Main menu

Background

Thursday, 7 Jun 2012

           ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှာ မေ ၃၁ ရက် နံနက်ပိုင်း ချမ်းမြေ့စံခန်းမမှာ ဧရာဝတီစိမ်းလန်းမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ  တောင် သူများကို စတုတ္ထအကြိမ်မြောက် ၂၀၁၂/၂၀၁၃ ခုနှစ် မိုးစပါးရာသီအတွက် မျိုးပံ့ပိုးငွေနဲ့ ဓာတ် မြေသြဇာ များ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Thursday, 7 Jun 2012

         ယခင်ကာလများမှာ ပြည်ပမှ သစ်သီးအစို တင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားရာမှ ၂၀၀၆ ခုနှစ် နှောင်းပိုင်းကစပြီး နယ်စပ်မှ သစ်သီးဝလံ တင်သွင်းခွင့်များကို အချိန်ကန့်သတ်ချက်များနဲ့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။

Thursday, 7 Jun 2012

      စစ်တွေနယ်စပ်ကုန်သွယ်ရေးအနေနဲ့ယခင်က တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်မှုပြုရာမှာ ဘဏ်ကိစ္စ များကို မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံရှိ ဆိုနာလီဘဏ်နဲ့ ပြုလုပ်ခဲ့ရပါတယ်။ ယခုအခါမှာ တော့ ဆိုနာလီဘဏ်နဲ့ စစ်တွေဘဏ်တို့ တိုက်ရိုက် ချိတ်ဆက်ေ ဆာင်ရွက်နိုင်ပြီဖြစ်လို့ဘဏ်စနစ်ကောင်း မွန်လာပြီဖြစ်ပါတယ်။

Thursday, 7 Jun 2012

       တောင်ငူမြို့နယ်ရှိ တောင်သူများ ဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁-၁၂ မိုးစပါးစိုက်စရိတ် ထုတ် ချေးငွေနဲ့ ၂၀၁၁-၁၂ ဆောင်းသီးနှံချေး ငွေများကို ချေးယူပြီး၊ လယ်ယာလုပ်ငန်း ခွင် ထိရောက်မှန်ကန်စွာ အသုံးပြုနိုင် ခဲ့သလို တစ်ရာသီနှစ်ချင်းဆပ်ချေးငွေ အမျိုးအစားများဖြစ်တဲ့အတွက် သီးနှံပေါ်ချိန် သတ်မှတ်ကာလအတွင်း ပြေကြေအောင် ပြန်လည်ပေး ဆပ်နိုင်ခဲ့ကြ ပါတယ်။

Thursday, 7 Jun 2012

        တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းများ ဖွဲ့စည်းသွားမှာဖြစ် ကြောင်း သိရပါတယ်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ကုန်သည်များ ပဋိပက္ခနည်းပြီး မြန်ဆန်သွက်လက်တဲ့ ရည်မှန်းချက်ကို အထောက်အကူပြုဖို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

         မန္တလေးတိုင်းဒေသကြီး  အဝေး ပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနဲ့  အလုပ်အမှု ဆောင်အဖွဲ့ကို  မေ ၂၇  ရက်က  Oriental  House ခန်းမမှာ ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

      နိုင်ငံတော်အရန်ဆန်အတွက် နွေစပါးများဝယ်ယူခြင်းကို သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် သုံးဆယ်၊ အရှေ့သပြေကုန်းရပ်၊ အောင်သုခ ဆန်စက်ဝင်းမှာ အဝယ်စခန်းတစ်ခုဖွင့်ပြီး၊ ရွှေဝါဟင်္သာကုမ္ပဏီမှ ဝယ်ယူ နေခြင်း၊ မင်းလှမြို့နယ် စစ်ကွင်းဒေသ ဆေးရုံလမ်း၊ ပတ်ကားသိုရုံ အမှတ် ၁၁ မှာ အဝယ်စခန်းတစ်ခုဖွင့်ပြီး မင်းလှလယ်ယာထွက်ကုန် ဆန်စပါး အထူးပြုကုမ္ပဏီမှ ဝယ်ယူနေခြင်းနဲ့ ဇီကုန်းမြို့နယ် သစ်နဖါးလမ်း၊

Thursday, 7 Jun 2012

    ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အတွင်း အာဆီယံ စံချိန်စံညွှန်းများနှင့် အညီ လမ်းတံတားများ ရေရှည်တည် တံ့ရေး၊ ကုန်တင်ယာဉ်များ ခိုင်ခန့် ကောင်းမွန်ရေး၊ နိုင်ငံအတွင်း ဒေသ ထွက် ပို့ကုန်များ  သယ်ယူပို့ဆောင် စရိတ် လျော့နည်းစေရေးနဲ့ ကုန်စည် များ သယ်ယူပို့ဆောင်ရာမှာ မြန်ဆန် သွက်လက်စေရေးတို့အတွက်  မိမိတို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ မြို့ နယ်အသီးသီးရှိ  အဝေးပြေးကုန်စည် ပို့ဆောင်ရေးကားဂိတ်မှ  အဝေးပြေး ယာဉ်ပိုင်ရှင် ကိုယ်စားလှယ်များပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း  အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ် ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၂ ခုနှစ် မေ ၂၆ ရက်က  လားရှိုးမြို့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တွဲဖက် ပြည်နယ်မန်နေဂျာရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

Wednesday, 30 May 2012

    မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပ သို့တင်ပို့လျက်ရှိရာ ဥယျာဉ်ခြံထွက် ပန်းမန်များ ကိုလည်း တင်ပို့ခွင့်ပြုပေးထားပါသည်။ ယခင်က ဂန္ဓမာပန်းများကို စင်ကာပူနိုင်ငံသို့တင်ပို့ရောင်းချ ခဲ့ဖူးပြီးဖြစ်ပါသည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် သီးနှံပန်းမန်များကို  ဈေးကွက်ရှာဖွေ၍ တင်ပို့ ရောင်းချခဲ့ရာ လေကြောင်းမှ  စိန်တစ်လုံးသရက် သီးနှင့် ဂန္ဓမာပန်းများ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ စံပယ်ပန်းနှင့် သစ္စာပန်းများကို ပထမဦးဆုံးဈေး ကွက်စမ်းသပ်တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

Wednesday, 30 May 2012

    နန်းဟောင်းကျေးရွာအုပ်စုဟာ တောင်ကြီးမြို့ရဲ့ မြောက်ဘက် ၁၉ မိုင်အကွာမှာတည်ရှိပြီး စိုက်ပျိုးမြေဧရိယာခန့်မှန်းဧက ၃၀၀၀ ကျော်ရှိပါတယ်။ စပါး၊ ပြောင်းဖူးစေ့၊ ပဲစင်းငုံ၊ ကြက်ဆူကြားသီးနှံများကို အများ ဆုံးစိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသုံးပြုနိုင်တဲ့ နန်းဟောင်းဆည်တည်ရှိပြီး၊ ဆည်ရေသောက် ဧရိယာမှာ ၂၅၀ ဧကခန့်ရှိပါတယ်။ ယခင်နယ်မြေဒေသအခြေအနေ မအေးချမ်း၊ မတည်ငြိမ်တာကြောင့် ဒေသခံတောင်သူများမှာ သဘာဝကပေးထားတဲ့ မြေကောင်း၊ ရေကောင်းကို မည်သည့်သီးနှံများအတွက် အသုံးပြုစိုက်ပျိုးထုတ်လုပ်ရမှာကို မသိရှိ၊ နားမလည်နိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။

Pages