Main menu

Background

Friday, 28 Sep 2012

အိန္ဒိယကြက်သွန်နီ တင်ပို့သူများဟာ အေဂျင်စီများမှ တစ်ဆင့် တင်ပို့ခြင်းမဟုတ်ဘဲ တိုက်ရိုက်တင်ပို့နိုင် တော့မှာ ဖြစ်ပြီး၊ ယင်းတင်ပို့မှုကို ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူး ချုပ်(DGFT)မှ စဉ်းစားသွားမယ်လို့ သိရပါတယ်။ လတ် တလောမှာ ကုန်များကို နိုင်ငံပိုင်ကုန်သွယ်ရေးအေဂျင်စီများ သို့မဟုတ်အေးဂျင့်များရဲ့ ထိန်းချုပ်မှုနဲ့အညီ ဆောင်ရွက်နေ ကြောင်း  သိရပါတယ်။

Friday, 28 Sep 2012

နနွင်းကုန်သည်များက ဈေးအနိမ့်နဲ့အင်ဒရာပရာဒေ့ရှ် နနွင်းတွေကို ပြောင်းလဲဝယ်ယူလာတာကြောင့် အီရော့ နနွင်း ဈေးကွက်မှာ ရောင်းချနေတဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေး ပိုမိုကျဆင်းလာပါတယ်။ တောင်သူတွေ ကလည်း နနွင်း ရောင်းချလိုတာကြောင့် အချို့လှောင်လက်များက တောင်သူ တွေရဲ့အခြေအနေကို အခွင့်ကောင်းယူကာ အမြောက်အမြား ဝယ်ယူပြီး အကျိုးအမြတ် ရယူနေကြပါတယ်။

Friday, 28 Sep 2012

ဒီတစ်ပတ် ဟိုပုံးနနွင်းကလည်း အဝင်ပါးနေပါတယ်။ ချင်းလိုပဲ ခြံရှင်တွေက ဈေးမကြိုက်လို့ မရောင်းချင်ကြ သေးပါ ဘူး။ လှောင်လက်တွေကတော့ လက်လီလိုက်ကောက်နေကြ တယ် လို့ဆိုပါတယ်။ လက်ကျန်ကတော့ အတော်များများ ကျန်နေပါသေးတယ်။ ဟိုပုံးမှာတင် တန် ၂၀၀ ခန့် ကျန်နေ သေးတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းနနွင်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက် ဝယ်နေတာကြောင့် ဈေးကတော့နည်းနည်းတက်လာ ပါတယ်။ လှောင်လက်တွေမှာကျန်နေပြီး၊ သူတို့တွေ ထုတ် ရောင်းမှသာဈေးကွက်မှာ များမှာဖြစ်ပြီး၊ ယခုလောလော ဆယ်တော့ အဝင်ကနည်းနည်းသာရှိပါတယ်။ နနွင်းက ချင်း အစိုအတိုင်း ချက်ချင်းရောင်းလို့မရဘဲ၊ အခြောက် ခံ၊ နေလှန်း ပြီးမှသာ ဈေးကွက်ကိုဝင်တာကြောင့် ချင်းထက်နောက်ကျပြီး မှ ဝင်မှာဖြစ်ပါတယ်။ နနွင်းအသစ်ကတော့ တပေါင်း/တန်ခူး လောက်မှသာစပြီး ဝင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၅၀၀ ကျပ်၊  ၆၀၀ ကျပ်၊ တောင်ပို့လက ၁၂၀၀ ကျပ်နဲ့ ဆင်တောင်က ၁၃၀၀ ကျပ်ဈေး ရှိပါတယ်။                                      ဧဧခိုင်

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှတစ်ဘက်နိုင်ငံသို့ နနွင်းတက် တန် ၂၁၀ ကျော်ကို ယခုအပတ်မှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၆၁ တန်ကျော်အပို့ပိုခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၁ တန်ကို မူဆယ်နဲ့ ၇ တန်ကို မြဝတီနယ်စပ်မှအပို့ရှိခဲ့ပါတယ်။ နနွင်းတက်အပြင် မူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် သုည ဒသမ ၂၀၀ တန်သာ လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)

Friday, 28 Sep 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်းတန် ၆၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက တန် တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် တန်ခြောက်ဆယ် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုမှာ တန် ငါးဆယ်နီးပါး လျော့နည်းခဲ့တာတွေ့ရပါတယ်။ FOB  ဈေးက တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၅၅၀ ဝန်းကျင် ရရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                        MIRT (DOT)

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၃၅၀ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၄၆ တန်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ ၈ ဒသမ ၈၀၀ တန်ကို မြဝတီနယ်စပ်တို့မှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၃၇ တန်ခန့်ပိုမိုခဲ့ပါတယ်။ ယခင်အပတ်က မြဝတီနယ်စပ်မှသာ ၁၈ တန်ခန့်အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ် မှာ မြဝတီမှအပို့လျော့ခဲ့သော်လည်း မူဆယ်မှ ယခုအပတ်မှာအပို့ရှိလာတဲ့အတွက် သီဟိုဠ်စေ့အပို့ပိုရတာဖြစ် ပါတယ်။                                        MIRT(DOBT)

Friday, 28 Sep 2012

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ယခင် တစ်ပတ်တင်ပို့မှုထက် တန်ငါးဆယ်နီးပါးလျော့နည်းပြီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ၂၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ၅၁ တန်ရှိခဲ့ပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သောင်းခုနှစ် ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။                                       MIRT (DOT)

Friday, 28 Sep 2012

မူဆယ်နဲ့မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၃၃ သန်းတန်ဖိုးရှိ ချင်းခြောက် ၈ တန်ကျော်ကို မူဆယ်နဲ့ ၇ တန်ကို မြဝတီ နယ်စပ်တို့မှတင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၁၇ တန်နဲ့ မြဝတီမှ ၈ တန်အပို့လျော့ခဲ့ တယ်လို့ သိရပါတယ်။                                 MIRT(DOBT)

Friday, 28 Sep 2012

ဒီတစ်ပတ်မှာ ဟိုပုံးချင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ခြံရှင်တွေ ကလည်း ဈေးမကြိုက်တော့ ထုတ်မရောင်းကြပါဘူး။ မိုးရွာနေတာရယ်၊ ဝယ်လက် တွေကလည်း သိပ်မဝယ်ကြတာကြောင့် ဈေးကလည်း ခပ်အေးအေးပါပဲ။ ချင်း (ဥမ)တွေကိုမှ အခက်သေးရင် ၁၀၀ ကျပ်ဈေးသာရှိပြီး၊ အခက်ကြီးရင်တော့ ၁၃၀ ကျပ်ဈေးရှိပါတယ်။ လက်လီသမားတွေကသာ ဒေသတွင်းသုံးဖို့ ဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ချင်းခြောက်ကလည်း အဝင်သိပ်မရှိတော့တာကြောင့် ဈေး ကွက်မှာ ပစ္စည်းလက်ကျန်လည်းနည်းေ နပါပြီ။ ဈေးကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။

Friday, 28 Sep 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ချင်း ၁၂ တန်ကိုပင်လ ယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်း ပတ်မှာ ချင်းတင်ပို့မှုပျောက် ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သြဂုတ်လအတွင်း ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၀၀၀ ဝန်းကျင်သာရရှိခဲ့တယ်လို့ သိရပါတယ်။                                   MIRT (DOT)

Pages