Main menu

Background

Thursday, 17 May 2012

          မြန်မာနိုင်ငံဘက်က လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ မြို့နယ်သုံးခုနဲ့ တရုတ်နိုင်ငံဘက်မှ မြို့နယ်သုံးခု စီးပွားရေးဇုန်နယ်မြေတည်ထောင်ရန် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ကွမ်းလုံခရိုင်ဟာ မူဆယ်ကဲ့သို့ တိုးတက်လာမယ့်နေရာဖြစ်ပါတယ်။

Thursday, 17 May 2012

အရည်အသွေးမြင့် စပါးမျိုးများ ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ဗီယက်နမ်ဆန်ကို နိုင်ငံတကာက အသိအမှတ်ပြု အမှတ်တံဆိပ်အဖြစ်  ပြုလုပ်ဖို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA)နဲ့အတူ ထုတ်လုပ်မှုနဲ့  ကုန်သွယ်ရေး ဝန်ကြီးဌာနတို့မှ စီစဉ်နေတယ်လို့ သိရပါတယ်။

Tuesday, 15 May 2012

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်သစ်များကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟာ  ဒိုဟာရောင်းခေါ် (၉)ကြိမ် မြောက် နိုင်ငံပေါင်းစုံကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပေမဲ့ အခုချိန်ထိ အဆုံးမသတ်နိုင်သေးပါ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ဒီနှစ် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်တဲ့အတွက် ဒိုဟာရောင်းလည်းဒီနှစ်ကုန်မှာ အပြီးသတ် နိုင်မယ် မထင်ပါ။ အမေရိကန်နိုင်ငံဟာ ပြည်တွင်းနိုင်ငံရေး၊ စီးပွား ရေးနဲ့ အခြားဒေသဆိုင်ရာအရေးအခင်းများအပေါ် အာရုံစိုက်နေ ရတဲ့အတွက် ဒိုဟာကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲအပေါ် အလေး မထားနိုင်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ဦးစားပေးသမျှ ဒိုဟာ ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲဟာ ပြီးဆုံးမှာ မဟုတ်ပါဘူး။ အချိန် ကာလ ၁၁ နှစ်ကျော်ကြာခဲ့ပေမဲ့ မပြီးဆုံးနိုင်သေးတဲ့ ဒိုဟာရောင်းဟာ နိုင်ငံပေါင်းစုံကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲသမိုင်းမှာ အချိန်အကြာ ဆုံးစံချိန်တင်မဲ့ ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲတစ်ရပ် ဖြစ်ပါတယ်။

Tuesday, 15 May 2012

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ယခုနှစ်သရက်သီးရာသီမှာ ထွက်ရှိလာမယ့် သရက်သီးများ မလေးရှားဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရေးအတွက် ဆွေးနွေးပွဲ ကို ၂၀၁၂ ခုနှစ် မေ ၂ ရက် နံနက် ၁၀ နာရီမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS  ရုံးခန်းမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။

Tuesday, 15 May 2012

ကိုရီးယားနိုင်ငံ Charles International Overseas Marketing Co,Lt  မှ နေ့စဉ်သုံး ကုန်ပစ္စည်းများဖြစ်သော ဖျော်ရည်ဖျော်စက်၊ အကြော်ဒယ်အိုးနှင့် ဟင်းရည်ချက်သည့်အိုး၊ အိပ်ခန်းသုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန် ပစ္စည်းများနှင့် အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါ သည်။

Tuesday, 15 May 2012

နိုင်ငံတော်အစိုးရအနေနဲ့ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် အကောင်အထည် ဖော်ခြင်းကို ဝန်ထမ်းများအနေနဲ့ လိုက်နာဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ အခက် အခဲရှိပါက အချိန်မရွေးကူညီဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များကလည်း တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တမူး နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဧပြီ ၂၂ ရက်က တမူးနယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှာပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Tuesday, 15 May 2012

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အတွက် တရုတ်နဲ့ တရားဝင်ဆွေးနွေးမှုကို စတင်တော့မှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်တယ်။ ၎င်းဆုံးဖြတ် ချက်ကို ပေကျင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ တွေ့ ဆုံပြီးနောက် ကြေညာခဲ့ခြင်းဖြစ်တယ်။ အာရှရဲ့ စီးပွားရေး အင်အားအကြီးဆုံးနဲ့ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားက မကြာခင် ပထမအကြိမ် ဆွေးနွေးခြင်းကိုစတင်ဖို့နဲ့ ဆောလျင်စွာ အပြီးသတ်နိုင်ရေးကို သဘောတူညီခဲ့တယ်။

Monday, 14 May 2012

          ရိဒ်ရွှေပြည်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်ပြေအေးက လမ်းများရာသီမရွေး သွားလာနိုင် တဲ့အခြေအနေထိ ကောင်းမွန်လာလျှင် ကုန်သည် လုပ်ငန်းရှင်များကလည်း ကုန်ပစ္စည်းများ ပိုမို တင်ပို့တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ မတ် ၂၆ ရက်က ရိဒ်ခေါဒါရ်နယ်စပ်ကုန် သွယ်ရေးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြော ကြားခဲ့တာဖြစ်ပါတယ်။

Monday, 9 Apr 2012

       မြန်မာ့ပို့ကုန်တင်ပို့သူများအနေဖြင့် ပုံမှန် တင်ပို့နေသည့် ပို့ကုန်အမယ်များဖြစ်သည့် ဆန် စပါး၊ ပဲမျိုးစုံ၊ပြောင်း၊ နှမ်း၊ ရော်ဘာ၊ သစ်တော ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ CMP  နှင့် သတ္တု တွင်းထွက်ပစ္စည်းများအပြင် ပို့ကုန်အမယ်သစ်များ ကို ရှာဖွေတင်ပို့လျက်ရှိရာ ယခုအပတ်အတွင်း ကုမ္ပဏီ တစ်ခုမှ ဝက်သစ်ချ(အခွံမပါ) အမယ်သစ် နှစ်တန်အား ကိုရီးယားနိုင်ငံသို့ စမ်းသပ်တင်ပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။

Monday, 9 Apr 2012

     ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှကြီးမှူးပြီး ညီနောင်အသင်းများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အနာဂတ်စီးပွားရေးပုံစံနဲ့ လိုက်လျောညီထွေစွာဖွံ့ဖြိုးတိုးတက်စေတဲ့ အတွေးအခေါ်များ၊ အကြံဉာဏ်များလုပ်ကိုင်ဖို့ လက်တွေ့ကျမယ့်နည်းလမ်းများ သိရှိရရှိစေဖို့ ရည်ရွယ်ပြီး ဒေါက်တာမတင်ဝင်း၊ စီးပွားရေးအကြံပေး

Pages