Main menu

Background

Wednesday, 5 Sep 2012

နယ်စပ်ကုန်သွယ်ရေး (လွယ်ဂျယ်) စခန်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်းတည်ရှိပြီး တစ်ဖက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ လုံချွန်ခရိုင်၊ ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်း ကျေးရွာနဲ့ ကပ်လျက်တည်ရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။ ပို့ကုန်ပိုင်းအနေနဲ့ ဆန်၊ ပြောင်း၊ ကြိမ်တို့ကို အဓိကတင်ပို့လျက်ရှိပြီး ရာသီထွက်ကုန်အနေနဲ့ ဖရဲတင်ပို့ခဲ့ပါတယ်။ ယခုသြဂုတ်လ အတွင်း ပို့ကုန်အနေဖြင့် တင်ပို့ခြင်းမပြုသည်မှာ နှစ်ချီ၍ကြာမြင့်နေပြီဖြစ်တဲ့ ဝဥခြောက်များကို ၄၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရရော မိုးနည်းပါး၍ လမ်းပန်းဆက်သွယ်ရေး အနည်း ငယ်ကောင်းမွန်လာတာကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များ သွင်းကုန်လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ဆောင် ရွက်လာတာကို တွေ့ရပါတယ်။ သွင်းကုန်ပိုင်းအနေနဲ့ ချည်ထည်၊ အဝတ်ပိတ်စများနဲ့ စတီးပစ္စည်းများကို ပုံမှန်တင်သွင်းနေရာမှ ယခုသြဂုတ်လအတွင်း ဤစခန်းအနေနဲ့ ယခင်က ပုံမှန်တင်သွင်းခြင်းမရှိခဲ့သော သုံးဘီးဆိုင်ကယ်များအား ကုမ္ပဏီ သုံးခုတို့မှ စုစုပေါင်းအစီးရေ ၁၂၀ တင်သွင်းလာခဲ့ပါတယ်။ ယခုလိုသုံး ဘီးဆိုင်ကယ်များ တင်သွင်းမှုများပြားလာတဲ့ အကြောင်းအရင်းက ကချင်ပြည်နယ်အတွင်း ဗန်းမော်ခရိုင် နှင့် မြစ်ကြီးနားခရိုင်ရှိ မြို့နယ်များ၊ ကျေးရွာ များတွင် အများပြည်သူများခရီးသွားလာရေးတွင် များစွာ အသုံးဝင်ကြောင်း၊ မြို့ပေါ်တွင် ကုန်ပစ္စည်းသယ်ယူရေးသာမက ကျေးရွာများတွင် အခြေခံလူတန်း စားများ၏ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူရေးတွင် များစွာအသုံးဝင်၍ တရားဝင်တင်သွင်းခွင့်ရရှိ လာပြီဖြစ်လို့ တင်သွင်းလာတာလို့  သိရပါတယ်။ ဆက်လက်ပြီး ဒေသခံများ၏ လိုအပ်ချက်အရ ထပ်မံ တင်သွင်းရန်လည်းရှိသေးတယ်လို့ သိရပါတယ်။                                   နကသ (လဂ)

Wednesday, 5 Sep 2012

ပိန်းပင်ခေါ်  Taro  အပင်တွေက မြန်မာနိုင်ငံ အနှံ့အပြားနေရာဒေသမရွေး သဘာဝအလျောက် ပေါက်ရောက်လေ့ ရှိတဲ့အပင်တွေ ဖြစ်ကြပါတယ်။ ပိန်းပင် အမျိုးအစားများစွာရှိတဲ့ အနက် မြန်မာတို့ ဟင်းခါးချက်စားနေတဲ့ အစိမ်းနုရောင် ပိန်းပင်မှ ပိန်းရိုးတို့ကို  အခြောက်လှမ်းပြီး ပို့ကုန်ပစ္စည်း အမယ်တစ်ခုအနေနဲ့ နိုင်ငံခြား တိုင်းပြည်တွေကို တင်ပို့လျက်ရှိပါတယ်။ ယခင်ပိန်းရိုးခြောက် တစ် ကီလိုကိုတစ်ယူရိုမှ ယခုအခါ (၁ ဒသမ ၀၅)ယူရို အထိ ဈေးနှုန်းတိုးပြီး ဝယ်လိုအားမြင့်တက် လျက် ရှိကြောင်း သိရှိရပါတယ်။

Friday, 31 Aug 2012

ရှမ်းပြည်နယ်ဟာ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ပြီး၊ ဈေးကွက်ရှိရာဒေသများကို တင်ပို့ ရောင်းချ လျက်ရှိရာ အဓိကအားဖြင့် ဂေါ်ဖီထုပ်၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက် သွန်ဖြူ၊ ချင်း၊ နနွင်း၊ သရက်သီး၊ လိမ္မော်သီးစတဲ့ သီးနှံများစိုက်ပျိုး ထုတ်လုပ်လျက်ရှိပါတယ်။ တောင်သူများအနေနဲ့ စိုက်ပျိုးထုတ်လုပ် ရာမှာ ပိုးသတ်ဆေးများ ထည့်သွင်းသုံးစွဲကြသော်လည်း ပိုးသတ်ဆေး ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သိရှိမှုနည်းပါးလျက်ရှိ ပါတယ်။

Friday, 31 Aug 2012

မြန်မာ့မြေမှထွက်သော ထွက်ကုန် ပစ္စည်း များ ပြည်ပနိုင်ငံများသို့ ရေကြောင်း၊ လေကြောင်း၊ ကုန်းလမ်းတို့မှတစ်ဆင့် သွားရောက်နေကြသည့် အထဲမှာ ကျွန်တော်တို့မျိုးနွယ် သစ်သီးများလည်း ပါပါတယ်။ ယခု ကျွန်တော် ကိုကျွဲကောလည်း စင်ကာပူနိုင်ငံသို့ သွားရတော့မယ်။

Friday, 31 Aug 2012

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုကဏ္ဍနဲ့ စားသုံးသူအကာအကွယ် ပေးရေး တိုင်းဒေသကြီးများ၊ ပြည်နယ်များနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာဆွေးနွေးပွဲများ ပြုလုပ်သွား ရန်နဲ့ ဆွေးနွေးပွဲေ ဖာ်ထုတ်ချက်ရလဒ်များကို အမျိုးသားအဆင့်ဆွေးနွေးပွဲသို့ တင်ပြဆွေးနွေးနိုင်တဲ့ အထိ ဆောင်ရွက်သွားရန် ယခုကဲ့သို့ ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်တယ်လို့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ လက်ထော က်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

Monday, 27 Aug 2012

 
ရှမ်းပြည်နယ်တောင်ပိုင်း၊  တောင်ကြီးမြို့နယ်မှာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အလုပ်ရုံေ ဆွးနွေးပွဲမှာ  ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးခြင်းကို ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါ တယ်။

Monday, 27 Aug 2012

လယ်ယာထွက်ကုန်  အမယ်တစ်မျိုးဖြစ်တဲ့ ဝဥက  ကမ္ဘာ့အပူလျော့ပိုင်းဒေသမှာသာမက အပူပိုင်းဒေသတွေ မှာပါ ပေါက်ရောက်လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ ဝဥကို စိုက်ပျိုးစားသုံးလျက်ရှိပါတယ်။

Sunday, 29 Jul 2012

     ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အရ ကချင်ပြည်နယ် ဝေးလံမြို့နယ်များ လူမှုဖွံ့ဖြိုးရေးစီမံကိန်း (UNDP/CDRT) ရဲ့ စီစဉ်မှုဖြင့် ကချင်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဟာ ဇူလိုင် ၂၃ ရက်က မြစ်ကြီးနားမြို့နယ် ဆယ်မိုင်ကျေးရွာ ရှိ ဂျော်မဆတ် နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်းခန်းမမှာ ဆန်စပါးရိတ်သိမ်းချိန်လွန်နည်းပညာများ ပို့ချဆွေးနွေးခဲ့ပါတယ်။

Sunday, 29 Jul 2012

       ဈေးကွက်အရ ဝယ်လိုအားရှိတဲ့ ဧရာဝတီဘက်ကရေချိုးငါးတွေဟာ ရခိုင်ပြည်နယ်စစ်တွေက တစ်ဆင့် ဘင်္ဂလားပင်လယ် ကိုဖြတ်ပြီး တက္ကနဗ်ကိုပို့နေတာ နှစ်တောင်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအားရှိတဲ့ မြန်မာ့ရေချို ငါးတွေဟာ အိန္ဒိယကဝင်လာတဲ့ မျိုးရိုးဗီဇပြုပြင် ထားတဲ့ ရေချိုငါးတွေနဲ့အပြိုင်

Sunday, 29 Jul 2012

     မြန်မာနိုင်ငံမှ ပြည်ပကိုတင်ပို့နေတဲ့ အဓိက လယ်ယာထွက်ကုန်ပစ္စည်း ငါးမျိုးမှာ တစ်မျိုး အပါအဝင်ဖြစ်တဲ့ အစေ့ထုတ်ပြောင်းတင်ပို့မှုအနေ နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမြင့် ဆုံးတင်ပို့နိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိ ရပါတယ်။

Pages