Main menu

Background

Thursday, 4 Oct 2012

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်က ဆန်စပါးနဲ့ကြက်သွန်ဖြူအဓိကစိုက်ပျိုးထွက်ရှိတဲ့ လဲချား မြို့မှာ ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေးအတွက်ရှမ်းပြည်နယ်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာရုံးကဦးဆောင်ပြီး တွေ့ဆုံညှိနှိုင်းေ ဆွးနွေးပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက လဲချားမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။

Thursday, 4 Oct 2012

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ပြည်ပ ကုန်သွယ်မှုအား ကဏ္ဍအလိုက်ဟန်ချက် ညီညီမြှင့် တင် ဆောင်ရွက်လျက်ရှိရာ လွယ်ကူရှင်းလင်းတဲ့ လုပ်နည်း စနစ်၊ ငွေကြေးစနစ်၊ အခွန်ကောက်ခံမှုစနစ်များ ကို ခေတ်စနစ်နဲ့အညီ  ပြင်ဆင်ဆောင်ရွက်လျက်ရှိပါ တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူ များမှလည်း လုပ်ငန်းရှင်ကုန်သည်များနဲ့ တွေ့ဆုံဆွေး နွေးပွဲများပြုလုပ်ပြီး တွေ့ကြုံနေရတဲ့အခက်အခဲများကို ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ပကတိအရှိအတိုင်း အပြန်အလှန်ဆွေးနွေးစေခြင်းဖြင့် ချက်ချင်းလက်ငင်း အဖြေရှာ ဆောင်ရွက်ပေးနေပါ တယ်။ ဒါပေမယ့် အချိန်တိုတိုနဲ့ငွေရလွယ်ပြီး အကျိုး အမြတ်များတဲ့ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်မှ အခွန်အခများ နစ်နာဆုံးရှုံးလျက်ရှိပြီး တရားဝင်ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေလျက်ရှိပါ တယ်။ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ ပို့ကုန်တင်ပို့မှု တိုးတက်လာစေမဲ့ ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ  ၁၁ ရက်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ  ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးမှာ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ေ စရေးအတွက် မွေး မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ဦးဆောင်ပြီး မြဝတီကုန်သွယ် ရေးဇုန်  OSS အဖွဲ့ဝင်ဌာနတာဝန်ခံများ၊ ဒေသဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲ များနဲ့ မြဝတီဒေသရှိမွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ပို့ ကုန်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ တရားဝင်ကုန် သွယ်မှုလမ်းကြောင်းပေါ်မှသာ ကုန်သွယ်မှုပြုကြရန် နဲ့ ထုတ်လုပ်မှုနှင့်တင်ပို့ရောင်းချမှုတို့မှာ လုပ်ငန်း ရှင်ကုန်သည်များရဲ့အခက်အခဲများအား ပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးစေခဲ့ပါတယ်။ သက်ဆိုင်ရာဌာန အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရမဲ့ကိစ္စများကို အပြန်အလှန်ညှိနှိုင်းအဖြေရှာ  ဆောင်ရွက်ပေး ခဲ့ပြီး မြဝတီဒေသမွေးမြူရေးလုပ်ငန်းရှင်များ ပြည်ပပို့ကုန် တိုးတက် ထုတ်လုပ်မွေးမြူတင်ပို့နိုင်ရေး အတွက် နိုင်ငံ တော်မှ မျိုး၊ အရင်းအနှီး၊ နည်းပညာများ၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး  အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန်လည်း စီစဉ်ပေးခဲ့တယ်လို့ သိရှိရပါ တယ်။ကျော်ဆန်းထွန်း (မြဝတီ) 

Thursday, 4 Oct 2012

ဈေးကွက်အတွင်းမှာ မွေးမြူရေးလုပ် ငန်းရှင်မှ ရောင်းချသည့် ကြက်သားဈေး နှုန်းနဲ့ စားသုံးသူကြားဝယ်ယူ စားသုံးရ တဲ့ဈေးနှုန်းမှာ အဆမတန် ကွာဟနေ ကြောင်း သိရပါတယ်။

Monday, 1 Oct 2012

ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်တဲ့ ကညွတ်ကို အမျိုးမျိုးအဖုံဖုံ ပြုလုပ်စားသုံးလျက်ရှိကြပါတယ်။ အဖြူရောင်နဲ့ အစိမ်းရောင်ကညွှတ်မှာ လူသိများပြီး ခရမ်းရောင်ကညွတ်ကလည်း အဖြူရောင်နဲ့ အစိမ်းရောင် ကညွတ်တွေထက် သကြားဓါတ်ပါဝင်မှုပိုများလျက်ရှိပါတယ်။ ကညွတ်ကို အသား၊ ပုစွန်တို့နဲ့ ရောနှောကြော် လှော်ပြီးတစ်မျိုး၊ ကင်ပြီးတစ်မျိုး၊ ဟင်းချိုအဖြစ်တစ်မျိုး၊ သုပ်စားပြီး တစ်မျိုး အမျိုးမျိုး စားသုံးလျက်ရှိပါတယ်။ ဒါ့အပြင် ကညွတ်သနပ်အဖြစ်ပြုလုပ်ပြီး ကာလရှည်စွာ သိုလှောင်စားသုံးလျက်ရှိကြပါတယ်။

Monday, 1 Oct 2012

ရှမ်းပြည်နယ် ဟဲဟိုးဒေသဟာ ဂန္ဓမာပန်းများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာ ဒေသတစ်ခုဖြစ်သလို စားသုံးသီးနှံများဖြစ်တဲ့ ဂေါ်ဖီထုပ်၊ အာလူး၊ စူကာသီး (ဂေါ်ရခါးသီး) ရွှေပဲသီးများလည်း စိုက်ပျိုးထုတ်လုပ်တင် ပို့ရာ ဒေသဖြစ်ပါတယ်။ ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်တဲ့ မော်တော်ယာဉ်ကြီးများမှ အပြင်ဝင်ငွေရရှိဖို့ ဂန္ဓမာပန်းများပူးတွဲတင်ပို့လာတာကို တွေ့ရခြင်းကြောင့် စားသုံးသီးနှံနဲ့ ပန်းများပူးတွဲ တင်ပို့ခြင်းကြောင့် စားသုံးသူများ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှာ သြဂုတ် ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဂန္ဓာပန်းများဟာ ဈေးကွက်ကို မတင်ပို့မီအချိန်ထိ ပိုးသတ်ဆေးများ သုံးစွဲရကြောင်း၊ ဒီလိုပိုးသတ်ဆေးများ သုံးစွဲထားတဲ့ ပန်းများမှာ စားသုံးသီးနှံမဟုတ်လို့ အန္တရာယ်မရှိပေမယ့် ဂေါ်ဖီထုပ်၊ အာလူးတင်တဲ့ ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်လေအိတ်ကားကြီးများက အပိုဝင်ငွေရရှိဖို့ရည်ရွယ်ပြီး ပန်းပုံးအနည်းငယ်စီ တင်ဆောင်ခြင်းဟာ အန္တရာယ်ရှိနိုင်ကြောင်း ပန်းမန်အစုအဖွဲ့ဥက္ကဋ္ဌ(ဟဲဟိုးဇုန်)မှ ဦးမိုးကင်းက ဆွေးနွေးေြ ပာကြားပါတယ်။ ထို့နောက် ဆွေးနွေးပွဲကို တက်ရောက်လာ သူများမှလည်း ပိုးသတ်ဆေးသုံးစွဲမှုများလွန်းတဲ့ ပန်းများနဲ့ စားသုံးသီးနှံများပူးတွဲ မတင်ပို့သင့်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်ကုန်သည်ကြီးများအသင်း၊ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းများ ဌာနများမှလည်း ကုန်သီးခြားစီတင်ပို့ဖို့ စိစစ်ကြပ်မတ်သွားရေးဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲကို ရှမ်းပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု၊ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (ဟဲဟိုးဇုန်)ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ လယ်ယာထွက်ကုန်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အောင်ကျော်
 

Monday, 1 Oct 2012

ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများလုပ် ဆောင်ခြင်းဟာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ မှာ တွေ့ကြုံနေရတဲ့ အခက်အခဲများ ဖြေရှင်းနိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ  ပိုမိုအောင်မြင်နိုင်မဲ့ နည်း လမ်းများ၊ အကြံဉာဏ်ကောင်းများ ရရှိနိုင်စေပါတယ် လို့ သြဂုတ် ၂၆ ရက်က ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးဖေကြိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုင်းပြည်ရဲ့ ကုန်သွယ် စီးပွားလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ် ငန်းများ၊လမ်းပန်းဆက်သွယ်ရေး၊မိမိနိုင်ငံရဲ့သဘာ၀ အခြေအနေနဲ့ သတင်းအချက်အလက်များ၊ ကုန် သွယ်ဖက်နိုင်ငံရဲ့ ဝယ်လိုအား ရောင်းလိုအား၊ ကုန် သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနဲ့ ပေါင်း သင်းဆက်ဆံရေး၊  ဇွဲ၊  လုံ့လ၊ ဝီရိယ၊ အကျိုးနဲ့ အကြောင်း၊ အဆိုးနဲ့အကောင်း၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာနဲ့ပြည့်စုံရန်လည်း လိုအပ်မယ်လို့ ဦးဖေ ကြိုင်က ဆိုပါတယ်။ဝန်ကြီးဌာနမှလည်း နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားတိုးတက်စေရန်အတွက် နိုင်ငံတော်မှ ရည် မှန်းတဲ့  လုပ်ငန်းများအပြင် ပြည်ထောင်စုဝန်ကြီး ဌာနများအလိုက်၊ ကဏ္ဍအလိုက်၊ မူဝါဒလုပ်ငန်း စဉ် အသေးစိတ် (Sectorial Policy & Plan ) ရေး ဆွဲနိုင်ရေးမှာ ကုန်သည်လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီလုပ် ငန်းရှင်များအနေနဲ့လည်း  ပူးပေါင်းဆောင်ရွက်စေ လိုကြောင်း၊ ကုန်သွယ်မှု ပိုမိုမြင့်မားဆောင်ရွက်စေနိုင် မယ့်အချက်များနဲ့ ကုန်သွယ်မှုလုပ်ငန်းများ ဆောင် ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများ၊ ကုန်သွယ်မှု အတားအဆီးများကို မိမိတို့နယ်စပ်ရုံးအနေနဲ့ ဆောင် ရွက်ပေးနိုင်တာတွေကို ဆောင်ရွက်ပေးမှာဖြစ်ပြီး ရုံး ချုပ်သို့တင်ပြရမဲ့ကိစ ္စဆိုလျှင်လည်း ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမယ်လို့ ဦးဖေကြိုင်က အသိပေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကုမ္ပဏီလုပ်ငန်း များကို ဆောင်ရွက်ရာမှာ လာရောက်လုပ်ကိုင်နေကြတဲ့ Agent  များဟာ တရားမဝင် Agent  များဖြစ်နေတယ်။ တရားဝင် Agent  လိုင်စင်အမြန်ဆုံးပြုလုပ်ရန် လိုအပ် နေကြောင်း၊ တရားမဝင် Agent  များနဲ့ လုပ်ဆောင် နေတဲ့ ကိစ္စများမှားယွင်းပါက ကုမ္ပဏီတွင်သာ တာဝန် ရှိလာမှာဖြစ်ကြောင်း၊ နောင်မှာ ကုန်သွယ်မှုလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးလာတော့မှာဖြစ်တဲ့အတွက် ကုမ္ပဏီလုပ် ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို  ပိုမိုသိရှိထားကြ ရန်လိုအပ်ကြောင်းနဲ့ OSS ဌာနများရဲ့ လုပ်ထုံးလုပ် နည်းများကို အချိန်မရွေး  တွေ့ဆုံမေးမြန်းနိုင်ကြောင်း လုပ်ငန်းရှင်များအား  ဦးဖေကြိုင်က ရှင်းလင်းပြော ကြားခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာမှာ နှစ်နိုင်ငံဘဏ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ တရား ဥပဒေဘောင်အတွင်းမှာ ပို့ကုန်/သွင်းကုန် လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် OSS အဖွဲ့ဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပံ့ပိုးကူညီသွားရန်၊ နိုင်ငံ တော်ကချမှတ်တဲ့ အမိန့်ညွှန်ကြားချက်များကို OSS အဖွဲ့ဝင်ဌာနများကလိုက်နာဆောင်ရွက်ပြီး လစဉ်ကုန် သွယ်မှုပမာဏ တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြ ရန် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ Source: နကသ(ချင်းရွှေဟော်)                                                   MIRT (DOBT)
 

Sunday, 9 Sep 2012

မြန်မာနိုင်ငံ လယ်ယာထွက်ကုန်များရဲ့ အများဆုံးသီးနှံဖြစ်တဲ့ ပဲမျိုးစုံမှာ မတ်ပဲ၊ ပဲစင်းငုံဟာ အဓိကကျတဲ့ သီးနှံအမျိုးအမည်များဖြစ်ပါတယ်။ မတ်ပဲသီးနှံဟာ စပါးစိုက်ပျိုးပြီး၊ ဒုတိယသီးနှံအဖြစ် အများအပြားစိုက်ပျိုးတဲ့ သီးနှံဖြစ်ပါတယ်။ မတ်ပဲသီးနှံဟာ တောင်သူလယ်သမားများရဲ့ ဝင်ငွေလိုအပ်ချက် ကို ဖြည့်ဆည်းပေး တဲ့အပြင် မြန်မာ့ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် တောင်သူများမှလည်း လွယ်လွယ်ကူကူထွန်ယက် စိုက်ပျိုးနိုင်ပါ တယ်။ သီးနှံတစ်ဧက ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းဝန်းကျင်ရှိပြီး၊ တစ်ဧက ၁၀ တင်းနှုန်းထွက်ရင် ကျပ်နှစ် သိန်းဝန်းကျင်ရရှိတဲ့ သီးနှံဖြစ်လို့ ကုန်ကျစရိတ်နဲ့ ဝင်ငွေအချိုးမှာလည်း ၁ အချိုး၂ ရှိတာကြောင့် စိုက်ပျိုး သူများအတွက် အဆင်ပြေနိုင်တဲ့သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှာလည်း စပါးရိတ်သိမ်းပြီး၊ အစိုဓာတ် အမိအရ ဖမ်းကာ စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီးရင်လည်း ပြုစုမှုအနည်းငယ်သာပြုလုပ်ပါရတယ်။ သို့ပါ၍ စပါးတလင်း ကိုင်ခြွေလှေ့နေစဉ်မှာပင် စိုက်ပျိုးနိုင်တဲ့ပြုစုရလွယ်ကူတဲ့သီးနှံဖြစ်ပါတယ်။ ထပ်မံပြီး ဖြည့်စွက်တင်ပြရရင် မတ်ပဲသီးနှံဟာ ပြည်တွင်းစားသုံးမှုနည်းသလို ပြည်တွင်းရှိ စားသုံးသူများအတွက် ပြောပလောက်တဲ့ အကျိုး အပြစ်မရှိနိုင်ပါ။ စိုက်ပျိုးထွက်ရှိမှုမှာလည်း စိုက်နည်းစနစ်၊ သွင်းအားစုပေါ်မူတည်ပြီး၊ တစ်ဧက တင်း ၃၀ မှ ၃၅ တင်းအထိ ထွက်ရှိနိုင်ပါတယ်။ ထွက်သမျှ ပြည်ပတင်ပို့နိုင်တဲ့ ပြည်ပဝင်ငွေရရှိနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေအရ ပြည်ပကို ကုန်ကြမ်းအတိုင်းတင်ပို့ခြင်းသာ ဖြစ်ပါတယ်။ မတ်ပဲများကို ကုန်ကြမ်း အတိုင်း တင်ပို့မယ့်အစား ကုန်ချောအဖြစ်တင်ပို့နိုင်ရင် ဝင်ငွေပိုမိုရရှိမှာ ဖြစ်ပါတယ်။ ကုန်ကြမ်း မတ်ပဲတစ်တန် ဒေါ်လာ ၅၀၀ ဝန်းကျင်ရှိပြီး၊ ကုန်ချော(အခွံချွတ်ပြီး) မတ်ပဲတစ်တန်ဈေးမှာ ဒေါ်လာ ၁၀၀၀ အထက်ရရှိနိုင်လို့ နိုင်ငံရဲ့ ကုန်သွယ်မှုတန်ဖိုးမှာလည်း နှစ်ဆ ရရှိနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ ပိတ်ဆို့ဒဏ် ခတ်မှုများ ငွေကြေးပိတ်ဆို့တားဆီးမှုများကြောင့် တိုက်ရိုက်တင်ပို့ဖို့ အခက်အခဲရှိချိန်မှာ လက်ခစား စနစ်အဖြစ် ဆောင်ရွက်နေတဲ့ အထည်ချုပ်လုပ်ငန်း(CMP)ကဲ့သို့ ပြည်တွင်းမှ ပဲကုမ္ပဏီများမှ ပြည်ပကုမ္ပဏီများနဲ့ ဆက် သွယ်ခြင်း၊ ပဲအခွံချွတ်စက်များတည်ထောင်ပြီး လက်ခစားထုတ်လုပ်ပေးခြင်းဖြင့် မိမိတို့ထွက်ကုန်များရဲ့ တန်ဖိုး (ကုန်သွယ်မှုတန်ဖိုး) နှစ်ဆရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါတယ်။ ဘေးထွက်ပစ္စည်းဖြစ်တဲ့ မတ်ပဲအခွံ၊ မတ်ပဲအမှုန်များမှ တိရစ္ဆာန်အစားအစာရရှိတဲ့ အတွက် မွေးမြူရေးကဏ္ဍကိုပါ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ဝယ်လိုအားရှိတဲ့ သီးနှံဖြစ်ရေး အတွက် မိမိတို့ဘက်မှလည်း ရေလာမြောင်းပေးဆိုတဲ့စကားကဲ့သို့ ဈေးကွက် ကို ပြည်တွင်းကိုရောက်ရှိ လာအောင် ဆောင်ရွက်စေခြင်းဖြင့် တောင်သူများ စိုက်ပျိုးတဲ့ ပဲသီးနှံထဲမှ မတ်ပဲသီးနှံရဲ့အခြေအနေကို တင်ပြလိုက်ရပါ တယ်။ခေတ္တရာဟင်္သာ

Sunday, 9 Sep 2012

ရွှံ့စေးနဲ့ ပြုလုပ်ထားတဲ့ မြေထည်စဉ့်ထည်တွေ ပြည်ပကို တင်ပို့လျက်ရှိရာမှ ယခုအခါ ပြည်တွင်းဖြစ်  Natural Clay Tiles  တွေကို   Natural Clay Co.,Ltd   မှ တရုတ်နိုင်ငံသု့ိ တင်ပို့တော့မှာ ဖြစ် တယ်။ မည်သည့်ရွှံ့စေးမျိုးမဆို ဂျပန်အဆင့်မြင့်နည်း ပညာ အသုံးပြုထုတ်လုပ်ထားတဲ့ Clay Tiles တွေကို မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံတည်ထောင်ထားပြီး ထုတ် လုပ်ခြင်းဖြစ်ပါတယ်။ Clay Tiles တစ်နည်းအားဖြင့် တော့ Terra-Cotta  လို့ခေါ်တဲ့ မြေသားကျောက်ပြား တွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင်ရှိခဲ့တဲ့ သမိုင်း တွင်တဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဖြစ်ပါတယ်။  Natural Clay Tiles  များ Roofing Tiles  များက အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကွဲအက်မှုမရှိခြင်း၊ အပူ ချိန် ထိန်းညှိပေးနိုင်ခြင်း၊ အလွယ်တကူ ချော်လဲမှု မဖြစ်စေခြင်း၊ အက်ဆစ်၊ ကားနင်းဒဏ် ခံနိုင်ခြင်း အစရှိတဲ့ အရည်အသွေးတွေကြောင့် ပြည်တွင်းပြည်ပ တွေမှာ လူကြိုက်များလျက်ရှိပါတယ်။ယခုအခါ ပြည်တွင်းသာမက ပြည်ပဈေးကွက် တွေကို ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်ရာ နိုင်ငံ ခြားငွေရှာဖွေနိုင်ပြီး Private Sector  စွမ်းအားစု တွေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုး တက်လာရေး သွင်းကုန်အစားထိုးတဲ့ ပြည်တွင်းထုတ် လုပ်မှုဖြစ်ရာ နိုင်ငံခြားသုံးငွေချွေတာစေခြင်း၊ နိုင်ငံ တော်ရဲ့ ဆောက်လုပ်ရေးကဏ္ဍတွေကို တစ်ခေတ် ဆန်းသစ်စေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို ရရှိစေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိကာ နိုင်ငံ တော်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုတဲ့လုပ် ငန်းတွေအနက် တစ်ခုဖြစ်ပြီး ပြည်ပကို ကျယ်ကျယ် ပြန့်ပြန့်တင်ပို့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရင်း သတင်းကောင်းပါးအပ်ပါတယ်။     နွဲ့နွဲ့ဌေး

Sunday, 9 Sep 2012

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၃၁ ရက် ၁၃း၀၀ နာရီမှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ၊ OSS အဖွဲ့ဝင်ဌာနဆိုင်ရာ အရာထမ်းများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌနဲ့ ကုန်သည်လုပ်ငန်းရှင် စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါတယ်။

Wednesday, 5 Sep 2012

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၆ ရက်က မုံရွာမြို့ မြို့တော် ခန်းမမှာကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ကို နံနက် ၉ နာရီမှာစတင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာမှာ ပြည်သူဗဟိုပြု မူဝါဒလမ်းစဉ်များ ချမှတ်နိုင်ရန် လူမှုစီးပွားရေးဘဝပြုပြင်ပြောင်းလဲရေး တိုးတက် အောင်ဆောင်ရွက်နိုင်ရန် ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေလုပ်ထုံး လုပ်နည်းများအစ ဈေးကွက်စီးပွားရေးနဲ့ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်း များ ပြင်ဆင်ပြဋ္ဌာန်းခြင်းနဲ့ ပြည်သူများ အဆင်ပြေချောမွေ့စေဖို့ အစိုးရဌာနဆိုင်ရာများနဲ့သာ ညှိနှိုင်းဆုံးဖြတ်မယ့်အစား ပညာရှင်များ၊ အသင်းအဖွဲ့ဝင်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူလယ်သမား စတဲ့ ကျွမ်းကျင်သူအလွှာအားလုံးပါဝင်စေဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ၂၀၁၂-၁၃ ခုနှစ် ကဏ္ဍအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေဖို့ လျာထားချက်များကို ရှင်းလင်းလမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများကို တစ်ဦးချင်းဆွေးနွေးတင်ပြခဲ့ကြရာ မုံရွာစီးပွားရေး ကဏ္ဍမှ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ပြင်ပ စီးပွားရေးဆက်ဆံမှုများမှာ ပူးပေါင်းပါဝင်မှုဆိုင်ရာ ကိစ္စများ၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ စက်မှုဇုန်ရှိ စက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ တိုင်းဒေသကြီး လျှပ်စစ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ကိစ္စရပ် များ၊ တိုင်းဒေသကြီးစီးပွားရေးဘဏ်မှ ဈေးကွက်စီးပွားရေးနဲ့ ခေတ် သစ်ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ တိုင်းဒေသကြီး လယ်ယာထွက် ကုန်တိုင်းမန်နေဂျာမှ စီးပွားရေးတိုးတက်မှုအတွက် အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်များ၊ သစ်တောဦးစီးဌာနမှ  အစိမ်းရောင် စီးပွားရေး GREEN  ECONOMY  ဆိုင်ရာကိစ္စများ၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံခြားသားပညာရှင်များ ခန့်ထားခြင်းဆိုင်ရာ ကိစ္စများ ကို ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ကဏ္ဍအလိုက် ဖြေကြားခဲ့ကြပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ တယ်လို့ သိရပါတယ်။    ထွန်းလှိုင်

Pages