အရောင်းသွက်ပေမဲ့ ဈေးကတော့ ပုံမှန်လေးပဲရှိနေတဲ့ ဘိလပ်မြေ
ဒီတစ်ပတ် ဘိလပ်မြေ တန်လေးသောင်းကျော်ဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၃၃၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံ မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၄၀၀ တန်နဲ့ အခြား ဘိလပ်မြေမျိုးစုံ ၂၉၉၀၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။၊