Main menu

Background

Wednesday, 30 May 2012

        တရားမဝင်လမ်းကြောင်းမှ သွားလာနေမှုများအား ဒေသအာဏာပိုင်အဖွဲ့များမှ တားဆီးဆောင် ရွက်သွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က မေ ၁၇ ရက်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုလျာထားချက်ပြည့်မီရေးအစည်းအဝေးမှာ ပြောကြားခဲ့ တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဝတီသို့ကုန်ပစ္စည်း များတရားမဝင် သယ်ဆောင်မှုများအား တားဆီးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လမ်းညွှန်ထားတဲ့အတွက် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ မတ်လနှောင်းပိုင်းကစပြီး ရှောင်ကွင်းလမ်းမှာ တစ်နိုင်တစ်ဆွဲအမည်ခံ တရားမဝင်ပစ္စည်းသယ်ဆောင်တဲ့ ယာဉ်များအား ကုန်သွယ်ရေးဇုန်သို့စေလွှတ်ခြင်းနှင့် ပညာပေးဆွေးနွေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

Wednesday, 30 May 2012

       ဗီယက်နမ်-အီးယူ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အကျိုးသက်ရောက်လာပါက အကျိုးအမြတ်ရရှိစေရေးအတွက် အီးယူကိုတင်ပို့တဲ့ထုတ်ကုန်တွေရဲ့ ပုံစံကိုပြောင်းလဲလိုက်ဖို့ ဗီယက်နမ် ပြည်တွင်း အင်တာပရိုက်စ်တွေကို ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းလိုက်တယ်။ နှစ်နိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူတွေ က ပြင်ဆင်မှုတွေပြုလုပ်ပြီးသွားပြီဖြစ်ရာ FTA   နဲ့ပတ်သက်ပြီး တရားဝင်ဆွေးနွေးညှိနှိုင်းမှု တွေကိုစတင်နေပြီဖြစ်ကာ နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနလက်အောက် အီးယူဈေးကွက်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး   Tran Ngoc Quan    က ပြောကြား လိုက်တယ်။ မကြာသေးခင်က ဗီယက်နမ် ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်းနဲ့  အီးယူမှ ကိုယ်စားလှယ်တွေက ဟိုချီမင်းမြို့မှာတွေ့ဆုံကာ  ဗီယက်နမ်-အီးယူ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရှိန် မြှင့်ဖို့အတွက် ညီလာခံကို ကျင်းပခဲ့တယ်။

Thursday, 24 May 2012

          (၄)ပိုမိုလွတ်လပ်တဲ WTO  ကုန်သွယ်မှုစနစ်တွေက နေ လူနေမှုကုန်ကျစရိတ်တွေကို လျှော့ချပေးစေတယ်။"ကျွန်တော်တို့အားလုံးက စားသုံးသူတွေ ဖြစ်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အစားအစာတွေ၊ အဝတ်အထည်တွေ၊ ကျွန် တော်တို့ လိုအပ်ချက်တွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ အရာရာတိုင်းအတွက် ပေးနေကြရတဲ့ဈေးနှုန်း တွေက ကုန်သွယ်မှုမူဝါဒတွေနဲ့ဆက်စပ်ထိရိုက် မှုရှိစေတာ ဖြစ်တယ်။"

Thursday, 24 May 2012

          မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ လက်ပံတန်းမြို့နယ် TPIS  ဝန်ထမ်းများဟာ နွေစပါးများ အရည်အသွေး မကျဆင်းရေး အသိပညာပေးဆွေးနွေးခြင်းကို မေ ၁၄ ရက်မှာ လက်ပံတန်းမြို့၊ အုတ်တွင်းကျေးရွာမှာ နွေစပါးစိုက် တောင်သူ များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Thursday, 24 May 2012

   လယ်ယာစိုက်ပျိုးရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှုပိုလျှံသည့်    မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်း အဆိုပါ ပစ္စည်းများမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို လည်း ပြည်ပပို့ကုန်ဝင်ငွေ ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။

Thursday, 24 May 2012

    မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေ ခံတဲ့နိုင်ငံတစ်ခုဖြစ်သည်နဲ့အညီ စိုက်ပျိုးရေးထွက် ကုန်တွေကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ယခင်က ကုန်ကြမ်း  (Raw)    အဖြစ်သာ တင်ပို့ခဲ့ ရာ နောက်ပိုင်းမှာ တန်ဖိုးမြင့်ထုတ်ကုန် Value Added   အဖြစ် ထုတ်လုပ်တင်ပို့လာကြပါတယ်။

Thursday, 24 May 2012

    အီးယူဒေသက ထိုင်းနိုင်ငံမှ ကြက်၊ ဘဲကုန်ကြမ်းတွေ တင်သွင်းမှု ကန့်သတ်ထားခြင်းကို ဇူလိုင် ၁ ရက်မှစပြီး ပြန်လည်ဖယ်ရှားပေးတယ်လိ့ု ကြေညာခဲ့တယ်။ ၂၀၀၃ ခုနှစ်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကြက်၊ ငှက် တုပ်ကွေးအပြီး အီးယူက ထိုင်းမှ ကြက်၊ ဘဲတွေ တင်သွင်းမှုကို ကန့်သတ် လိုက်ခြင်းဖြစ်တယ်။ အီးယူသာမက ဂျပန်ကလည်း တင်သွင်းမှုကို ရပ် တန့်ခဲ့တယ်လို့ သိရတယ်။

Thursday, 17 May 2012

             (၃) အာဏာနဲ့ လုပ်ဆောင်မှုထက် ဥပဒေတွေအပေါ်မှာ အခြေခံတဲ WTO ကုန်သွယ်မှုစနစ်က အားလုံးရဲ့ဘ၀ ကို ပိုမိုလွယ်ကူလာစေတယ်။'WTO က နိုင်ငံတွေအားလုံးကို တစ် ပြေးညီဖြစ်အောင် မလုပ်ဆောင်နိုင်ပါ။

Thursday, 17 May 2012

          ASEAN-Japan Centre   ၏ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ  Jakarta Convention Center တွင် ၂၀၁၂ခုနှစ် ဧပြီ ၂၅ရက်မှ  ၂၉ရက်အထိကျင်းပခဲ့သည့်"အပြည်ပြည်ဆိုင်ရာ လက်မှုထည်ပြပွဲ INACRAFT 2012)" သို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(CLMV) နိုင်ငံတို့မှ ပါဝင်ပြသခဲ့ကြပါသည်။

Thursday, 17 May 2012

        မုံရွာ TPIS အဖွဲ့အနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 'ချေးငွေ' ပေးရေး ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့ရဲ့တောင်ဘက် ၄ မိုင်အကွာရှိ မအူ ကျေးရွာကိုရောက်ရှိစဉ်မှာ မအူကျေးရွာရဲ့ အဓိကထွက်ကုန်တစ်မျိုး ဖြစ်တဲ့ 'မြေပဲဆားလှော်' လုပ်ငန်းကို ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။

Pages