Main menu

Background

Tuesday, 12 Mar 2013

မိမိတု့ိရောင်းချမဲ့ကုန်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး  ဈေးကွက် အသာစီး ရအောင် ဆောင်ရွက်ကြဖို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ၁၃း၀၀ ချိန်က ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နိုင် မြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးကို စစ်တွေမှာ မကြာခင် လာရောက်ဖွင့်လှစ်တော့မှာဖြစ်တဲ့ အတွက် စစ်တွေဒေသ ရှိ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံနဲ့ လည်း ကုလား တန်မြစ်ကြောင်းမှတစ်ဆင့် တိုက်ရိုက်ကုန်သွယ်နိုင်တော့မှာဖြစ်ပါတယ်။ ကုန်သွယ်မှုနယ် ပယ်ကျယ်ပြန့်လာပြီး စီးပွားရေးဝယ်လက်ကောင်းများအား ယှဉ်ပြိုင်ရောင်းချနိုင်တော့မှာဖြစ်သလို နည်း ပညာနဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုအခွင့်အလမ်းများ ရရှိတော့မှာဖြစ်လို့ ဈေးကွက် အသာစီး ရရှိ အောင်ဆောင်ရွက်ရေး ဦးရန်နိုင်မြင့်က တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ (စစ်တွေ) MIRT (DOBT)

Monday, 25 Feb 2013

ဖေဖော်ဝါရီ ၁၈ ရက်က ပုသိမ်မြို့ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊  TPIS ရုံးခန်းမှာ တိုင်းဒေသကြီးအသင်း၊ ဆား ထုတ်လုပ် သူလုပ်ငန်းရှင်များ  အသင်းဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနဲ့သတ္တုဝန်ကြီး ဦးစိုးမြင့်၊ မြန်မာ့ ဆားလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးထွန်း သိန်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေး တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်၊  TPIS  ဌာန မန်နေဂျာနဲ့ဝန်ထမ်းများ၊ ဧရာအဏ္ဏဝါ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာနဲ့ ဒါရိုက်တာများ၊ ပုသိမ်၊ မြောင်းမြ၊ ငပုတော၊ လပွတ္တာမြို့နယ်များမှ ဆားစက်ပိုင်ရှင်၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဆား ထုတ်လုပ်သူတောင်သူများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Monday, 25 Feb 2013

ပဲမျိုးစုံထွက်ရှိတဲ့  ရာသီချိန်ဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသထွက် ပဲမျိုးစုံအား တစ်ဖက်အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ရေးအတွက် သမဝါယမအသင်းစုမှ ကြိုးစား လျက်ရှိနေပါတယ်။ ကုလားပဲလုံးဝါများအား ဝယ် ယူစုဆောင်းထားပြီး ဒေသထွက် ပဲပုပ်စေ့၊ မတ်ပဲ၊ ချင်းပဲ (ပဲယင်း)၊ မြေထောက်ပဲ စတဲ့ပဲမျိုးစုံ တို့အား လည်း တင်ပို့နိုင်ရေးအတွက် ကြိုးစားလျက်ရှိတယ် လို့ သတင်းရရှိပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်ယူမဲ့ ကုမ္ပဏီများအား  ချိတ်ဆက်ဆောင်ရွက်ပြီးပါက ဒေသထွက်ပဲမျိုးစုံအား တင်ပို့သွားနိုင်မည်ဖြစ်ရာ တမူးနယ်စပ်ကုန်သွယ်ရေး  ကုန်သွယ်မှုပမာဏ တိုးတက်လာဖွယ်ရှိကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။    လှဌေး (တမူး)

Monday, 25 Feb 2013

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားကဇာတ်ရုံ ကွင်းပြင်မှာ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်ထိ Thematic Handicraft Exhibition    ကုန်စည်ပြပွဲ ကျင်းပ သွားရန်ရှိပါတယ်။ ထိုကုန်စည်ပြပွဲမှာ ပါဝင်ပြသရန် အိန္ဒိယသမ္မတနိုင်ငံ၊ မဏိပူရပြည်နယ်မှ လက်မှုပညာ ရှင် ၂၁ ဦးပါအဖွဲ့ဟာ အမေရိကန် ၉၃၆၈ ဒေါ်လာ တန်ဖိုးရှိ အိန္ဒိယနိုင်ငံလုပ် လက်ရက်ထည်နဲ့ လက်မှုပစ္စည်းများသယ်ဆောင်ကာ ဖေဖော်ဝါရီ ၁၇ ရက်မှာ တမူးကတစ်ဆင့် မန္တလေးသို့ ဆက်လက် ထွက်ခွာသွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ပြပွဲတွင်ပြသရန်အတွက် အိန္ဒိယနိုင်ငံလုပ် ဆာရီ၊ ပုဆိုး၊ ထမီ၊ တစ်ဘက်၊ ပဝါ စသည့် အဝတ်အထည်များနဲ့ ကြိမ်၊ ဝါးတို့ဖြင့်ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းများအား သယ်ဆောင်သွားပြီး ၎င်း ပစ္စည်းများအား ပါဝင်ခင်း ကျင်းပြသ ရောင်းချ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။          လှဌေး (တမူး)

Monday, 18 Feb 2013

လူမျိုးဘာသာမရွေး သက်ရှိလောကလူသားတို့က သဘာဝအလှများကို မြတ်နိုးခင်တွယ်တတ် ကြသည်သာဖြစ် ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးများကလည်း သဘာဝအလှတရားများကို မြတ်နိုးတတ် ကြသည်ဖြစ်ရာ နေ့ စဉ် ဈေးတန်းတွေမှာ အလှပန်းအမျိုးမျိုးတို့အားဝယ်ယူပြီး မိမိတို့အိမ်ရှိ ဘုရားစင်နဲ့ စေတီပုထိုး ဘုရားကျောင်း ကန် များမှာ ကပ်လှူပူဇော်ခြင်း၊ မိမိတို့ဗီရို၊ စားပွဲများမှာ အလှပန်းအိုးများ အဖြစ် အသုံးပြုခြင်း၊ အလှူမင်္ဂလာနဲ့ ဧည့်ခံပွဲအခမ်းအနားအမျိုးမျိုးတို့မှာ အလှဆင်ဖို့အတွက် ဝယ်ယူ အသုံးပြုမှုများ များပြားလှပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှ မြန်မာ့အလှပန်းအမျိုးမျိုး စိုက်ပျိုးထွက်ရှိပြီး အဓိက လူကြိုက်များသုံးစွဲမှုများတဲ့ ပန်းတွေကတော့ ဂန္ဓမာပန်း၊ သစ္စာပန်း၊ မေမြို့ပန်း၊ သစ်ခွပန်းနဲ့ နှင်းဆီပန်းတို့ဖြစ်ကြပါတယ်။ ယခု မြန်မာ့သဘာဝအ လှပန်းလေးများကို မြန်မာနိုင်ငံအတွင်းမှာ သာမက နိုင်ငံတကာကပင် အသိအမှတ်ပြု ဝယ်ယူနေပြီဖြစ်ရာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်က မြန်မာ့နှင်းဆီ ပန်းများကို စင်ကာပူနိုင်ငံကို တင်ပို့ရောင်းချဖို့ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူသွားပြီဖြစ်ပြီး ၎င်းင်းနှင်းဆီပန်း များကို ကတ်ထူစက္ကူပုံးများနဲ့ ထုပ်ပိုးကြောင်း သိရှိရပါတယ်။

Monday, 18 Feb 2013

ဧရာဝတီတိုင်းဒေသကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှခိုင်၊ တိုင်းမန်နေဂျာ ဦးစိုးအောင်တို့ ဟာ ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မန်နေဂျာများ၊ ဝန်ထမ်းများနဲ့တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

Monday, 18 Feb 2013

ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျာထား ချက်ပြည့်မီရေး၊ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး၊ တရားမဝင် မှောင်ခိုစီးဆင်းမှု ပပျောက်ရေးနှင့် ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု ပမာဏတိုးတက်ရေးနဲ့ တစ်ဦးတည်း ပိုင်ထုတ်ကုန် သွင်းကုန်လုပ်ငန်းရှင်များဆောင်ရွက်ရမည့် နည်း စနစ်များအား သိရှိနားလည်ပြီး လုပ်ငန်းဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ချက်များဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လစဉ် ကျင်းပပေးလျက်ရှိပါတယ်။

Monday, 4 Feb 2013

ယခုတစ်လော ပင်လယ်ရေကြောင်းမှ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများနှင့် စက်မှုထုတ်ကုန်အမယ်သစ်များ ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်ကို တွေ့ရှိရသည်။ မြေစမ်း ခရမ်းပျိုးဆိုသလို ဈေးကွက်နယ်ပယ်ချဲ့ထွင် လာပြီဖြစ်သော မြန်မာ့ပို့ကုန်အမယ်များအတွက် ဝမ်းသာစရာ သတင်းတစ်ခုပင်ဖြစ်သည်။ ယခုအပတ်တွင် ပို့ကုန်အမယ်သစ်အနေဖြင့် မော်တော်ကားဘီးတာယာစွပ် (Snow Tex) များကို ချုပ်လုပ်၍ တင်ပို့ရန် လျှောက် ထားလာသည်ကို တွေ့ရှိရပါသည်။ ကုန်ကြမ်းပစ္စည်းများကို နိုင်ငံခြားမှဝယ်ယူတင်သွင်းပြီး အသားမှာ နိုင်လွန် အသား အမဲရောင်မျိုးဖြစ်ပြီး အစွပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် အနီရောင် သားရေပတ် အနားကွပ်ထားပြီး ကားဘီးအရွယ်အစားအလိုက် အနေတော်အံကိုက်ချုပ်လုပ်ထားသည်။ ကားဘီးကိုလိုက်၍အရွယ်အစား(Model) အမျိုးမျိုးရှိပြီး ဆီးနှင်းကျသောရာသီများတွင် ၎င်းင်းကားဘီးအစွပ်များကို ကားဘီးများတွင်စွပ် ၍ နှင်းတောထဲ တွင် မောင်းနှင်သည်ဟုသိရှိရသည်။ ၎င်း အစွပ်ကို နှင်းတောထဲတွင် စွပ်၍မောင်းပါက ကားဘီးချော် မသွားစေရန်နှင့် ကားကို ဘေးကင်းရှင်းစွာ မောင်းနှင်နိုင်စေရန်ဟုသိရှိရသဖြင့် ယခုအခါ ဈေးကွက် သို့စတင်ထိုးဖောက် ဝင်ရောက် နိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ နောင်ဈေး ကွက်လိုအပ်ချက်အရ လုပ်ငန်းတိုးခဲျ့ ကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ယခုအခါ ပစ္စည်းတင်ပို့ရန် ပို့ကုန်လိုင်စင်အရေတွက်  ၅၀၀ ကျော်ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ခန့်အားတင်ပို့ရန် လျှောက်ထားလာခဲ့သည်။ ပေါများကြွယ်ဝလှသော မြန်မာ့မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတို့က ဒီရေအလားတိုးတက်လာသော နည်းပညာအသစ်အဆန်းများနှင့် ပေါင်း စပ်လာနိုင်ချိန် တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးရည်မှန်းချက်ဖြစ်သော ပို့ကုန်ပထမဟူသော မျှော်မှန်းချက်သည် ရုပ်လုံးပေါ် အောင်မြင်လာပေမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်း တိုးတက်အောင်မြင်စေ ရန် ဖြေလျော့မှုများနှင့်အတူ ဈေးကွက်ရှာဖွေဖော်ထုတ်ပေးခြင်း၊ နည်းပညာအကူအညီများရ ယူကာ ဖြန့်ဖြူးေ ပးခြင်း ဖြင့် ဒေသတွင်း ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းရရှိေ ရး၊ ဒေသဖွံ့ဖြိုး တိုးတက်ေ ရးနှင့် နိုင်ငံတော်၊ နိုင်ငံသားတိုင်း၏ အကျိုးဖြစ်ထွန်းရေးကို မျှော်မှန်းပြီး လုပ်ငန်းရှင်များမှလည်း များများစိုက်၊ များများထုတ်လုပ်၊ ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ရည်ရွယ်ကာ အရေအတွက်မှ အရည်အသွေးသို့ ဦးစားပေးပြီး နိုင်ငံတော်၊ လုပ်ငန်းရှင်၊ ပြည်သူအပေါင်း စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးစားအား ထုတ်လျှင် မြန်မာ့ကုန်သွယ်ရေး ရည်မှန်း ချက်ဖြစ်သော ပို့ကုန်ပထမဖြစ်ရမည်တည်းဟူသော မျှော်မှန်းချက်တို့သည် မလွဲမသွေ၊ မြေကြီး လက်ခတ်မလွဲ အောင်မြင်လာနိုင် မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။               ထွန်းမြင့်ထွန်း

Monday, 4 Feb 2013

ပုသိမ်မြို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ TPIS   ရုံးခန်းမှာ တိုင်းဒေသကြီး ဆားလုပ်ငန်းရှင် များအသင်း ဖွဲ့ စည်းရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှာ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်၊ မြန်မာ့ဆားလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးထွန်း သိန်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်၊ ဌာနမန်နေဂျာများနဲ့ TPIS   ဝန်ထမ်းများ၊ ဆားထုတ်လုပ်တဲ့တောင်သူ၊ ကုန်သည်၊ လုပ်ငန်းရှင်၊ စက်ပိုင်၊ ကုမ္ပဏီ များမှ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 Jan 2013

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး TPIS  ရုံးခန်းမှာ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သတင်းအချက်အလက် Mobile  Tranining  နဲ့ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာေ ပးရေး သင်တန်းကို ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး နဲ့ မွေးမြူရေးဝန်ကြီး ဌာန ဝန်ကြီး ဦးစန်းမောင်မှ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ဌာနဆိုင်ရာ တာ ဝန်ရှိသူပုဂ္ဂိုလ်များ၊ ကုန်စည်ဒိုင်များမှ တာဝန်ရှိ သူများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆန်စပါးအထူးပြုကုမ္ပဏီများမှ တာ ဝန်ရှိသူများ၊ စားသောက် ကုန်ထုတ်လုပ်ရောင်းဝယ်နေတဲ့ လုပ်ငန်း ရှင်များ၊ သင်တန်းဆရာ၊ ဆရာမများစုစုပေါင်း ၁၁၀ ဦးတက် ရောက် ခဲ့ပါတယ်။

Pages