Background
မော်လမြိုင်ပေါ်ရှိ ကွမ်းသီးဈေးနှုန်းများမှာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရေပေါင်းခြမ်း တစ် ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ရေပေါင်းခြမ်း ၈၈ ရာခိုင်နှုန်းအခြောက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ၊ ရေပေါင်း ခြမ်း ၉၉ ရာခိုင်နှုန်း အခြောက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးစိတ် အစာသန့်(ခြောက်) တစ်ပိဿာ လျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးခြမ်း ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ ရှယ်ဝိုင်း-ခြောက် (အလယ် သား) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ရှိကြောင်းသိရသည်။
မွန်ပြည်နယ်သည် ဆန်စပါးဖူလုံမှုရှိသော ပြည်နယ်တစ်ခုဖြစ် သည့်အတွက် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျှော့ချ နိုင်ရန် မြို့နယ်များအလိုက်ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေ ရေး နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လယ်ယာကဏ္ဍာအနေဖြင့် ယခုနှစ်မိုးရာသီတွင် မိုးစပါး ကို ရည်မှန်းချက်ဧကအတိုင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင် ခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့ စလင်းချောင်း အနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့် ကျေးရွာ များမှ တောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော စားဖိုဆောင်သုံးရာသီစာ ကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ဥက္ကံသကြားစက် တည်ရှိသောကြောင့် ကြံစိုက်ပျိုးသူ တောင်သူကြီးများ အဆင်ပြေပြေဖြင့် သကြားစက်သို့ ရောင်းချနိုင်ခဲ့ပြီး ကြံစိုက်ပျိုးမှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧကပေါင်း ၃၃၈၁ ဒသမ ၅၀စိုက်ပျိုးပြီး ခုတ်သိမ်းဧရိယာမှာ ၃၃၈၁ ဒသမ၅၀ ခုတ်သိမ်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများစိုက်ပျိုးသည့်အပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင် သီးနှံဖြစ်သည့် တိုင်ထောင် ပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း၊ မျှားနီတံဆိပ် မျိုး တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ဝခန့် ပေးဝယ်ရကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် များ နေ့စဉ် ဝင်ရောက်လာပြီး အထွက်လှိုင်လာပြီဖြစ်၍ တစ်ရက် အိတ် ၇၀ဝ-၈၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ပြည်အနီး တစ်ဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သလို ပေါင်းတလည်၊ ပေါက် ခေါင်းမြို့နယ်များမှလည်း ဝင်ရောက်ခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲ တန်ချိန် ၁၃၉၉၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၆၅၄၀ ကျော်၊ ပဲစင်းငုံတန်ချိန် ၆၃၀ ကျော် စုစုပေါင်း တန်ချိန် ၂၁၁၆၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြား တိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၁၂၀ဝ၀ ကျော်ရှိပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာပဒေ သာ၊ မနောသုခ၊ ဆင်းသုခမျိုးများဖြစ်ပြီး စပါးပင်များကို စတင်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကောက်စိုက်သမ ရှစ်ဦး ဖြင့် စိုက်ပျိုးကြပြီး လုပ်သားခ တစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ ပေး ရကြောင်း၊ စတင်စိုက်ပျိုးသည်မှစ၍ အသုံးပြုသော မြေဆီမှာ ပုလဲမြေသြဇာကို အသုံးပြုရပြီး ပုလဲမြေဆီမှာ ဝယ်ယူရာတွင် အခက်အခဲများ ရှိသောကြောင့် နွားချေးကိုသာ အသုံးပြု ကြောင်း၊ တစ်ဧက စိုက်ပျိုးမှုမှာ တစ်တင်းခွဲခန့် စိုက်ပျိုးမှုရှိ ကြောင်း၊ မနောသုခမှာ ရက်ပေါင်း ၁၄၀ ပြည့်မှသာ စတင် ရိတ်သိမ်းကြပြီး၊ ဆင်းသုခမှာ