Main menu

Background

Wednesday, 16 Jan 2013

စစ်ကိုင်းတိုင်းဒေသကြီး သစ်သီး ဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်းခွဲရဲ့ နဝမအကြိမ်မြောက် လ ပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့ အောင်မင်္ဂလာရပ် သုတရာမ လမ်းရှိ မာလာမြိုင်စိုက်ပျိုးရေးကုမ္ပဏီ ရုံးခွဲမှာ ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့ရာ အသင်းခွဲဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊  အတွင်း ရေးမှူးနဲ့ အသင်းဝင်များ၊ ခရိုင်စိုက် ပျိုးရေး၊ စက်မှုသီးနှံဝါနှင့် တိုင်းဒေသ ကြီး လယ်ယာထွက်ကုန်မှ  တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြတယ်လို့ သိရ ပါတယ်။

Wednesday, 16 Jan 2013

ဖျာပုံမြို့နယ်ရှိ ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ ၂၀၁၂-၁၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု မှာ တောင်သူ များအနေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲစပါးများ ထိခိုက်မှုများ ရှိခဲ့သဖြင့် စိုက်ပျိုးစရိတ် ချေးငွေအတိုးနှုန်းနဲ့ပေးထားသောမြေဆီများအပေါ် နှုန်းထားများလျော့ပေါ့ပေးဖို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

Wednesday, 9 Jan 2013

ကွမ်းသီးပင်သည် မြန်မာနိုင်ငံ တောင်ပိုင်း ပူအိုက်စွတ်စိုသောဒေသများတွင် ပေါက်ရောက် လေ့ရှိသည်။ ကွမ်းသီးကို ရှေးအခါက မြန်မာ ဓလေ့အရ ကွမ်း၊ ဆေး၊ လက်ဖက်တွဲ၍အလှူမင်္ဂ လာဧည့်ခံပွဲများတွင် အသုံးပြုပြီး၊ ယခုခေတ်တွင် ကွမ်းစားသူ ပိုမိုများပြားလာ၍ ကွမ်းသီးအသုံးဝင် မှု ကျယ်ပြန့်လာပါသည်။ ကွမ်းသီးမှာ အရည် အသွေး၊ အရွယ်အစားလိုက်၍ အမျိုးမျိုးရှိကြ သည်။ ကွမ်းသီးပင်သည် တစ်ပင်လုံး အသုံးဝင်ပြီး ကွမ်းသီးဆန် (သို့မဟုတ်) ကွမ်းသီးကို ကွမ်းယာ တွင်ထည့်သွင်း စားသုံးကဲ့သို့ ကွမ်းသီးအခွံများ ကိုလည်း အင်္ကျီနှင့် လူ့အသုံး အဆောင်ပစ္စည်းများ တွင်အသုံးပြုကြသကဲ့သို့ ပင်စည်ကို လည်းသစ်၊ ဝါးတို့ နေရာတွင် အစားထိုး အသုံးပြုကြသည်။

Wednesday, 9 Jan 2013

ကုန်သွယ်မှုပမာဏတိုးတက်ရေးနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် ကုန်သွယ်မှု မှာ ကြုံတွေ့ရတဲ့အခက်အခဲများ၊ အတားအဆီးများညှိနှိုင်းအဖြေရှာပြီးကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေရန်၊ ကုန်သွယ်မှုမှာ ဖြေလျော့ပေးသင့်တဲ့အချက်များနဲ့စပ်လျဉ်းပြီး ခိုင်လုံတဲ့အကြောင်းပြချက် နဲ့ ဆွေးနွေးညှိနှိုင်းရန်နဲ့ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်စေရေး ဝိုင်းဝန်းကြိုးပမ်းရန် ရည်ရွယ်ချက်များနဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လစဉ်ကျင်းပလျက်ရှိပါတယ်။

Wednesday, 12 Dec 2012

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ရုံးမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာ ၆ ရက် နံနက်က ဒေသခံဆန်စက်ပိုင်ရှင်များ၊ ကလောစက် လုပ်ငန်းပိုင်ရှင်များ၊ ငှက်ပျောစက်ရုံလုပ်ငန်းရှင်များ၊ အသေးစား စက်မှုလုပ်ငန်းရှင်များနဲ့ တိုင်း TPIS တာဝန်ခံတို့ တွေ့ဆုံခဲ့ပြီး၊ နိုင်ငံ ခြားအကူအညီနဲ့ ချေးငွေရရှိတင်ပြနိုင်ရေးကို ဆွေးနွေးခဲ့ရာ လုပ်ငန်း ရှင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

Wednesday, 12 Dec 2012

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းကလူတွေဟာရုံး ပတီသီးမျိုးစေ့တွေကို အာဖရိကတိုက်မှာ ပထမဦးဆုံး စိုက်ပျိုးခဲ့တယ်ဟု  ယူဆကြပါတယ်။ ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ အိန္ဒိယနှင့် အာရှဒေသများသို့ ကျွန်ကုန်ကူးရင်းဖြင့် ပျံ့နှံ့သွားပြီး  ယင်းမှတစ်ဆင့် ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိလာပါတယ်။ ရုံးပတီသီး ခြောက်၊ ရုံးပတီဆီ၊ ရုံးပတီသီးအစေ့ကို ကော်ဖီ အစား ထိုးပစ္စည်းအဖြစ် သုံးကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံ တွင် တို့စရာအဖြစ်လည်းကောင်း၊  ပဲကုလားအချဉ် ဟင်းရည်တွင်လည်းကောင်း ထည့်၍ ချက်စားလေ့ရှိ ပါတယ်။ ရုံးပတီသီး အနုအရင့်ကို  အဖျားဘက်ရှိ အချွန် လေးအားချိုးကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ချိုး လိုက်၍ ဆတ်ခနဲကျိုးသွားလျှင် နုပြီး မကျိုးဘဲ ထိပ်ကွဲ သွားလျှင် ရင့်ပါတယ်။

Wednesday, 12 Dec 2012

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ Mobile Team  ဖွဲ့စည်းဆောင်ရွက်နေမှု၊ FDA ထောက်ခံချက် လျှောက်ထားနိုင်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် ၁၀း၃၀ နာရီတွင် နယ်စပ် ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။

Wednesday, 5 Dec 2012

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhejiang ပြည်နယ်မှ Yonder Industry Group Co., Ltd. onf Electricity Transmission  နှင့် ဆက်စပ်သည့် ပစ္စည်းများဖြစ်သည့် Steel Tower၊ Concrete Poles ၊ SMF Battery ၊ Plastic Pipes များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။ အဆိုပါကုမ္ပဏီ၏ ထုတ်ကုန်များကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့်  Mr. Simon Chong ၊ Marketing Manager ၊ Tel: 86-572-665-0022 ၊ Fax: 86-572-665-0066၊ email: simonchong70@yahoo.com  သို့  ဆက်သွယ်စုံစမ်း  မေးမြန်းနိုင်ပြီး website.www.zjydgroup.com  သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။          MMS(IT)

Wednesday, 5 Dec 2012

တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူများ၊ ကုန်ပစ္စည်း  ထုတ်လုပ် ရောင်းချသူများ၊  ဒေသခံတောင်သူ လယ်သမားများအား လယ်ယာထွက် ကုန် ရိတ်သိမ်းချိန်လွန်  နည်းပညာဆိုင် ရာ သတင်းအချက်အလက်နဲ့ စားသုံးသူ ကာကွယ်ရေး ပြုလုပ်နေမှုအခြေအနေ များ သိရှိကြစေရန်အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့ ကုန်စည်ဒိုင် ခန်းမမှာ နိုဝင်ဘာ ၂၉ မှ ၃၀ ရက်အထိ နှစ်ရက်ကြာ တိုင်းဒေသကြီးစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးနဲ့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း  ရောင်းဝယ်ရေးမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းတို့ တက် ရောက်၍ သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

Wednesday, 5 Dec 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ State –owned  trading organization   ဖြစ်သော Trading Corporation of Bangladesh (TCB)  မှ ကုလားပဲဖြူလုံးကြီး ၂၀၀၀ မက်ထရစ်တန်ကို အပြည်ပြည်ဆိုင်ရာ တင်ဒါစနစ်ဖြင့် ဝယ်ယူလိုပါကြောင်း၊ တင်ဒါနောက်ဆုံး ရက်မှာ ၄-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်ဖြစ်ပါကြောင်း၊ စိတ်ဝင်စားသည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက် များကို သိရှိလိုပါက Mr. Shyamol Chandra Karmakar , Chief Officer၊ ဖက်စ်- +880-2-8180057  နှင့် အီးမေးလ်-  tcb@tcb.gov.bd သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပြီး  TCB  ၏ ဝက်ဆိုက်ဘ် www.tcb.gov.bd သို့ဝင်ရောက်ကြည့်ရှုလေ့လာ၍ တင်ဒါတင်သွင်းနိုင်ပါသည်။  ဝင်းသန်းကျော်

Pages