Main menu

Background

Friday, 30 Nov 2012

သာယာဝတီခရိုင်အတွင်း မြို့နယ်များမှာ မိုးစပါးစိုက်ဧကခြောက်သိန်းကျော်ကို နိုဝင်ဘာလ လယ်ထိ ဧက ၁ ဒသမ ၇၇ သိန်း  ရိတ်သိမ်းပြီး ဆောင်းသီးနှံ ပဲမျိုးစုံထဲက မတ်ပဲကို အများဆုံးစိုက် ကြလို့ မတ်ပဲဧက သုည ဒသမ ၃၅ သိန်း စိုက်ပျိုး ထားပြီးဖြစ်ကြောင်း သိရပါတယ်။

Friday, 30 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အိမ်နီးချင်း တစ်ဖက်နိုင်ငံသို့ ရာသီပေါ် သစ်သီးဝလံအမျိုးမျိုး တင်ပို့လျက် ရှိပါ တယ်။ ယခုအချိန်ဟာ ဖရဲသီး၊ သခွားမွှေးလှိုင် လှိုင်ပေါ်ချိန်ဖြစ်နေတာကြောင့် မူဆယ်နယ်စပ်မှ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒါ့အပြင် သရက် သီးပေါ်ချိန်၊ နာနတ်သီး  ပေါ်ချိန်များတွင်လည်း ရာသီချိန်အလိုက် တင်ပို့နိုင်ခဲ့ကြပါတယ်။

Monday, 19 Nov 2012

ပဲခူးတိုင်းဒေသကြီး(အနောက်)ကြို့ပင်ကောက် မြို့နယ်မှာ ယခု နိုဝင်ဘာလထဲအတွင်း ဆန်စက် ပိုင်ရှင် လေးဦးတို့က ကိုရီးယားနိုင်ငံလုပ် ဒေး ဒေါင်း (DSC -48) စပါးရိတ်သိ မ်းခြွေလှေ့စက် လေးစီး ကို ကျောက်ဆည်စက်မှုဇုန်မှ အရစ်ကျ စနစ်နဲ့ဝယ်ယူပြီး၊ တောင်သူများရဲ့ လယ်မြေများမှာ ပဲစိုက်အမီ မိုးစပါးများအား စတင်ရိတ်သိမ်း ခြွေ လှေ့နေကြပြီဖြစ်ပါတယ်။ ယခုနှစ် ရာသီဥတု အခြေအနေအရ ကုန်းလယ်ကွက်များမှာ အစို ဓာတ်နည်းနေတာကြောင့် ဆောင်းသီးနှံ မတ်ပဲ စိုက်ပျိုးဖို့အတွက် မိုးစပါးများကို မြန်မြန်ရိတ် သိမ်းဖို့လိုအပ်ပြီး   ကောက်ရိတ်လုပ်သားများ အခက်အခဲနဲ့  ကြုံတွေ့နေရချိန်မှာ ယခုလိုစပါး ရိတ်သိမ်းခြွေလှေ့စက်များအား ရက်ချိန်းနဲ့ ငှား ရမ်းနေကြတယ်လို့ သိရပါတယ်။

Monday, 19 Nov 2012

တရုတ်နိုင်ငံ Chongqing မြို့မှ Chong- qing Dinking Power Machinery Co., Ltd  သည့် စွမ်းဆောင်ရည်မြင့်မားသည့် အင်ဂျင်၊ မီး စက်၊ ရေစုပ်စက်၊ လယ်ယာသုံးစက်ကိရိယာများ ကိုထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ဥရောပ၊ အာဖရိ က၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိပါသည်။ အလားတူ မြန်မာနိုင်ငံသို့ လည်း ကုန်သွယ်မှုပြုလုပ်လိုကြောင်း ကမ်းလှမ်း လာပါသည်။ သို့ဖြစ်ပါ၍  စိတ်ပါဝင်စားသည့် လုပ်ငန်းရှင် များအနေဖြင့်  Ms. Nancy Wu, Director, Tel: 86-1888- 3121990, Fax- 86-23-42465668, email.ym@china-dk.cn, wxy@china-dk.cn   သို့ ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ပြီး www.china-dk.cn   သို့လည်း ဝင် ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ MMS (IT)

Monday, 29 Oct 2012

မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာ့ဆေးရွက်ကြီးအား ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်မှုအနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တန်ဖိုး ကန်ဒေါ်လာ ခုနစ်ထောင်ကျော် ၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကိုးထောင်ကျော် ၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ လေးထောင်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၃ သိန်းကျော်အထိ ထူးထူးခြားခြား သိသိသာသာ ပိုမိုတိုးမြှင့်တင်ပို့နိုင် ခဲ့ပြီး နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေ ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

Monday, 29 Oct 2012

မြန်မာ့ဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်အညီ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ထန်း ကုန်းအုပ်စု ရှိ တောင်သူလယ်သမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြု လုပ်ခဲ့ကြပါတယ်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲအား ပဲခူးတိုင်းဒေ သကြီး၊ ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိ သူများမှ အောက်တိုဘာလ ၁၉ ရက် နံနက် ၈ နာရီတွင် ရွှေတောင် မြို့နယ် ထန်းကုန်းအုပ်စုရှိ အထူးအထွက်တိုးစပ်မျိုးစပါးစိုက်ခင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ယခင်က တောင်သူများအနေဖြင့် လက်နဲ့ရိတ်ပြီး တလင်းတွင် နွားများဖြင့် နယ်လှေ့ခဲ့ကြရာမှာ နောက် ပိုင်းတွင် ခြွေလှေ့စက် များဖြင့် ခြွေလှေ့ လာကြတာကိုတွေ့ရပါတယ်။ ယခုလို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းဖြင့် တောင်သူများ အချိန်ကုန် သက်သာစေခြင်း၊ အလေအလွင့် နည်းပါးပြီး ယခင်က ထက် တစ်ဧက ၁၀ တင်းနှုန်းခန့် လေလွင့်မှု နည်းပါးလာတဲ့အတွက် ဝင်ငွေပိုမိုလာနိုင်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုခြင်းဖြင့် ရရှိလာမည့် အားသာ ချက်၊ အားနည်းချက်၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးပြီး စိုက်ပျိုးရေး နည်းစနစ်များ မှန်ကန်စွာ အသုံး ပြုပါက အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း၊ လက်ရှိလယ်ယာမြေ များအား စက်ကိရိယာ များဖြင့် ပြောင်းလဲသုံးစွဲပါက ပြုပြင်ရမည့် လယ်မြေပုံသဏ္ဌာန်အမျိုးအစားများ၊ ကန်သင်းဖြောင့်ပြီး စတုဂံပုံ သဏ္ဌာန် လယ်မြေများဖြစ်အောင် ဆောင်ရွက်ပြီး၊ မြေညှိခြင်းများ ပြုလုပ်ပါက ရေအသွင်းအထုတ်ကအစ ထိန်းညှိနိုင်ကြောင်း၊ ရိတ် သိမ်းခြွေလှေ့စက်များအသုံးပြုပါက အချိန်တိုအတွင်း အလုပ်ပြီး စီးအောင် ဆောင်ရွက်နို င်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ရဲ့ လယ်ယာမြေ၊ ရာသီဥတုအခြေအနေနဲ့ကိုက်ညီ မည့် အထူးအထွက် တိုး စပ်မျိုးစပါးများ ရွေးချယ်စိုက်ပျိုးသွားပါက မိမိတို့ဘ၀ တိုးတက် ရုံမျှမက နိုင်ငံတော်ထုတ်လုပ်မှုအပိုင်း ပိုလျှံလာပြီး ပြည်တွင်းစားသုံး မှု ဖူလုံသလို ပြည်ပသို့ တင်ပို့နိုင်သဖြင့် ပြည်ပဝင်ငွေများ ပိုမိုရရှိပြီး တောင်သူများရဲ့ ဘဝတွေလဲ ပြောင်းလဲပြီး တိုးတက်မြင့်မားလာမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါ တယ်။                                     ခင်ဆွေဝင်း-ပြည်

Monday, 29 Oct 2012

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုပြုလုပ် နေသော နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ ပို့ကုန် များကို ဦးစားပေး တင်ပို့လျက်ရှိတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းအနေ နဲ့ ဆောက်လုပ် ရေးသုံးဘိလပ်မြေနဲ့ စားသုံးကုန်ဟင်းချိုမှုန့်တို့ကို သာ အဓိကတင်သွင်းလျက်ရှိ ပါတယ်။ ယခုအခါ ကုန်သွယ်မှုများဆက်တိုက်ဖြေလျော့နေတာနဲ့ အမျှ ဒေသခံကုန်သည်များ အနေနဲ့ ပိုမိုလုပ်သာကိုင်သာ ရှိလာပြီး အချိတ်အဆက်မိကာ  ချင်းရွှေဟော်ရဲ့ သွင်း ကုန်ပစ္စည်းအမယ်သစ်တစ်မျိုးကို တင်သွင်း မယ်လို့ သိရပါတယ်။ ကွမ်းလုံအခြေစိုက် ဖန်ရင် ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာရဲ့ ပြောပြချက် အရ ပြည်တွင်းရှိစက်ရုံများနဲ့ အချိတ်အဆက်မိကာ စက်ရုံသုံးကုန်ကြမ်းဖော့ပုံးပြုလုပ်မဲ့ ပလတ်စတစ် စေ့  Expandable Polystyrene (C8H8)  တန် ၁၀၀ ကို စတင်တင်သွင်းမှာဖြစ်ကြောင်း၊ နောင်မှာ လည်း စက်ရုံလိုအပ်ချက်အရ ဆက်လက်ပြီးတင် သွင်းသွားမယ်လို့ ပြောပြပါတယ်။ ယခင်က ပင် လယ်ရေကြောင်းကုန်သွယ်မှုမှတင်သွင်းခဲ့ပြီး စက်ရုံ သို့ ရောက်ရှိရန် ရက် ၂၀ ခန့်ကြာမြင့်ကြောင်း၊ ချင်းရွှေဟော်မှတစ်ဆင့် တင်သွင်းပါက ၅ ရက်ဖြင့် ရန်ကုန်သို့ရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ Auto- matic Licencing  စနစ်အရ ကျပ်ငွေနဲ့ သွင်းကုန် လိုင်စင် လျှောက်ထားနိုင်တဲ့အတွက် နေ့ချင်းပြီး သွင်းကုန်လိုင်စင်ရခြင်း၊ လိုင်စင်စောင့်ဆိုင်းရမှု၊ ငွေလွှဲပေးချေမှု လုပ်ငန်းများ လျော့နည်းသွားတဲ့ အတွက် သွင်းကုန်ပစ္စည်းများ မြန်မြန်ဆန်ဆန်တင် သွင်းနိုင်မယ်လို့ပြောပါတယ်။ ပို့ကုန်တင်ပို့မှုအပြင် သွင်းကုန်ပစ္စည်းများ ကိုလည်း  ကြိုးစားတင်သွင်း တော့မှာဖြစ်ရာ  "ချင်းရွှေဟော်စခန်းမှ ကုန်သွယ် မှုပြုနိုင်ရေးလုပ်ငန်းရှင်များသို့" သတင်းကောင်းပါး လိုက်ရပါတယ်.... အိုပါး-ချင်းရွှေဟော်

Monday, 29 Oct 2012

အိန္ဒိယ - မြန်မာ စီးပွားရေးလုပ် ငန်းရှင်အချင်းချင်း တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးမြို့ စွမ်းဟိုတယ်မှာ နိုဝင်ဘာ ၂ ရက်၊ နေ့လည် ၂ နာရီမှာ ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

Monday, 29 Oct 2012

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကော်မတီ ဥက္ကဌ ဦးရာဇာဝင်း၊ အတွင်းရေးမှူး ဦးထွေးသိမ်း (မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)နဲ့ လုပ်ငန်း ကော်မတီဝင် များသည် မိမိတို့မြို့နယ်အတွင်းရှိ အသေးစားစက်မှုလုပ်ငန်းများဖြစ်တဲ့ လယ်ယာသုံးစက် ကိရိယာလုပ်ငန်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်တဲ့ ကွန်ကရစ်လုပ်ငန်း၊ ဘောက်တူ လှေလုပ်ငန်း၊ တောင်းပလုံး ရက်လုပ်ခြင်း လုပ်ငန်းများအတွက် အသင်းသားများ အားမတည်ရင်းနှီးငွေကျပ်သိန်း ၅၀ ကို အိမ်မဲမြို့၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ TPIS ရုံးခန်းတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ပေးအပ်ခဲ့ကြောင်း၊ အတွင်းရေးမှူး ဦးထွေးသိမ်းမှ ပြောကြားပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကော်မတီမှ အသင်း သားများအား ပံ့ပိုးချေးငွေများကို ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် စတင်ပြီး၊ ထုတ်ချေးခဲ့ ကြောင်း၊ အသင်းသားများမှာလည်း ပံ့ပိုးချေးငွေများကို အပြည့်အ၀ ပြန်လည် ပေးဆပ်ခဲ့ကြောင်း၊ ယခု ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ လုပ်ငန်းတိုးချဲ့ရန်နဲ့ လိုအပ်တဲ့ အရင်းအနှီး များအတွက် ဒုတိယအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ပါတယ်။                  ထွေးသိမ်း - ဧရာဝတီ
 

Monday, 29 Oct 2012

မန္တလေးမြို့လုံးဆိုင်ရာ သစ်စက်ပိုင်များအသင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က မြစိမ်းရောင်ခန်းမမှာ ဖွဲ့စည်းခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို မန္တလေးမြို့ပေါ်ရှိ အသေး စားနဲ့ အလတ်စား သစ်စက်ပိုင် ၂၈၀ ဝန်းကျင် တက်ရောက်ခဲ့ ကြပြီးအလုပ်အမှုဆောင်နဲ့အမှုဆောင်အဖွဲ့ဝင်များအား မြို့ နယ်အလိုက် ရွေးချယ်ခဲ့ပါတယ်။ နာယက ၄ ဦး၊ အလုပ်အမှု ဆောင်အဖွဲ့ ၂၄ ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ ရွေးချယ်ခံရတဲ့ သစ်စက်ပိုင်အသင်းဥက္ကဋ္ဌ ဦးစိုးထွဋ် (SYသစ်အချောထည်)က  " အသင်းကို ဒီကနေမှ စတင်ဖွဲ့စည်း တာ ဖြစ်တဲ့အတွက် အသင်းဝင် အရေအတွက် မသိရသေး ပါဘူး။ လျှောက်လွှာယူတာတော့ ၂၅၀ ကျော်ရှိပါပြီ။ မန္တလေး တစ်မြို့လုံးက ဝင်ကြမှာပါ။ သစ်စက်ပိုင်များအသင်းကို ဖွဲ့စည်းပြီး၊ အသေးစား၊ အလတ်စား သစ်စက်တွေ စုပေါင်းပြီး ရပ်တည်ရမယ့် အခြေအနေရောက်ပါပြီ။ ခုမန္တလေးမြို့က သစ်စက် လုပ်ငန်းရှင်တွေ ရွေးချယ်ပေးလိုက်တဲ့ အလုပ် အမှုဆောင် အဖွဲ့စာရင်းကို သက်ဆိုင်ရာဌာနတွေထံတင်ပြပြီး၊ တရားဝင်ဖွဲ့စည်းသွားပါမယ်။ အသင်းတရားဝင်ဖွဲ့စည်းပြီးမှ ကျွန်တော်တို့ မန္တလေးမြို့က သစ်စက်ပိုင်တွေအတွက် သစ် ကုန်ကြမ်းလုံလုံ လောက်လောက်ရရှိရေး၊ နည်းပညာရရှိရေး အတွက် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားပါမယ်" လို့ ပြောပါတယ်။ မန္တလေးမြို့ရှိ အကြီးစားသစ်စက်လုပ်ငန်းများမှာ ကြီး ရာမှ သေးပြီး၊ အသေးစားစက်မှုလုပ်ငန်းများ မှာ ပျောက်ကွယ် ရမယ့် အခြေအနေအား ကာကွယ်ဖို့ သစ်စက်ပိုင်များ စုပေါင်း ဆောင်ရွက်နိုင်မယ့် သစ်စက်ပိုင်များ အသင်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး
 

Pages