Main menu

Background

Sunday, 24 Jun 2012

    ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၄ သန်း တန်ဖိုးရှိတဲ့ မော်တော်ဆိုင်ကယ်အသစ် အစီး ၃၅၅၅ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၇၁၀ သန်းတန်ဖိုးရှိသုံးဘီးဆိုင်ကယ်အသစ် ၅၄၁ စီးကို တင်သွင်းလာတာ တွေ့ရပါတယ်။

Sunday, 24 Jun 2012

        စင်ကာပူနိုင်ငံနဲ့ မန္တလေးတိုင်းဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဆီဒိုးနားဟိုတယ် အမရပူရခန်းမမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ပါတယ်။

Sunday, 24 Jun 2012

        မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တစ်နေ့ ပျမ်းမျှသရက်သီးဖာ ၂၀၀၀၀ ဝန်းကျင်အဝင်ရှိနေတယ် လို့သိရပါတယ်။ အိတ်စွပ်သရက်တွေဈေးကောင်းရနေ တယ်လို့သိရပါတယ်။ အိတ်စွပ် စိန်တလုံး ၁၅ ကီလိုဂရမ်ပါ  ၁ ဖာကို ယွမ် ၁၁၀ နဲ့ ရွှေဟင်္သာကို ၁၁၁ ယွမ်ဝန်းကျင် ဈေးပေးပါတယ်။ အိတ်မစွပ်ရင်တော့ စိန်တလုံး တစ်ဖာ ယွမ် ၉၀ မှ ၁၀၀ ရပြီးရွှေဟင်္သာ တစ်ဖာကိုယွမ် ၃၀ မှ ၄၀ သာရတယ်လို့သိရပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ သရက်သီးတန်ချိန် ၆၆၅၀ နီးပါးအပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ သရက်သီးတန် ၅၈၀၀ ကျော်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၈၅၀ ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိပေမဲ့ ယခုအပတ်မှာ သရက်ပြားခြောက် ၁၂ တန်ခန့် ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းဖိုးအပို့ရှိခဲ့ တယ် လို့လည်း သိရပါတယ်။ MIRT(DOBT)                     

Sunday, 24 Jun 2012

        တရားဝင်တင်သွင်းခွင့်ပြုပါက တရားမဝင်တင်သွင်းနေမှုများပပျောက်ပြီး ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိကာကုန်သွယ်မှုပမာဏတိုးလာစေရန်၊ နိုင်ငံတော်အနေနဲ့လည်း အခွန်အခများ ပိုမိုရရှိလာနိုင်ေ စပြီး ပြည်တွင်းဈေးကွက် ဝယ်လိုအား ဖြည့်တင်းပေးနိုင်ရန်အတွက် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူး (အသားနဲ့ အသီးစုံ)၊ ခေါက်ဆွဲခြောက်အမျိုးမျိုးကို နယ်စပ်မှ တင်သွင်းခွင့်အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး ခွင့်ပြုခဲ့ပေးပြီးဖြစ်ပါတယ်။ ထိုသို့ ခွင့်ပြုပေးလိုက်ပြီးနောက် နယ်စပ်မှအများဆုံး တင်သွင်းတာ ကတော့ အချို မှုန့် ဖြစ်ပြီး တရုတ်မျက်နှာစာရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်း တို့က ဖြစ်ပါတယ်။

Sunday, 24 Jun 2012

        မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မေလအတွင်းမှာ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၁၂၇ သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့ပြီး၊ အနီးစပ်ဆုံးကာလထက် ကန်ဒေါ် လာ ၄၄ သန်းကျော်ဖိုးနဲ့ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၄၈ သန်းကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။     အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပိုမိုရခြင်းမှာ လေလံ အောင်ကျောက်စိမ်းအရိုင်း များ တင်ပို့နိုင်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက်အချော ထည်များ၊ သလင်းကျောက်အကျိုးအကြေများ တင်ပို့မှုပိုမိုခဲ့၍ ဖြစ်ပါတယ်။ မေမှာ တင်ပို့ခဲ့တဲ့ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များကတော့  -

Sunday, 24 Jun 2012

        မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ  ကန်ဒေါ်လာ သုည ဒသမ ၅၉၁ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၅ တန်ကျော် အပို့ ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၀ အပို့  ပိုခဲ့တာဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၂၅ တန်ကျော် တင်ပိ့ုနိုင်ခဲ့ပါသေး တယ်။    မူဆယ်နယ်စပ်မှ အေးခဲအမဲသားအပြင် ကန်ဒေါ်လာ သုည ဒသမ ၁၅၉ သန်းတန်ဖိုးရှိ အမဲသားခြောက် ၃၅ တန် ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ ကျွဲနွား သားရေ ၉၁ တန် အပို့ရှိခဲ့သလို ချင်းရွှေဟော်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွားဘေးထွက် ၆ ဒသမ ၃၆ တန်လည်း တင်ပို့နိုင်ခဲ့ပါသေးတယ်လို့ သတင်း ရရှိပါတယ်။                                        MIRT(DOBT)

Sunday, 24 Jun 2012

        မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ ယခင်အပတ်ထက် သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈ တန်ကျော်၊ ပုစွန် ၅ တန်ခန့်၊ ကဏန်း ၂၅ တန်ခန့်၊ ငါးရှဉ့် ၂ တန်ကျော်နဲ့ ဘီလား ၁ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံနဲ့ ပုစွန်အပို့လျော့ခဲ့ပြီး ကဏန်းအပု့ိပိုကာ ယခင်အပတ်ကအပို့မရှိခဲ့တဲ့ ငါးရှဉ့်နဲ့ ဘီလားအပို့ရှိခဲ့ပေမယ့် ယခင် အပတ်ရေထွက်ကုန်ထက် ၉၄ တန် အပို့လျော့နည်းခဲ့ပါတယ်။

Sunday, 24 Jun 2012

    မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ကာလအတွင်းမှာ နယ် စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ဆန် ၁၀၀၁၇ ဒသမ ၄၄၅ တန် တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၈၅၄၀ အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၉၃၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၆၄ တန်ကျော်နဲ့ တာချီလိတ်မှ ၃၇၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ ဧည့်မထ ၂၅ မှတ် တန် ၃၄၀၀ ကျော်၊ ၁၅ မှတ် ၁၇၄၃ တန်ခန့်၊ ငစိန် ၂၅ မှတ် ၂၂၂၇ တန်ကျော်၊ ငစိန် ၁၀ မှတ် တန် ၁၀၀၀ ကျော်နဲ့ ငစိန် ၁၅ မှတ် ၉၈၄ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၅ မှတ် ၂၆၄ တန်ကျော်နဲ့ တာချီလိတ်မှ ဧည့်မထ ၂၅ မှတ် ၃၇၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တာချီလိတ်နယ်စပ် မိုင်းယောင်းဒေသထွက် ကောက်ညှင်းစပါး တန် ၁၀၀၀ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်းဖိုးလည်း အပို့ ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၅၀၀ ကျော် အပို့ပိုခဲ့ တယ်လို့ သိရပါတယ်။              MIRT(DOBT)

Sunday, 24 Jun 2012

    ကော့သောင်းမြို့မဈေးနှင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ သွင်းကုန် ပစ္စည်းများမှာ အမျိုးအစားနဲ့ တံဆိပ်များစုံလင်များပြားတဲ့အတွက် စားသောက်ကုန်တစ်မျိုးစီအတွက် FDA  ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန် အခက်အခဲရှိေ နကြောင်း၊ တရားဝင်တင်သွင်းမှုကို ဆောင်ရွက်လိုကြ ပါကြောင်း၊ FDA  ထောက်ခံချက်ရ ရှိရေး ဆောင်ရွက် ချိန်ကြာမြင့်ပါ က ဈေးကွက်ယှဉ်ပြိုင်မှု၊

Thursday, 7 Jun 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၆၃၅ သန်းတန်ဖိုးရှိ သရက်သီး ၅၈၀၇ တန်ကျော်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၇၀၀ ကျော်အပို့ပိုခဲ့ပါတယ်။ မူဆယ်မှ ၄၇၇၇ တန်ကျော်နဲ့ ချင်းရွှေဟော် မှ တန် ၁၀၀၀ ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ မေလမှာကန်ဒေါ်လာ ၆ ဒသမ ၄၄ သန်းတန်ဖိုးရှိ သရက်သီး ၁၇၁၅၂ တန်ကျော် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါ တယ်။ ယခင်လကထက် ၁၃၉၅၇ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကို သရက်သီးကားတွေ ယခုအပတ်အတက်လျော့ခဲ့သော်လည်း ချင်းရွှေ ဟော်ဘက်ကို ကုန်တက်ပိုမိုခဲ့ပါတယ်။MIRT(DOBT)

Pages