Main menu

Background

Monday, 2 Jul 2012

       ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီးပွားရေးအကြံပေး Mrs Benjawan Ratanaprayul  ဦး ဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူ များနဲ့ ထိုင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီ များမှ လုပ်ငန်းရှင်များပါဝင်သော ထိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းများအလိုက်တွေ့ဆုံပွဲကို ဇွန်လ ၂၉ ရက်  နံနက် ၁၀ နာရီက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI  ပထမထပ် ခန်းမမှာ ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

Sunday, 24 Jun 2012

    မြန်မာနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ဆန်စပါးကို အစိုးရမှ တိုက်ရိုက်ဝယ်ယူခြင်းမပြုတော့ဘဲ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုသည့် ဆန်စပါးမူဝါဒသစ်ကို စတင်ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပသို့လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချ ခွင့်ပြုပေးခဲ့ပါသည်။

Sunday, 24 Jun 2012

ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးတို့ပူးပေါင်းပြီး ကယားပြည်နယ် လွိုင်ကော် ခရိုင်မှာ ပုလဲသွယ်စပ်မျိုးစပါးမျိုး စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး အတွက် စွန့်ဦးတီထွင်လုပ်ငန်း ရှင် တောင်သူကြီးများတို့ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး ဆွေးနွေးတင်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများ ရှိနေတယ်လို့ အထက်ဌာနများက သုံးသပ်လျက် ရှိကြောင်း၊ တရားမဝင်မှ တရားဝင်ဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်တိုင်းဒေသကြီးအစိုးရ အဖွဲ့များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အကြီးအကဲများ က ညွှန်ကြားထားတယ်လို့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက မေ ၁၇ ရက် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Sunday, 24 Jun 2012

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်း ရဲမှုလျှော့ချရေးလုပ်ငန်း ကော်မတီ၊ အခြေခံစားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက် နေ့လည်က မအူပင်မြို့ နယ် ညောင်ဝိုင်းကျေးရွာ ဦးချန်ထွန်းရဲ့ ဧပရယ်ယိုစုံလုပ်ငန်း အလုပ်ရုံမှာကျင်းပခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် တက်ရောက် အားပေး အမှာစကား ပြောကြားခဲ့ပါတယ်။

Sunday, 24 Jun 2012

    ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့  Ho Chi Min Investment & Trade Promotion Centre (ITPC)  ဦးဆောင်မှုနဲ့ ဗီယက်နမ်စီးပွားရေး လုပ် ငန်းရှင် ၉၀ ခန့်ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန် ၁၅ ရက် (သောကြာနေ့) ၁၄း၀၀ ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေး ဘုရားလမ်းရှိ ှSedona Hotel  မင်းတုန်းခန်းမမှာ မြန်မာ-ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ အကြား တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Sunday, 24 Jun 2012

    မြေပဲဆံများ  ပြည်ပတင်ပို့ခွင့်ပြုလိုက်လို့ မြေပဲ ဆံများ ဈေးကောင်းရောင်းရတာနဲ့ပတ်သက်လို့ တောင်သူအနေနဲ့ ကိုယ်စိုက်တဲ့သီးနှံ ဈေးကောင်း ရလေ စိုက်ပျိုးရကျိုးနပ်လေဆိုတော့ ခုလို တရုတ် ပြည်ကို မြေပဲတင်ပို့ခွင့်ပြုတဲ့အခါ ဝယ်လိုအားများ ပြီး ဈေးကောင်းရလာတာကြောင့် တောင်သူတွေ အတွက်တော့ အကျိုးရှိတယ်ပြောရမှာပေါ့။

Sunday, 24 Jun 2012

    လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသော ကျွန်မတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဆင့်မြင့် တိုးတက်လာစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက် ခြင်း၊ လယ်ယာမြေများကို ခေတ်မီစက်ကိရိယာများဖြင့် အစားထိုးထွန်ယက် စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့် များ ရွေးချယ်စိုက်ပျိုးခြင်း၊ကျေးလက်တောင်သူများအား နည်းပညာပေးဆောင် ရွက်ခြင်း၊

Sunday, 24 Jun 2012

     မေ ၂၉ ရက် ၀၉း၃၀ နာရီအချိန်မှာ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ ကုမ္ပဏီလုပ်ငန်းရှင်များအနေနဲ့ တရားဝင်လမ်းကြောင်းမှန်ပေါ်မှ ကုန် သွယ်မှုပြုလုပ်ကြစေလိုကြောင်း၊ ပို့ကုန်ပစ္စည်းများ၊

Thursday, 7 Jun 2012

          ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၅၁ သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ကာလတူထက် တန်ဖိုး ၁၆၄ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှုမှနေ၍ ၁၃၈ သန်းကျော်၊ ပုစွန်တင်ပို့မှုမှ ကိုးသန်းကျော်၊ အခြားရေထွက် ပစ္စည်းတင်ပို့မှုမှ ၁၆ သန်းကျော် အသီးသီးတိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

Pages