Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေထဲမှာ မတ်ပဲလက်ကျန် အလုံအလောက် ရှိနေသေးတဲ့အပြင် ပဲစိုက်ပျိုးတဲ့ အချို့ ဒေသတွေကလည်း မတ်ပဲနဲ့ ပဲတီစိမ်းသစ်တွေ ဝင်ရောက်လာ နေပြီလို့ သိရပါတယ်။ လက်လီလက်ကား ဈေးကွက်တွေမှာ တော့ လတ်တလောပဲခွဲစက်လုပ်ငန်းရှင်တွေရော၊ ကုန်သည် တွေကပါ ဝယ်လိုအားနည်းနေတဲ့အတွက် ပဲမျိုးစုံဈေးနှုန်း အဆင်းဘက်သွားနေတာ တွေ့ရပါတယ်။ မတ်ပဲအနေနဲ့ မြို့ တော် ဒေလီမှာ ယခုရက်ပိုင်း အတွင်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈ ဒသမ ၂၇ )ခန့်ကျဆင်းပြီး ရူပီး ၄၁၀၀၀၀ (ကန်ဒေါ်လာ ၇၄၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
လယ်ယာထွက်ကုန် ပို့ကုန်သွင်းကုန်မူဝါဒ မတည်ငြိမ် ခြင်းကို ကျော်လွန်စေဖို့ ကမ္ဘာ့ဈေးကွက်မှာ ပုံမှန်ပါဝင်သူ အဖြစ် အိန္ဒိယနိုင်ငံရပ်တည်နိုင်ရေး ပြည်ပတင်ပို့မှု ခွင့်ပြုတဲ့ အနိမ့်ဆုံးပမာဏကို စဉ်းစားနေကြောင်း သိရပါတယ်။ သကြား၊ ဂျုံနဲ့ ဆန်တို့လို အရေးပါတဲ့ လယ်ယာထွက်ကုန် ကုန်စည်တွေရဲ့ ပို့ကုန်သွင်းကုန်မူဝါဒတည်ငြိမ်ရေး နည်းဗျူ ဟာတစ်ခု ဆောင်ရွက်နေတယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်မှ အိန္ဒိယရဲ့ (၄ ) ကြိမ်မြောက် သကြား ညီလာခံမှာ ပြောကြားပါတယ်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုးရေးဝန်ကြီး နိုင်းနန်ထဂွတ်ဆိုင်ကေ က အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာဘာယူကစ်စနာမူဟိနှင့် ဆွေးနွေးခဲ့ရာ၌ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ရော်ဘာတင်ပို့မှုအား တန်ချိန် ၃၀၀၀၀၀ လျှော့ချမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံနှင့် အင်ဒို နီးရှားနိုင်ငံ နှစ်နိုင်ငံသဘောတူညီမှု၌ လာမည့် ၄-၉-၂၀၁၂ ရက်နေ့ တွင် ရော်ဘာကိစ္စနှင့် ပတ်သက်ပြီး တစ်သတ်မတ်တည်း ရှိစေရန်အတွက် မလေးရှားနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာ နနှင့် ဆွေးနွေးကြမ ည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ရော်ဘာကိစ္စတာဝန်ရှိ သည့်ပုဂ္ဂိုလ်နှင့်ဆွေးနွေး ခဲ့ရာ ကမ္ဘာပေါ်တွင် ရော်ဘာထုတ်လုပ်ရာတွင် စတုတ္ထနေရာ၌ရှိသော ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟုပြောကြားသည်။ ထို့အပြင် ရော်ဘာများစွာအသုံးပြုသည့်နိုင်ငံများ၏ နည်းလမ်းစဉ်အားလေ့လာရန် အတွက် တရုတ်နိုင်ငံနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သုံးနိုင်ငံပူးပေါင်းပြီး ရော်ဘာတင်ပို့မှုအားလျှော့ချသဖြင့် ယခု အပတ်အတွင်း ရော်ဘာဈေးနှုန်းေ ကာင်းမွန်လာနိုင်သည်ဟု နိုင်းနန်ထဂွတ်မှပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် မတ်တိချွန်း သတင်းစာမှာ ဖော်ပြထားပါသည်။ Source: မတ်တိချွန်းသတင်းစာ၊မင်းသိမ်း
ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေရာ ကမ္ဘာ့ဒုတိယ မြောက်ရော်ဘာ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ၎င်း ရဲ့ ရော်ဘာတင်ပို့မှုကို လာမယ့် စတုတ္ထသုံးလပတ်မှစပြီး လျှော့ချသွားမယ်လိ့ု သိရတယ်။ တင်ပို့မှုလျှော့ချတဲ့ကာလက ဈေးကွက်တုံ့ပြန်မှုအပေါ် မူတည်ပြီး ၃ လမှ ၆ လအထိ ကြာမြင့်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှား ရော်ဘာအသင်းဥက္ကဌ Daud Husni Bastari က ပြောကြားတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၁၆ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၁၃၂ တန် ကျော်ကို မူဆယ်နဲ့ချင်းရွှေဟော်မှ ၂၃ တန်၊ စုစုပေါင်း ၁၅၆ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်လျှင် ၅ တန်ခန့်သာ လျော့နည်းခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ကြည့်ရာမှာ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ဈေးများမြင့်လျက်ရှိနေပါတယ် -
စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန် ဒေါ်လာ သုည ဒသမ ၃၈၈ သန်းတန်ဖိုးရှိ သကြားညို ၂၇၇ တန်ခန့်နဲ့ သကြားဖြူ ၃၇၄ တန်၊ချင်းရွှေဟော်မှ ကန်ဒေါ်လာသုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ သကြား ၁၁၁ တန်တင်ပို့ခဲ့ကြတာတွေ့ရပါတယ်။MIRT(DOBT)
ကမ္ဘာ့ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံး အမေရိကန်နိုင်ငံမှာ နှစ်ငါးဆယ် ကျော်ကာလအတွင်း အဆိုးဝါးဆုံးသော ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားခဲ့ရတဲ့ အတွက် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး သြဂုတ်လအတွင်း ပြောင်းဈေးနှုန်း တွေက မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့တယ်။ သြဂုတ်လ ၁၀ ရက်က ချီကာဂိုကုန်သွယ်ရေးအသင်းမှာ ပြောင်းတစ်ဘွတ်ရှယ် ကို ၈ ဒသမ ၄၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၄၀ ဝန်းကျင်) အထိရောက် ရှိခဲ့တယ်။ယနေ့ စက်တင်ဘာ ၁၀ ရက်မှာ တစ်ဘွတ်ရှယ်ကို ၇ ဒသမ ၉၈၂၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၁၉ ဝန်းကျင်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြောင်းရိတ်သိမ်းရာသီနီးပြီဖြစ်လို့ အနည်းငယ်ဈေးကျတယ်လို့ သိရတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဖက်တရုတ်နိုင်ငံ သို့ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မှာကန်ဒေါ်လာ ၁ ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၀၂၃ တန်နဲ့ ပြောင်း ကြိတ်ဖတ် ၁၄ တန်ခွဲ၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ တန် ၂၅၁၀ ဝန်းကျင်နဲ့ ချင်းရွှေဟော်မှ ၅၁၃ တန်ခန့် အသီးသီး ဖြစ်ပါတယ်။ ပြောင်းမိမိဘက် မြေပြင်ဈေး အနည်း ငယ်မျှလျော့ကျသော်လည်း တစ်ဘက်နိုင်ငံရွှေလီဈေးပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၄၂၇၁၃ ၃၄၃၄၀၅ ၆၉၂ ၀ .၂ ၄၀၂ ၄၀၂ - -MIRT(DOBT)
စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၈၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့တဲ့ တဆေး၊ မာလာဥခေါင်း၊ ကွမ်းသီးခွံ၊ ထန်းသီးဆံခြောက်၊ တောင်လုံးကျော်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့အပို့ရှိခဲ့သလို နနွင်းတက်၊ ဆီးဆံ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ စကားပန်းပွင့်ခြောက်၊ ဂုံညင်းလုံးတို့ ယခင်အပတ်ထက် အပို့ပိုခဲ့ပါ တယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ နနွင်းခေါင်း၊ ဒရင်ကောက် မြစ်၊ ချင်းခြောက်၊ ရွေးရွက်နဲ့ တောဂျင်းတို့ကတော့ ယခင်အပတ်ထက်အပို့လျော့ခဲ့ ပါတယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၃ တန်၊ မင်သော် ၁ တန်နဲ့ ဟင်းရိုင်းဖြူ သုည ဒသမ ၁၀ တန်တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် ယခင်အပတ်နဲ့အတူူတူပင်ဖြစ်ပြီး တောင်လုံးကျော်ရော မင်သော်ပါ ပမာဏအနည်းငယ်ပိုမို တင်သွင်းခဲ့ပြီး ယခု အပတ်မှာတော့ ကတ္တရာသင်္ချေ အသွင်းမရှိဘဲ ဟင်းရိုင်းဖြူ တင်သွင်းမှုရှိတာ ဖြစ်ပါတယ်။MIRT(DOBT)
အိန္ဒိယ အလယ်ပိုင်းနဲ့ မဟာရပ် ရှ တရာ မှာ မိုးကောင်းကောင်း ရွာသွန်း နေပြီဖြစ်လို့ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ပဲမျိုးစုံနဲ့ ပဲပုပ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။ ရိတ် သိမ်းမှုကို စက်တင်ဘာလကုန်မှာ စတင် မှာ ဖြစ်ပါတယ်။ မုတ်သုံမိုး တိုးတက် လာ တာကြောင့် အိန္ဒိယနိုင်ငံရဲ့ သီးနှံတွေ အထွက်ကောင်းဖို့ အလားအလာ ပိုမိုလာ ခဲ့ပြီး၊ ဈေးကွက် အခြေအနေ အားပျော့ လာပြီး၊ ဈေးကျဆင်းဖို့ ဖြစ်လာတယ်လို့ Geojit Comtrade ဒါရိုက်တာ CP Krishman မှ ပြောကြားပါတယ်။
