Main menu

Background

Monday, 14 May 2012

    ကမ္ဘာ့သဘာဝရော်ဘာဝယ်လိုအားက ယခုနှစ်မှာ တိုးပွားနိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်ခြင်းကလည်း ရော်ဘာ ဝယ်လိုအားအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။ ရေနံစိမ်းကနေထုတ်လုပ်တဲ့ ရော်ဘာတုက ရေနံဈေးနှုန်းမြင့်တက်တာကြောင့် သဘာ၀ ရော်ဘာနဲ့ ရော်ဘာတုအချိုးမှာ သဘာဝရော်ဘာသုံးစွဲမှု ပိုများလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Monday, 14 May 2012

    သြင်္ကန်ပွဲတော်နဲ့နှစ်သစ်ကူးကာလအလွန် ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ  ရော်ဘာ ၈၅၆ တန်ကျော်ကို မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၉၂ တန်ကျော် အပို့ပိုခဲ့တာကိုကြည့်လျှင် နှစ်သစ်ကူး ကာလအလွန် ရော်ဘာ တင်ပို့မှု အရှိန်ပြန်တက်လာတာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့နိုင်မှု များကတော့ မူဆယ်မှRSS-2 ၆၂ တန်၊RSS-3  ၉၄ တန်ခန့် MSR-20  ၄၀ ဒသမ ၅၀ တန်၊ MSR-50 ၂၆ တန်၊ ချင်းရွှေဟော်မှ RSS-3 ၂၈၂ တန်၊ MSR-20   တန် ၃၀ နဲ့မြိတ်နယ်စပ်မှ RSS-3 တန် ၁၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံ ရော်ဘာ ဈေးများ ယခင်အပတ်ကထက် လျော့နည်းခဲ့ပါတယ် -

Monday, 14 May 2012

    ဘဏ္ဍာနှစ်သစ်အစ ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၃၅ တန်ကျော် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၇၅၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လကုန်အထိ ရော်ဘာတင်ပို့မှု နည်းနေခဲ့ပေမယ့် ဘဏ္ဍာနှစ်သစ် အစမှာ တင်ပို့အားပြန်လည်ကောင်းလာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ တရုတ်ကို တန် ၅၆၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ ကိုရီးယားကို ၃၀၂ တန်၊ စင်ကာပူကို တန် ၄၀ နဲ့ မလေးရှားကို ၅၃၃ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ နိုင်ငံအလိုက်ရော်ဘာတင်ပို့မှုတွေကတော့ တရုတ်ကို ၈၈၄၅ တန်၊ အိန္ဒိယ ကို တန် ၄၀ နီးပါး၊ မလေးရှားကို ၁၂၂၂၅ တန်နီးပါး၊ ပါကစ္စတန်ကို ၇၅ တန်၊ စင်ကာပူကို ၉၆၆၆ တန်၊ အာရပ် စော်ဘွားများ များပြည်ထောင်စုကို ၄ တန်၊ ဗီယက်နမ်ကို ၂၆၆၆ တန်၊ မက္ကဆီကို ကို တန် ၂၀ နဲ့ ဆွစ်ဇာလန်ကို တန် ၁၆၀၊ စုစုပေါင်းတန်ချိန် ၃၃၇၀၁ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ ၁၃၀ ဒသမ ၃၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ ၄၅၁၀၉ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ ၁၈၀ ဒသမ ၆၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                                           K.Z.W

Monday, 14 May 2012

    ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ကို အစေ့ထုတ်ပြောင်းများ မတ်လ ဒုတိယ ပတ်မှ ဈေးကွက်ကို စတင်ဝင် ရောက်လာပြီး၊ ပိဿာ ၂၀ ဝင်တစ်တင်းကို ၅၂၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။မတ်လနောက်ဆုံးပတ်မှာတစ်တင်းကို ၄၈၀၀ ကျပ်၊ ဧပြီ လဆန်းပိုင်းမှာ၄၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြပြီး ယခုဧပြီလ တတိယ ပတ်သြင်္ကန်ကာလအလွန်မှာ အစေ့ထုတ်ပြောင်းဈေး တစ်တင်း ၅၃၀၀ ကျပ်ဈေး ကို မြင့်လာပြီး အရောင်းအဝယ်လည်း သွက်နေကြောင်း သိရှိရပါတယ်။ ရန်ကုန် ဝယ်လက် အစာစပ်ကုန်သည်လုပ်ငန်းရှင်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက် ပျမ်းမျှအိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။         အေးအေးခိုင်

Monday, 14 May 2012

    လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ တောင်သူများသြင်္ကန် အကြိုမိုးကောင်းခဲ့လို့ (၈၈၈ အစေ့ထုတ်ပြောင်း)၊ ဧက ၁၀၀ ကျော်ကို ဧပြီ လဆန်းမှာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရပါတယ်။ ကယားပြည်နယ်မှာ အစေ့ထုတ် ပြောင်းစိုက်ပျိုးမှုကို မေလနဲ့ ဇွန်လများမှာ ပုံမှန်စိုက်ပျိုးကြသော်လည်း ဒီမော့ဆို မြို့နယ်မှာ ၂၀၁၀ ခုနှစ်က စလို့ အစေ့ထုတ်ပြောင်းကို မတ်လကုန် ဧပြီလဆန်းမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အထွက်ကောင်း၊ ဈေးကောင်း ပြီး၊ တွက်ခြေကိုက်တာကြောင့် အစေ့ထုတ်ပြောင်း(မိုးကြို)

Monday, 14 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်များမှ ဧပြီလ ၁၈ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၉၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၃၄ ဒသမ ၂၅ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပြောင်းဖူးကြိတ်ဖတ် တန် ၄၀ ဝန်းကျင်ကို မူဆယ် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ သြင်္ကန်ကာလအတွင်းမှာ တင်ပို့မှုထက် တန် ၆၀၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ မိမိဘက် မြေပြင် ဈေးကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် -

Monday, 14 May 2012

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၇ ရက်အတွင်းမှာ ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၆၁၅ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၄၄၆ သန်းဖိုးကို ပွဲဦးထွက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မတ်လကုန်အချိန်အထိ ပြောင်း ပို့တစ်ခါပြတ်တစ်လှည့်ဖြစ်နေရာကနေ ဧပြီလဆန်းမှာ ဈေးဦးပေါက်ကောင်း တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ သြင်္ကန်ကာလအပါအဝင် ဧပြီတတိယပတ်အထိ တန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

Monday, 14 May 2012

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့ နယ်၊ ဆီဆိုင်မြို့နယ်မှာ စိုက်တဲ့ကြက်သွန်ဖြူအသစ် တွေက ၂ လပိုင်းအကုန်၊ ၃ လပိုင်းမှာစပြီးတော့ ဈေးကွက်ဝင်လာပါ တယ်။ မနှစ်က အဟောင်းလက်ကျန်တွေ ကလည်း ကျန် နေပါသေးတယ်။အဟောင်းဈေးကအဲဒီအချိန်မှာ တစ်ပိဿာ ကို အနိမ့်ဆုံး ၂၅၀ ကျပ်မှ အမြင့်ဆုံး ၉၀၀ ကျပ်ဈေးသာရှိပြီး အရောင်းအဝယ်ကလည်း သိပ်မဖြစ်ပါဘူး။

Monday, 14 May 2012

    တမီလ်နာဒူးအစိုးရက နနွင်းတစ်တန် အနိမ့်ဆုံးထောက်ပံ့ဈေး ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၀၃)ဈေးနဲ့ ဝယ်ယူမယ် ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ၎င်းင်းတို့နနွင်းများကို ပြန်လည်သိုလှောင် ထားကြတယ်လို့သိရပါတယ်။ ဝင်ရောက်မှုအကန့်အသတ်သာရှိတဲ့တိုင် ဈေးကွက်မှာတော့ ၅၀ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့သိရပါတယ်။

Monday, 14 May 2012

    ဟိုပုံး နနွင်းကတော့ မူဆယ်ဝယ်လက်တွေ အနည်းအကျဉ်းပြန်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅၀၀၀ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ သြင်္ကန်ပြီး စဖြစ်တာကြောင့် သယ်/ပို့ ဖို့ကားသိပ်မရှိသေးတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နနွင်းခြောက် ဈေးကတော့ တစ်ပိဿာ ၈၈၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။

Pages