Main menu

Background

Monday, 9 Jul 2012

       ပင်လယ်ရေကြောင်းမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှာ နှမ်းတန်ချိန် နှစ်သောင်းကိုးထောင်ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် သုံး သောင်းခြောက်ထောင်ကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ကာလ တူထက်  တန်ချိန်ခြောက်ထောင့်ငါးရာကျော်၊ တန်ဖိုး ၁၃ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။

Monday, 9 Jul 2012

     ဇွန် ၂၈ ရက်က တမူးနယ်စပ်ကုန်သွယ်ရေးရုံးအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်က ၎င်းတို့အနေဖြင့် ကုန်သည် များအား ဌာနဆိုင်ရာများနဲ့ ပူးပေါင်းညှိနှိုင်း ဆက်စပ်ပေး ရန် တာဝန်ရှိကြောင်း၊ ကုန်သည်များအနေနဲ့ အခက်အခဲများရှိပါက တင်ပြပေးရန် နဲ့ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊

Sunday, 8 Jul 2012

    မြောင်းမြမြို့နယ် အဓိပတိလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ အား ကျေးရွာအုပ်စု ၅၁ အုပ်စု၊ တောင်သူ ၂၇၄၉ ဦး၊ ဧက ၄၆၅၆၇ အား ငွေကျပ် သိန်း ၉၀၀၀ ထုတ်ချေးရန် လျာထား ကြောင်း သိရပါတယ်။

Sunday, 8 Jul 2012

    ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်အတွင်းရှိ စက်သုံးဆီ တင်သွင်းရောင်းချသူ လုပ်ငန်းရှင် များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က မြောင်းမြမြို့ မြရွှေဝါခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူ ၈ ဦး၊ စက်သုံးဆီလုပ်ငန်းရှင် ၃၃ ဦး တက်ရောက်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူး မှ ခရိုင်၊ မြို့နယ်များ မှာ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကော်မတီ  ဖွဲ့စည်းထားရှိမှုနဲ့ တရားမဝင် စက်သုံးဆီ အရောင်းဆိုင်များ ပပျောက်ရေး၊ တရားဝင်လိုင်စင်ရရှိရေး၊ အသင်းဖွဲ့ရခြင်း များကို ရှင်းလင်းခဲ့ပါတယ်။ မြို့နယ်အခွန်ဦးစီးမှဝင်ငွေခွန်နဲ့ ပတ်သက်၍ ရှင်းလင်းပြီး၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးခရိုင် မန်နေဂျာမှ အသင်းဖွဲ့ စည်း ရခြင်းရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ပါတယ်။    ဆက်လက်ပြီး မြောင်းမြမြို့နယ် စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းခွဲ အလုပ်အမှုဆောင် ၉ ဦးနဲ့ တိုင်းအလုပ်အမှုဆောင် EC  (၁) ဦးအား ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရပါတယ်။                          စိုးဝင်း

Sunday, 8 Jul 2012

    ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်းသင်တန်းကို ဇူလိုင် ၂ ရက်က မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း သင်တန်းခန်းမမှာဖွင့်လှစ်ခဲ့ပါတယ်။

Sunday, 8 Jul 2012

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တို့မှာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းအချိန်မှာ မိမိတို့မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ ရောင်းချဖြန့်ဖြူး ရေးအသင်းခွဲများအား တရားဝင်ဖွဲ့စည်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Sunday, 8 Jul 2012

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့၊ မြို့တော်ခန်းမမှာ ၂၀၁၂ ခုနှစ် ဇွန် ၃၀ ရက်၊ ညနေ ၆း၃၀ နာရီတွင် ဧရာ ပုသိမ် ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(၁)ရဲ့၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Monday, 2 Jul 2012

         မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး  တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်မန်နေဂျာရုံးများမှာ ကုန်သွယ်မှုမြှင့်တင်ရေးသတင်း အချက်အလက်ဌာနခွဲရုံး (Trade Promotion & Information Service)  များဖွင့်လှစ်ပြီး ကုမ္ပဏီများ၊ ကုန်သည်အသင်းအဖွဲ့များနဲ့ စိုက်ပျိုးထုတ် လုပ်သူတောင်သူများအား ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး၊ ဈေးကွက်ရှာဖွေချိတ်ဆက်ပေးခြင်း နဲ့ ဒေသထွက်ကုန်စိုက်ပျိုးတဲ့ ကျေးရွာ များအရောက် ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

Monday, 2 Jul 2012

    ထိုင်းနိုင်ငံထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာနမှဦးဆောင်ပြီး ကုမ္ပဏီ ခုနစ်ခုပါဝင်တဲ့ ထိုင်းဆင့်ပွားလုပ်ငန်း (Thai Franchaise Business)  ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇူလိုင် အတွင်း မြန်မာနိုင်ငံ ကိုလာရောက်မယ်လို့ သတင်းရရှိပါတယ်။

Monday, 2 Jul 2012

    ဇွန် ၂၃ ရက် ၀၉း၀၀ ချိန်တွင် မြိတ်မြို့ မြစည်းစိမ် ဟိုတယ်ခန်းမဆောင်၌ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ ကို  ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။    ထိုင်းနိုင်ငံ  စူရာထာနီမှ ပို့ကုန်မြှင့်တင်ရေးဒေသရုံးမှ ညွှန်ကြားရေးမှူး Mrs. Faweephan Changyencham မှ ဦးဆောင်တဲ့ ၁၅ ဦးပါ ထိုင်းကိုယ်စားလှယ်အဖွဲ့မှာ စားအုန်း ဆီ၊ ရော်ဘာ၊ ဟိုတယ်လုပ်ငန်း၊ Spa လုပ်ငန်း၊ ဆိပ်ကမ်း၊ သိုလှောင် ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ဒူးရင်းသီးနှင့် ငှက်ပျောခြောက်လုပ်ငန်း၊ သုံးဘီးဆိုင်ကယ် အပိုပစ္စည်းရောင်း ဝယ်သူများ ပါဝင်တယ် လို့သိရပါတယ်။

Pages