Main menu

Background

Thursday, 27 Jun 2013

ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုး ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရည်အသွေး ပိုမိုကောင်း မွန်ပြီး၊အာရှနဲ့ ဥရောပဈေးကွက်များသို့တိုးတက်တင်ပို့နိုင် ရေးအတွက် FAO နဲ့ စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးေ ပါင်းပြီးသီးထိုးယင်ဘက်စုံကာ ကွယ်ရေးနည်းပညာပေးသင်တန်းကို၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့စိုက်ပျိုးရေးဦးစီးဌာန သင် တန်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

Thursday, 27 Jun 2013

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ၂၀၁၃-၂၀၁၄ ခုနှစ်၊ မိုးစပါးအတွက် တောင်သူများ အားစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို  ဇွန်လ ၁၈ ရက်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Thursday, 27 Jun 2013

နိုင်ငံတော်သမ္မတကြီးရဲ့ စတုတ္ထ အဆင့်ပြုပြင်ပြောင်းလဲရေး အစီအစဉ် အရ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်မြို့များမှာ ပြုလုပ်ကျင်းပလျက်ရှိရာ မုံရွာခရိုင်ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး အကြိုလုပ်င န်းညှိနှိုင်း ဆွေး နွေးပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက်က မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမမှာကျင်း ပခဲ့ပါတယ်။

Wednesday, 12 Jun 2013

မန္တလေးတိုင်း ဒေသကြီး မြင်းခြံ ခရိုင်ဟာ နှမ်းအများဆုံးစိုက်တဲ့ ဒေသ လို့ဆိုလို့ရပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ရဲ့ နှမ်းစိုက်ဧကကိုကြည့်မယ်ဆိုရင် မိုးနှမ်းဧက ၄၈၂၀၀၀ ၊ ဆောင်းနှမ်းဧက ၃၇၀၀၀၊ နွေနှမ်းဧက ၅၀၀၀ ပေါင်းဧက ၅၂၄၀၀၀ ဖြစ်ပါတယ်။ မိုးနှမ်းနဲ့ ဆောင်း နှမ်းကမိရိုးဖလာနှမ်းဖြစ်တဲ့ နှမ်းညိုကို စိုက်တဲ့အတွက်တစ်ဧက ၄၊ ၅၊ ၇ တင်း သာထွက်လို့ တွက်ခြေမကိုက်ဘူး လို့ ညည်းသံကြားရပါတယ်။

Wednesday, 12 Jun 2013

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ အသေးစားကုန် ထုတ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ချေးငွေရရှိခဲ့ပြီး၊ ဒုတိယ ၃ လအတွက်အတိုးကျသင့်ငွေများ လာရောက်ပေးသွင်းတဲ့ ချောင်းဦး မြို့နယ်ကျီကုန်းကျေးရွာမှ ရက်ကန်း လုပ်ငန်း အသင်းဦးဆောင်သူတွေ မုံရွာ TPIS  ပြခန်းကိုလာရောက်စဉ် ကျီကုန်း ကျေးရွာရဲ့ စိုက်ပျိုးရေး အခြေအနေ တွေကို လေ့လာမေးမြန်း ဆွေးနွေးဖြစ်ခဲ့ ပါတယ်။

Wednesday, 5 Jun 2013

နိုင်ငံတော်ဟာ စိုက်ပျိုးရေးနိုင်ငံအဖြစ်ရပ် တည်လျက်ရှိရာ စားနပ်ရိက္ခာဖူလုံရေးနဲ့ နိုင်ငံခြား ဝင်ငွေရရှိရေး အတွက်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကို တိုးမြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကြံစိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူ များရဲ့ လူနေမှုဘဝမြင့်မားလာစေခြင်းဟာ နိုင်ငံ တော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုတဲ့အပြင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်း ရဲမှု လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ အထောက်အကူပြုနိုင် မှာဖြစ်ပါတယ်။

Monday, 20 May 2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးဦးအောင် မောင်းနဲ့တိုင်း TPIS  ပြခန်းတာဝန်ခံဦးထွန်းလှိုင် တို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ပပို့ကုန် သစ်သီးဝလံများအနက် တိုင်းအတွင်း ဈေးကွက်ဝင် သရက်သီးအများဆုံးစိုက်ပျိုးထွက်ရှိပြီး တင်ပို့မှု အားကောင်းတဲ့ စစ်ကိုင်းမြို့နယ် ၊ညောင်ပင်ဝန်းကျေး  ရွာသို့ မေလ ၁၁ရက်နေ့ကသွားရောက်ကာ ဒေသ ခံသရက်သီး စိုက်ပျိုးထုတ်လုပ်သူများ၊ ပွဲစားများနဲ့ တွေ့ဆုံပြီး ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာကိစ္စ များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

Monday, 13 May 2013

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာအုပ်စု ပဲပြစ်တောကျေးရွာမှ တောင်သူများရဲ့ ဆန္ဒအရ လယ်သီးနှံနဲ့ ယာသီးနံှ များစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး သုံးစွဲမှုနည်းစနစ်ဆိုင် ရာ တောင်သူ ပညာပေး သင်တန်းကျောင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မုံရွာခရိုင် ဦးစီးမှူး ဦးထွန်းပေါမြင့် နဲ့ ချောင်းဦး မြို့နယ်ဦးစီးမှု ဒေါ်သန်းလှတို့က ကြီးကြပ်ပြီး အဆို ပါ ကျေးရွာမှာဖွင့်လှစ်ခဲ့ရာ ဒေသခံတောင်သူ ၄၅ ဦး စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်းကို ဧပြီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ပြီး တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို  ၂ နာရီ စာတွေ့လက်တွေ့ ပို့ချပေးလျက်ရှိရာ မေလ ၂၉  ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တယ်လို့  သိရပါတယ်။ အဆိုပါသင်တန်းမှာ စိုက်ပျိုးရေးဦးစီးမှ ဦးထွန်းပေါ မြင့် ကိုယ်တိုင် သြဂဲနစ် စိုက်ပျိုးရေး စနစ် ဖော် ဆောင်ရာမှာလိုအပ်တဲ့ သြဂဲနစ်၊ မြေသြဇာပြုလုပ် နည်း၊ စိုက်ပျိုးနည်းများကို ပို့ချခဲ့သလို ဌာနစိတ် အလိုက် ပညာရှင်များ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင် သီးနံှ ကာကွယ်ရေး တာဝန်ခံနဲ့ ခရိုင်မြေ အသုံးချ ရေး တာဝန်ခံများမှ ဘာသာရပ်အလိုက် ရှင်းလင်း ပို့ချခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်း တည်ရာ ချောင်းဦးမြို့နယ် ပဲပြစ်တော ကျေးရွာမှ ယာသီးနံှ၊ နှစ်စဉ်စိုက်ပျိုးမှုအနေနဲ့ ပဲတီစိမ်း ၂၄၀ ဧက၊ ပဲစင်းငုံ ၅၉၈ ဧက၊ အခြားပဲ ၅၁၄ ဧက၊ မြေပဲ ၁၉၆ ဧက၊ နှမ်း ၉၂၇ ဧကနဲ့ ဟင်းသီးဟင်းရွက် ၂၃၃ ဧက၊ ပေါင်းဧက ၂၇၀၈ ရှိရာ ပဲမျိုးစုံသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ဓာတ်မြေသြဇာ စနစ်တကျအသုံးပြုနည်းစနစ်များ၊ သြဂဲနစ်စိုက်ပျိုးရေးနည်းစနစ်နဲ့ ပေါင်းနှိမ်နှင်း နည်း၊ ပေါင်းသတ်ဆေးစနစ်တကျ အသုံးပြုနည်း အပါ အဝင်တောင်သူများလက်တွေ့ရင်ဆိုင်နေရတဲ့ စိုက် ပျိုးမှု အခက်အခဲများကို အပြန်အလှန် ဆွေးနွေး ပို့ချတဲ့ နည်းနဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါ တယ်။ ဒေသခံ တောင်သူများအနေနဲ့ ယာသီးနှံ တစ်ရာသီကို တစ်သီးနှုန်းသာ စိုက်ပျိုးရုံဖြင့် စီးပွားဖူလုံမှု မရှိနိုင်တာကြောင့် ယာနဲ့တွဲဖက်ပြီး၊ ဟင်းသီးဟင်းရွက်များ၊ လဲမှို့၊ သံပုရာ၊ သစ်ဖြူ၊ လျှော်ဖြူပင်စတဲ့ ဝင်ငွေရ နှစ်ရှည်ပင်များ စိုက် ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးများ တွဲဖက် လုပ်ကိုင်ခြင်းနဲ့ မိသားစု ဝင်ငွေကို တိုးမြှင့်စေမှာ ဖြစ်ကြောင်း၊ ခရိုင်ဦးစီးမှုမှ စည်းရုံးရှင်းလင်းခဲ့ရာ ဒေသခံ သင်တန်းသားတောင်သူများမှ ကျေနပ် ဝမ်းမြောက်စွာဖြင့် လက်တွေ့ စိုက်ပျိုးဆောင်ရွက် လျက် ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ
 

Monday, 13 May 2013

မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဦးအောင်ဇံဟာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးသူ၊ သက်ဆိုင် ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများလိုက်ပါပြီး၊ မေလ ၄ ရက်က မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ လှည်းကူးမကျေး ရွာရှိ လက်ရက်ကန်းလုပ်ငန်းရှင် ၁၀၆ ဦးနဲ့တွေ့ဆုံ ပြီး ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သောလုပ်ငန်း ပံ့ပိုးချေးငွေများ ထုတ်ချေးနိုင်ရေး၊ နည်းပညာနဲ့ဈေးကွက် ရရှိရေး ကိစ္စရပ်များနဲ့ ပတ်သက်လို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ တင်ပြချက်များအား ဝန်ကြီးမှ အသေး စိတ် ပြန်လည်ေ ဆွးနွေး ခဲ့ပါတယ်။ ဆက် လက်ပြီး ဝန်ကြီးနဲ့အဖွဲ့ဟာ နွားထိုးကြီးမြို့နယ်၊ မိုးကန်ကျေး ရွာ သောက်သုံးကန် တူးဖော်ခြင်း လုပ်ငန်း၊ ဇေဒိတ် ကျေးရွာ စက်ရေတွင်း တူး ဖော်ခြင်းလုပ်ငန်းနဲ့ ကန်နားကျေးရွာ ကန်နား ဆည် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား သွား ရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာလုပ်ငန်း တာဝန် ခံများမှ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးမှလုပ်ငန်းများ အမြန် ပြီးစီးရေးနဲ့အရည် အသွေး မီ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှုပြုခဲ့ပါတယ်။

မေလ ၅ ရက်နေ့မှာ ဝန်ကြီးနဲ့အတူ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး အရာရှိ ဦးဇေယျာဆွေ၊ သက်ဆိုင်ရာ ဒေသလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် တံတားဦး မြို့နယ်၊ ရေ ကမိုးကျေးရွာ၊ ထန်းကုလားထိုင်ထုတ်လုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီး၊ လုပ်ငန်းဖွံ့ဖြိုးတိုး တက်ေ စရေး ပံ့ပိုးချေးငွေလိုအပ် ချက်၊ ဈေးကွက်နဲ့နည်းပညာရရှိရေးတင်ပြချက်များ အား ဝန်ကြီးမှ တိုင်းဒေသကြီး အစိုးရအနေနဲ့ အမြန်ဆုံး ကူညီ ဆောင်ရွက်ပေးသွား မှာ ဖြစ် ကြောင်း ပြန်လည်ေ ဆွးနွေးဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးနဲ့အဖွဲ့ဟာ အမရပူရမြို့နယ်၊ ဟင်္သာကျေးရွာရှိ လက်ရက်ကန်းလုပ်ငန်းရှင်များ နဲ့ တွေ့ဆုံပြီး၊ လိုအပ်သောချေးငွေရရှိရေး စီစဉ်ဆောင် ရွက်ပေးသွားမဲ့ အခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသများမှာ သောက်သုံးရေအတွက် စက်ရေတွင်း ၂၃၁ တွင်း၊ ကျေးရွာသုံးရေကန် ၂၀၆ ကန်နဲ့ ဆည်တာတမံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတစ်ခု ဆောင်ရွက် လျက်ရှိရာ ကျေးလက် ဒေသ အသေး စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ငန်းပံ့ပိုးေ ချးငွေ ကျပ် ၁၁၇၂၆ ဒသမ ၇ သိန်း ထုတ်ချေးပေးထားပြီး၊ ၂၀၁၃ ခုနှစ် ဇွန်လဆန်းမှ လုပ်ငန်းပံ့ပိုး ချေးငွေများ ထပ်မံ ထုတ်ချေး ပေးသွားမယ်လို့သိရပါတယ်။ZYS-မန္တလေး
 

Tuesday, 30 Apr 2013

မြောင်းမြမြို့နယ်မှာ သီရိမြင့်မြတ် ကုမ္ပဏီမှ ဘယ်လ်ဂျီယံ အထွက်တိုးစပ်မျိုးစပါးများအား တောင်သူ ၇ ဦး၊ ဧက ၅၀ ကို အကျိုးတူနွေစပါး စိုက်ပျိုးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျုံဝါးကျေးရွာ ရှိ တောင်သူ ဦးသိန်းဆိုင်ထွန်းရဲ့ လယ်မှာ နွေစပါးရိတ်သိမ်းပွဲ ကျင်းပရာ ခရိုင် စိုက်တိုးမြှင့်၊ မြို့နယ်စိုက်တိုးမြှင့်နဲ့ ကုမ္ပဏီတာဝန် ရှိသူများနဲ့ တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ပါတယ်။ နွေစပါးရိတ်သိမ်းရာမှာ (Combine Harvester) ရိတ်သိမ်းေ ချွလှေ့စက်နဲ့ရိတ်သိမ်းခဲ့ပြီး၊ အထွက် တိုးစပါးစပ်မျိုး ဘယ်လ်ဂျီယံ DG-5 မျိုးတစ်ဧက အခြောက်တင်း ၁၇၄ တင်းခန့်ထွက်ရှိလို့ တောင်သူ များစိတ်ဝင်စားလျက်ရှိပြီး၊ သီရိမြင့်မြတ်ကုမ္ပဏီ အနေနဲ့ အကျိုးတူစိုက် ပျိုးသော တောင်သူများကို တစ်ဧကအတွက် အထူးအထွက်တိုး ဘယ်လ်ဂျီယံ စပ်မျိုးစပါး ၇ ကီလို၊ ပုလဲ ၈၀ ကီလို၊ ကွန်ပေါင်း ၈၅ ကီလို၊ ကျောက်မှုန့် ၁၀၀ ကီလို၊ ပိုတက် ၂၀ ကီလို၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ဒီဇယ် ၆ ဂါလန်၊ ရိတ်သိမ်းခ ၁၅၀၀၀ ကျပ်၊ အခမဲ့ ပံ့ပိုးပေး လျက်ရှိကြောင်းနဲ့ တစ်ဧကကို ၅၀၀၀၀ ကျပ် အတိုး မဲ့ ထုတ်ချေးပေး ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အကျိုး တူစိုက်ပျိုးသောတောင်သူများအား တစ်ဧကကို ၇၅ တင်းနှုန်းပေးမယ်လို့ အာမခံခဲ့ပြီး၊ တစ်ဧက တင်း ၂၀၀ ထွက်ရှိပါက တောင်သူသို့ တင်း ၁၀၀ ပြန် လည် ပေးမယ်လို့ သိရပါတယ်။ စပါးအထွက်နှုန်း ကောင်းလို့ တောင်သူများအနေနဲ့ အထူးစိတ်ဝင်စား လျက်ရှိကြောင်း သိရပါတယ်။ စိုးဝင်း-မြောင်းမြ

Pages