Main menu

Background

Monday, 9 Apr 2012

ရခိုင်ပြည်နယ်အနေနဲ့ စီးပွားရေးတိုးတက်ကောင်းမွန်ရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများ မြင့်မားတိုးတက် လာဖို့အတွက် အရည်အသွေးမြင့်မားတဲ့ ပြည်နယ်ထွက်ကုန်ပစ္စည်းများကို ပြည်နယ်တွင်းစားသုံးမှုထက် ပိုလျှံအောင်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန်၊ ကုန်ကြမ်းတင်ပု့ိမှုမှ တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ကြိုး ပမ်းကြရန်နဲ့ အသေးစား၊အလတ်စား ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန် မတ် ၃၁ ရက်က စစ်တွေမြို့ ရခိုင်ပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Monday, 2 Apr 2012

တောင်ကြီးမြို့ရှိ  TPIS  ရုံးခန်းတာဝန်ခံနဲ့ သီးနှံအုပ်စုတာဝန်ခံဝန်ထမ်းများ၊ မြန်မာ့ကွမ်းတောင်ကိုင်ကုမ္ပဏီ (Myanmar Belle Manufacturing Co.,Ltd)  သီးနှံအခြောက်ခံစက်ရုံ၊ ဝါးရုံပင်ရွာ၊ ဟဲဟိုးမြို့မှ မန်နေဂျာဦးကြည်လွင်နဲ့ စက်ရုံဝန်ထမ်းများဟာ မတ် ၂၂ ရက်က တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ဘန့်ကွဲကျေးရွာသို့ ကွင်းဆင်းသွားရောက်ကာ ဂေါ်ဖီထုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်မယ့်တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နန်းဟောင်းကျေးရွာအုပ်စုမှာ ပအို့ဝ် တိုင်းရင်းသားများစွာေ နထိုင်ပြီး တောင်ကြီးမြို့နယ်ရဲ့ မြောက်ဘက်စွန်းမှာတည်ရှိကာ တောင်ကြီးမြို့မှ မိုင် ၂၀ခန့်ကွာဝေးပါ တယ်။ ဒေသခံ တိုင်းရင်းသားတို့ဟာ ပြောင်းဖူး စေ့၊ ပဲစင်းငုံတို့ စိုက်ပျိုးကြပြီး ယင်းသီးနှံများရဲ့ဈေးကွက်အခြေအနေအရ ဟင်းသီးဟင်းရွက် များ ပြောင်းလဲစိုက်ပျိုးရေး၊ ဦးခွန်ထွန်းရွှေ၊ ဦးပေါက်စီ၊ ဦးမောင်ငြိမ်းတို့ ဦးဆောင်တဲ့အဖွဲ့သည် တောင်ကြီးမြို့  TPIS  ရုံးခန်းသို့ လာရောက်ဆွေးနွေးခဲ့ပါတယ်။    နန်းဟောင်းကျေးရွာအုပ်စုရှိ နန်းဟောင်းဆည် (ရေထွက်ဆည်) မှကျေးရွာများသို့ ရေရရှိသဖြင့် ဟင်းသီးဟင်းရွက် များဖြစ်ထွန်းရာဒေသဖြစ်သော်လည်း စိုက်နည်းစနစ်၊ သီးနှံရွေးချယ်မှုမမှန်ကန်ခြင်းတို့ကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါး ခဲ့ပါတယ်။ ဂေါ်ဖီစိုက်ပျိုးစနစ်မှန်ကန်စေရန် ဟဲဟိုးသီးနှံအခြောက်ခံစက်ရုံမှ ဝန်ထမ်းများက သရုပ်ပြစိုက်ပျိုးပေးခြင်း၊ မျိုးစေ့ဖြန့်ဝေေ ပးခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ  TPIS   ရုံးခန်းတာဝန်ခံနဲ့ သီးနှံအုပ်စုတာဝန်ခံဝန်ထမ်းများမှ ဈေးကွက်နဲ့ဈေးနှုန်း အခြေအနေများ  Myanmar Belle  ကုမ္ပဏီ၊ သီးနှံအခြောက်ခံ စက်ရုံတာဝန်ခံ ဦးကြည်လွင်မှ စက်ရုံအခြေအနေ၊ လက်ရှိသီးနှံ အခြောက်ခံနိုင်တဲ့ ဂေါ်ဖီထုပ် တစ်နေ့ သုံးစွဲနိုင်အား၊ စက်ရုံမှဝယ်ယူမယ့်ဈေးနှုန်းနဲ့ ဂေါ်ဖီထုပ်အရေအတွက်၊ စိုက်ပျိုးချိန်နဲ့ထွက်ရှိမယ့် အချိန်တို့အား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ တောင်သူများလည်း အကျိုး အမြတ်ရှိပြီး ဈေးကွက်လည်းရှိနေတဲ့ သီးနှံဖြစ်သဖြင့် ဆွေးနွေးပွဲနဲ့စိုက်နည်းစနစ် ပညာပေးသရုပ်ပြစိုက်ပျိုးပွဲသို့ ဌာနဝန်ထမ်းများ၊ သီးနှံအခြောက်ခံစက်ရုံမှ ဝန်ထမ်း ၆ ဦးတို့နဲ့အတူ ဒေသခံစိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရ ပါတယ်။                                            အောင်ကျော်

Monday, 2 Apr 2012

    မတ်လ ၁၈ ရက်မှ ၂၄ ရက်မှအထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၁၁၆ တန်၊ တန်ဖိုး ဒေါ်လာ ၄ ဒသမ ၀၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့် အပို့လျော့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၃၀၉ တန်၊ ဗီယက်နမ်ကို တန် ၄၀၀ နဲ့ စင်္ကာပူကို ၄၀၇ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကနေ တန် ၁၅၀၀ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ကန်ဒေါ်လာ (၃၅၀၀-၃၆၀၀) နဲ့ RSS-5 တစ်တန်ကို ကန်ဒေါ်လာ (၃၄၀၀-၃၅၀၀) ကြား ဈေးရလျက်ရှိပါတယ်။                                                                                                   K.Z.W

Monday, 2 Apr 2012

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသမဝါယမဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး ပြီး၊ သဘာဝသစ်သီးဖျော်ရည်နဲ့ သစ်သီးယိုမျိုးစုံထုတ်လုပ်မှု သင်တန်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ အထက်တန်း ရက်ကန်းကျောင်းမှာ ဧပြီလ ၅ ရက်မှ ၁၀ ရက်ထိ စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ပို့ချမယ်လို့ သိရပါတယ်။ တိုင်းဒေသကြီး

Monday, 2 Apr 2012

    ထိုင်းနိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ကြီးမှူးပြီး Inforithm Maze မှစီစဉ်ကျင်းပမယ့်   Thailand Trade Exhabition 2012  ကို ၂၀၁၂ဧပြီလ ၇ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်ရန်အတွက် သတင်းစာရှင်းလင်းပွဲကို မတ်လ၃၀ရက်၊ ၁၄း၀၀ နာရီမှာ မင်းရဲကျော်စွာလမ်း ရှိ မြန်မာနိုင်ငံကုန်သည်များ နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် RUMFCCI   မှာ ကျင်းပခဲ့ပါတယ်။ ၎င်းသတင်းစာ ရှင်း လင်းပွဲမှာ မြန်မာနိုင်ငံ

Monday, 26 Mar 2012

          မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ ဦးဆောင်မှု၊ ပြည်နယ်အသင်းခွဲနဲ့ အာလူးအစုအဖွဲ့ (ဟဲဟိုးဇုန်)တို့မှ ပူးပေါင်းပြီး ဒေသခံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအား ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးရေးသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးမြို့၊ အမှတ်(၇၉)

Monday, 26 Mar 2012

နိုင်ငံတော်မှ  ဖြေလျော့တင်သွင်းခွင့်ပြု ထားတဲ့ စားသောက်ကုန်ပစ္စည်း ငါးမျိုးအား  FDA ထောက်ခံချက် ပါရှိပါက နှစ်နိုင်ငံသုံး ငွေကြေး (သို့မဟုတ်) နိုင်ငံတော်မှ သုံးစွဲခွင့်ပြုထားသော ငွေကြေးတစ်ရပ်ရပ်ဖြင့် တင်သွင်းခွင့်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

Sunday, 25 Mar 2012

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ပဲခူးတိုင်းဒေ သကြီးအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ  TPIS  ဝန်ထမ်းများ က အချိန်အခါမဟုတ်မိုးကြောင့် ရိတ်သိမ်းပြီးမတ်ပဲများ လေလွင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ အရည်အသွေး မကျဆင်းစေရေးအတွက်၊ ကြို့ပင်ကောက်မြို့နယ် ဆိုင်ချောင်းကျေးရွာရှိ မတ်ပဲစိုက်ပျိုးတောင် သူ ၁၅ ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Sunday, 25 Mar 2012

နိုင်ငံတော်အနေဖြင့် ပြည်ပပို့ကုန်များအပေါ် ထိုက်သင့်သလို အခွန်စည်းကြပ်ကောက်ခံလျက်ရှိရာ ပြည်ပသို့တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မှန်ကန်စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရ ထိုက်သော အခွန်အခများ အပြည့်အဝရရှိစေရေး၊ တင်ပို့ရောင်းချသူ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မျှတသောယှဉ်ပြိုင်နိုင်မှုရှိစေရေးအတွက် ကုန်ပစ္စည်းဈေးနှုန်းများအား ယခင်က သက်ဆိုင်ရာလုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များ၊ သက်ဆိုင်သော

Sunday, 25 Mar 2012

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ဖေဖော်ဝါရီ ၂၉ ရက်က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ သစ် တောထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ဝဥခြောက်၊ ဆီး သီးခြောက်၊ မန်ကျည်းသီးမှည့်နဲ့  သရက်ပြား ခြောက်များကို ယခုအခါ လားရှိုးမှာမျှောအသစ် လဲလှယ်ရန် မလိုတော့ဘဲ မန္တလေးမှ မူဆယ်ထိ တိုက်ရိုက်ထုတ်ပေးနေပြီဖြစ်လို့ လမ်းခရီး၌ ကြန့် ကြာမှုများ မရှိတော့ကြောင်း၊ ၁၆ မိုင် ကျောက် ချောစခန်းမှာ ပုပ်သိုးလွယ်ပစ္စည်းများ စစ်ဆေး ကြန့်ကြာမှုမရှိစေရန် ဌာနဆိုင်ရာ အချင်းချင်း

Pages