Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၃၃၀ ကျော် တင်ပို့မှုရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၇ သန်းတန်ဖိုးရှိ ဧည့်မထ ၂၈၁၃ တန်နဲ့ ငစိန် ၅၉၅ တန်ကို မတ်လ ၂၈ ရက်မှ ဧပြီ လ ၃ ရက်ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ဧည့်မထ ဆန်တစ်မျိုးသာ ၁၈၉၆ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ဧည့်မထ ၉၁၇ တန်နဲ့ ငစိန် ၅၉၅ တန် အပို့ပိုခဲ့ပါတယ်။
နှစ်နိုင်ငံလစဉ်တွေ့ဆုံကျင်းပလျက်ရှိတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၉-၃-၂၀၁၂ ရက်နေ့တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည် အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
ဆူအိုစင်ကိုကုမ္ပဏီ (ထိုင်းနိုင်ငံ) သည် Striders Corporation (ဂျပန်နိုင်ငံ) ကုမ္ပဏီဖြင့်MOU သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်း ၃၁-၁-၂၀၁၂ နေ့တွင် ကုမ္ပဏီဥက္ကဌ မစ္စတာခဘူယူကိမိဆုမာချီက ပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အတွက် မှတ်ပုံ တင်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်းဖြစ်ပြီး မဟာမိတ်ကုမ္ပဏီသည် အကျိုးဆောင် ကိုယ်စားလှယ် အဖြစ် ဆောင် ရွက်ပြီး မြန်မာနိုင်ငံမှ ကြော်ငြာလုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ဝန်းကျင်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် ၁၇ တန် အပို့ပိုခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၁၉ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇ တန်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၁၀၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၆၃ တန်ဝန်းကျင်ကို မတ်လ၂၇ ရက်မှ ဧပြီလ ၃ ရက် ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၅၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၉ သန်းတန်ဖိုးရှိ ပရဆေး တန် ၈၅၀ ကျော် အပို့ရှိ ခဲ့ပါတယ်။ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ တောဂျူးမြစ်၊ နနွင်းတက် (ရှမ်း)၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မာလာခေါင်းနဲ့ မာလာဥတို့ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးပြီး ကုန်သွယ်မှုမူဝါဒ လုပ်ထုံးလုပ်နည်းသင်တန်းကို ဧပြီလ ၂ ရက်မှ ၆ ရက်အထိ မြိတ်မြို့ အထက (၁) ကျောင်းမှာ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ ကဏန်း ၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၇၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၆ တန်ကျော်ကိုလည်း မတ် ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၂၅၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇၆ တန် ခန့်၊ ပုစွန် ၇ တန်ခန့်နဲ့ ကဏန်း ၁၆ တန်ခန့်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၂၄၀ ကျော်၊ ကဏန်း ၅ တန်ကျော်၊ ပုစွန် သုည ဒသမ ၈၇၅ တန်နဲ့ ကင်းမွန် သုည ဒသမ ၉၆၀ တန်၊