Background
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစဖြစ်တဲ့ ဧပြီလတွင် စစ်တွေကူးသန်းရောင်းဝယ်ရေးစခန်းရဲ့ ပထမဆုံးပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို စစ်တွေမြို့ကမ်းနားလမ်းရှိ ကုန် သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းခန်းမတွင် ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိ န်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုမ္ပဏီ / ကုန်သည် လုပ်ငန်းရှင်များ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ် Individual Trading Card (ITC) ဖြင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လုပ်ငန်း ရှင်များနှင့် စိတ်ပါဝင်စား သူများမှလည်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၄ နာရီ ၃၀ မိနစ်ချိန်တွင် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ SWM(စစ်တွေ)
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းရဲ့ ပထမအကြိမ်မြောက် နှစ်ပတ်လည်အ သင်းသားစုံညီအစည်းအဝေးကို မတ် ၂၄ ရက်က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်းင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ လားရှိုးမြို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်နဲ့မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (ရန်ကုန်) မှ အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်အသင်းမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်များ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်ဒိုင်များမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် များ၊ ဒေသခံကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည် လုပ်ငန်းရှင်များနဲ့ အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက် ခဲ့ကြပါတယ်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်ဖွင့်၍ ငွေချေးပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာ ယခုနှစ် ကြို ရောင်းကြိုဝယ်စနစ်နဲ့ ရောင်းဝယ်မှု မရှိခြင်းကြောင့် လိမ်လည်မှုမဖြစ်ပေါ် ဘဲ ဈေးကွက် ပုံမှန်အနေအထားရှိ ကြောင်း သိရပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှ စိတ်ပါဝင်စားသူ ပွဲစားကုန်သည်များနဲ့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစားချေးငွေပေးအပ် ပွဲ အခမ်းအနားကို အောင်ပန်းမြို့တော်ခန်းမ မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကလော မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်သမဝါယမအသင်းချုပ်ဥက္ကဋ္ဌ၊ အသင်းသားများ အပါအဝင် ၁၁၀ ဦး တက်ရောက်ခဲ့ပါတယ်။
ကန်ပိုက်တီး ကူးသန်းရောင်းဝယ်ရေးနယ်စခန်း၏ ၃/၂၀၁၃ ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက် ၁၃း၀၀ နာရီ၌ ကန်ပိုက်တီးကူးသန်းရောင်းဝယ် ရေးနယ်စခန်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်တို့ပူးပေါင်း၍ တောင် သူအထောက်အကူပြု ဆန်စပါး စိုက်ပျိုးရေးနှင့် ကိုင်တွယ်ထိန်းသိမ်းမှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရိတ်သိမ်းချိန်လွန်နည်းပညာပေး ရေးဌာန(၁) လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး သင်တန်းခန်းမမှာ မတ် ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင် မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူုးများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းမှ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယခု သင်တန်းဖွင့်လှစ်ရခြင်းမှာ တောင်သူလယ်သမား ကြီးများအေ နဖြင့် စပါးရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းမှုနှင့် သိုလှောင်ရေးဆိုင်ရာ ကျင့်စဉ်ကောင်း များကို လိုက်နာဆောင်ရွက်သွား ခြင်းအားဖြင့် ရိတ်သိမ်းပြီးစပါးများကို လိုက်နာ ကြိတ်ခွဲထုတ် လုပ်နိုင်ရေးအတွက် အထောက်အကူ ပြုစေရန် ပြည်ပဈေးကွက်မှာ မိမိနိုင်ငံရဲ့ ဆန်များ ဈေးကောင်းရရှိစေ ရန်နှင့် တောင်သူလယ် သမား များ ဝင်ငွေတိုးတက်မြင့်မားစေရန်အတွက် ဒီသင် တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း။ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ကြိတ်ခွဲပြုပြ င်ခြင်း၊ ပြည်တွင်း ပြည်ပသို့ တင်ပို့ ရောင်းချခြင်းစတဲ့(Supply Chain Mechanism) တစ်ခုလုံး ဟန်ချက်ညီ တိုးတက်ခေတ်မီအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆန်စပါး (Supply Chain) တစ်လျှောက်လုံးမှာ ဆန်ရဲ့အရည်အသွေး ကို ကျဆင်းသွားစေနိုင်တဲ့ ရာသီဥတုပိုးမွှား၊ ကြက်၊ ငှက်၊ မှိုရောဂါများ ရှိနေတာကို သတိပြုရမည့် အပြင် ကြိတ်ခွဲရေးပိုင်းဆိုင်ရာ ဆန်စက်များမှာ လည်း စပါးမှဆန်ဖြစ်တဲ့အထိကြိတ်ခွဲပေးရတဲ့ စက် ကိရိယာများရဲ့ စွမ်းဆောင်နိုင်မှု (Efficiency) လည်းမြင့်မားနေဖို့ လိုအပ်မှာဖြစ်ကြောင်း၊ မြန်မာ့ ဆန်စက်လုပ်ငန်းဟာ ယခုအချိန်မှာ တိုးတက်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်လို့ ပုဂ္ဂလိက အပိုင်းကလည်း အရည်အသွေးမြှင့် ဆန်စက် အသစ်များကို နိုင်ငံခြားမှ ရယူတပ်ဆင်အသုံး ပြုနေကြပြီဖြစ်ကြောင်း၊ ဒါကြောင့် အရည်အသွေး မြှင့်တန်းမြှင့်ဆန်များကို ပြည်ပသို့ ပိုမိုတင်ပို့လာ နိုင်တော့မှာဖြစ်ကြောင်း။ယခုအခါ ဆန်စပါး အထူးပြုကုမ္ပဏီများ ဖွဲ့ စည်းပြီး တောင်သူများကို မျိုးစပါး စိုက်စရိတ်၊ သွင်းအားစုများ ပံ့ပိုးပေးနေရုံမက တောင်သူတွေ နဲ့ ရာသီချိန်တစ်လျှောက်လုံး ထိတွေ့ဆက်ဆံပြီး စိုက်ပျိုးရေးပညာပေးလုပ်ငန်း များကို ဆောင်ရွက် ပေးလျက်ရှိတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဆန်စပါး အပါအဝင် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများနဲ့ လယ်ယာထွက် သီးနှံများအပေါ်မှာ ယခင်က ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်း ကို ကောက်ခံခြင်း မပြုတော့ပဲ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့အပြင် ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးနဲ့ လယ်ယာသုံးစက်ကိရိယာများ၊ စက်ပစ္စည်း များကို ပြင်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းမှ ထုတ် လုပ်ခြင်းအပေါ် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ကိုလည်း ကင်းလွတ်ခွင့်ပြုထားပြီဖြစ်ကြောင်း၊ အခုလို ဖြေေ လျှာ့ပေးရခြင်းတွေဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ေ သာ ကျေးလက်နေ တောင်သူလယ်သမားများ၊ လယ်ယာလုပ်သား များ မိသားစုဝင်များရဲ့ အကျိုးစီးပွားမျာဖြစ်ထွန်းစေ ရေးအပေါ် အဓိကထားရည် ရွယ်ပြီး ဆောင်ရွက် ပေးခဲ့တာဖြစ်ကြောင်း။ဆန် ပြည်ပတင်ပို့မှုနဲ့ ပတ်သက်ရင်လည်း ယခင်က အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ပြုခဲ့ ပေမယ့် ယခုအခါမှာပင်လယ်ရေကြောင်း၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကပါ လွတ်လပ်စွာ တင်ပို့ခွင့်ပြုပေး ထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် ၂၀-၁၀-၁၁ ဘဏ္ဍာနှစ်မှာ ဆန်နှင့် ဆန်ထွက် ပစ္စည်း တန်ချိန် ၅ ဒသမ ၃၇ သိန်း၊ ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှာ တန်ချိန် ၃ ဒသမ ၀၇ သိန်းပိုမိုပြီး တန်ချိန်စုစုပေါင်း ၈ဒသမ ၄၄ သိန်း တင်ပို့နိုင်ခဲ့ ရာကနေ ယခုနှစ်ဘဏ္ဍာရေးနှစ်မှာ ၁၅.၃.၂၀၁၃ ရက်အထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၄ ဒသမ ၂၇ သိန်းအထိ ယခင်နှစ်ကထက်တန်ချိန် ၅ဒသမ ၈၃ သိန်း ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီဆိုတာ တွေ့ရမှာဖြစ် ကြောင်း၊ သင်တန်းမှာ ဆိုရင်လယ်ယာထွက်ကုန် သီးနှံများ၊ ဈေးကွက်တိုးမြှင့် ကုန်သွယ်နိုင်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ မျိုးကောင်း၊ မျိုးသန့် ရရှိအသုံးပြုရေး၊ မျိုးကောင်းရရှိနိုင်မည့် နည်းစနစ်များ၊ အသုံးပြုရမည့် သွင်းအားစုများ စနစ်တကျအသုံးပြုရေး၊ ရိတ်သိမ်းရမည့် ကာလ အတွင်း တိကျစွာလိုက်နာ ရိတ်သိမ်းရေး၊ စနစ် တကျသိုလှောင်ရေး၊ ခေတ်မီဆန်စက်များဖြင့် ကြိတ်ခွဲထုတ်လုပ်၊ ထုပ်ပိုးရေးနှင့် ဈေးကွက်နှင့် ဈေးနှုန်းများ မှန်ကန်စွာ ရရှိရေးများအတွက် အထောက်အကူပြုစေရန် စနစ်တကျ လေ့လာ သင်ယူသွားကြ မှာဖြစ်ကြောင်း ပြောကြားပါသည်။သင်တန်းတွင်နည်းပြများအဖြစ် လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတတ်ပညာရှင်များ၊ ပြင်ပမှစိုက် ပျိုးရေးပညာရှင်များမှ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ တိုင်းဒေ သကြီးနှင့် ပြည်နယ်များမှ တောင်သူလယ်သမား ကြီးများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တောင်သူလယ်သမားကြီးများ စုစုပေါင်း ၅၉ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စုစုပေါင်း ငါးရက် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အောက်ခြေအဆင့်အရာရှိများ ပူးတွဲ လုပ်ငန်းအဖွဲ့အစည်း အဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို သီးခြားခေါ်ယူရန်လို အပ်ကြောင်း၊ တစ်ဖက်နိုင်ငံတွင် အစည်းအဝေး မတက်ရောက်မီ မိမိတို့ဘက်ခြမ်း၌ တက်ရောက်မည့် ဌာနဆိုင်ရာများ၊ ကုန်သည်များ အကြိုညှိနှိုင်းအစည်းအဝေးကို မဖြစ်မနေ ကျင်းပရန်လိုအပ်ကြောင်း၊ ယင်းအစည်းအဝေး တွင် ဆွေးနွေးလိုသည့်အချက်များကို တင်ပြကြမည်ဖြစ်ေ ကြာင်းကို မောင်တောကုန်သည်များအသင်း ဥက္ကဋ္ဌမှ ဖေဖော်ဝါရီ ၂၆ ရက် မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တမူးရဲ့ ဖေ ဖော်ဝါရီလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီမှာ အဆိုပါရုံးရှိ အစည်းအဝေးခန်းမမှာ ကျင်းပရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်း ရှင်များ၊ITC လုပ်ငန်းရှင်များနှင့် ကားဂိတ် တာ ဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။