရတနာအလှမယ်ပြိုင်ပွဲတို့မှာလည်း တရုတ် ဘက်ကယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်ခွဲ ရွှေလီ-ကျယ်ဂေါင်ဒေသခံများနဲ့ မြန်မာဘက်က မူဆယ်-နမ့်ခမ်း ဒေသခံများ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။                      သောင်းနိုင် (မူဆယ်)

Monday, 8 Oct 2012

မြန်မာနိုင်ငံ၏ စီးပွားရေး အလျင်အမြန် ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာစေရန် ဈေးကွက်သစ်များတိုးချဲ့ ရှာဖွေခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များထုတ်လုပ်နိုင်ရေး၊ အရည်အသွေးနှင့် အရေအတွက်ပါ တိုးတက်ကောင်းမွန်လာ စေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။  မြဝတီနယ်စပ်မှ ထိုင်း နိုင်ငံသို့လယ်ယာထွက်ကုန် တင်ပို့မှုတွင် ၂၀၁၂ စက်တင်ဘာ လ၌ ၄ ဒသမ ၄၃၄ သန်းတင်ပို့နိုင်ခဲ့ရာ ယခင်လထက်သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့ပြီး ယခုလအတွင်း အမယ်သစ်ပို့ကုန် အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးစိမ်း ၆ တန် တင်ပို့ခဲ့ရာ တန်ဖိုး ကန်ဒေါ်လာ ၂၁၀၀ ရရှိခဲ့ပါသည်။ ဆက်လက်တင်ပို့ ရန် ဆောင်ရွက်လျက် ရှိပြီး မြန်မာ့ ငရုတ်သီးစိမ်းများကို ထိုင်းနိုင်ငံမှ တစ်ဆင့် ဥရောပရှိ ဟော်လန်နိုင်ငံသို့ ဆက်လက် တင်ပို့ခြင်းဖြစ်ပြီး ငရုတ်ဆီ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုမည်ဟု တင်ပို့ခဲ့ သည့်ကုမ္ပဏီထံက သိရှိရပါသည်။ကျော်ဆန်းထွန်း (မြဝတီ)

Thursday, 4 Oct 2012

သကြားအများဆုံးတင်သွင်းတဲ့ တရုတ်နိုင်ငံမှာ ရာသီဥတုသင့်တင့်တဲ့အတွက် တောင်သူတွေ စိုက်ပျိုးမှု တိုးတက်ခဲ့လို့ ဒုတိယအများဆုံးသီးနှံ ကြံထွက်ရှိမှု ပိုမိုဖွယ် ရှိပြီး၊ ပြည်ပက ဝယ်ယူမှု လျော့ကျဖွယ် ရှိပါတယ်။ အောက်တိုဘာမှာ စတင်တဲ့ သကြားရာသီအတွင်း သကြားထွက်ရှိမှုက ၁၉ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၁၃ ဒသမ ၇ သန်းရှိမယ်လို့ လေ့လာဆန်းစစ်သူများနဲ့ ကုန်သည် ၉ ဦးကို စစ်တမ်း ကောက်ယူချက်အရ ခန့်မှန်းထားကြောင်း သိရပါတယ်။ တရုတ်သကြားအသင်းက ခန့်မှန်းတာကတော့ ယခုရာသီ စုစုပေါင်း သကြားထွက်ရှိမှုက တန်ချိန် ၁၁ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။

Pages