Background
ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၈၇၀ တင်ပို့ကြောင်း သိရှိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့ ရော်ဘာတန်ချိန် ၃၃၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၂၅၁၀ ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၆၄၀ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန် ၄၀ တင်ပို့သည်။
ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးသော သီးနှံဖြစ်သည်။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက် ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲများ ကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှို စိုက်ပျိုးကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပြည် တွင်းတွင် ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်စည်ဒိုင် များတွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့်အပတ်က ပဲစင်းငုံ( ျွနိ။ ျွဃ) တစ်တန်လျှင် ငွေကျပ် ၄၂၂၅၀ဝ၀ ရှိရာမှ လက်ရှိ ရန်ကုန်ဈေးကွက်အတွင်း ပဲစင်းငုံ တစ် တန်လျှင် ကျပ် ၄၄ သိန်းအထက်သို့ ရောက်ရှိလာကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံလက်ကျန် နည်းနေပြီး တောင်သူများလက်ထဲတွင် ပဲစင်းငုံများမရှိတော့ဘဲ လှောင်လက် ကုန်သည်များ၏ လက်ထဲတွင်သာ ပဲစင်းငုံ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ကွမ်းကို မိမိ တို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်း ကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြကြောင်း သိရသည်။
ကြက်သွန်နီ
ပြည်ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဆိပ်ဖြူ၊ သရက်၊ ရေနံချောင်း၊ စစ်တလင်း၊ ဖန်ခါးပင် စသည့် နယ်များမှ ကြက်သွန်နီ ပိဿာချိန် နှစ်သောင်းခန့် ဝင်ရောက် မှုများအပြင် ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာရွာ၊ တောင်လုံး ညိုရွာတို့မှထွက်ရှိသည့် ကြက်သွန်နီများလည်း ဈေးကွက် အတွင်း ပိဿာချိန် အနည်းငယ် ဝင်ရောက်မှုရှိနေကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း ဝယ်လက် များ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများ၊ ကြံခင်း၊ မြန်အောင်သို့ ဝင်ရောက်မှု၏ တစ်ဝက်နီးပါးခန့် ရောင်းဝယ်မှုရှိနေသည်။
ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်သည် ပဲမျိုးစုံဖြစ်သော ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ ဝါ၊ ကုလားပဲဝါလုံးကြီးနှင့် စွန် တာနီ၊ ပဲလွန်းပြာ၊ ထောပတ်ပဲ၊ CP နှင့် ပဲနီပြား အမျိုးမျိုး စိုက် ပျိုးထွက်ရှိလျက်ရှိသည်။
ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ ဘောလုံးခုံနှင့် ပခုက္ကူ ကျွန်းများတွင် ကုလားပဲမျိုးစုံနှင့် ပဲနီပြားများကို အဓိကစိုက် ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ပခုက္ကူ မြို့နယ်သာမက မြိုင်၊ ရေစကြိုကျွန်းများနှင့် အခြားနယ်များမှ လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန် စည်ဒိုင်မှ သိရသည်။
ပြည်ဈေးကွက်တွင် မတ်လနောက်ဆုံးပတ်တွင် မြေပဲဆန်ဈေးများ ကျဆင်း လာခဲ့သည်။ ကံမနှင့်ရွှေတောင်ကျွန်းတဲဘက်မှ ဆောင်းမြေပဲဆန်များကို တစ်နေ့ လျှင် ပိဿာ၂၀ ဝင် အိတ် ၁၀ဝ၀ခန့် ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုရှိနေပြီး အရောင်းအဝယ်အေးနေသည်။ နယ်ဝယ်လက်များ ဝယ်ယူမှုမရှိဘဲ ဒေသတွင်း ဆီစက်သမားများ မြေပဲလှော်သမားများက ဝယ်ယူမှုရှိသည်။
ကျောက်ဆည်ခရိုင်အတွင်း နနွင်းများကို ယခုနှစ် ပထမ ပတ်မှစတင်၍ တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။ နနွင်းစတင်တူးဖော်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်လျက် ရှိပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင် ကျပ် ၁၂၅၀ဝ-၁၄၀ဝ၀ အထိရောင်းချခဲ့ရပြီး ဖေဖော်ဝါရီဒုတိယပတ်မှစတင်၍နနွင်းဈေး များ ကျဆင်းလာပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင် ကျပ် ၁၁၂၀ဝ-၁၁၆၀ဝ အထိ ကျဆင်းခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဖေဖော် ဝါရီလတွင် နနွင်းတက်တစ်တင်းလျှင် ကျပ် ၈၈၀ဝ ၊ နနွင်းတက် အခြောက် တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ ၊ နနွင်းမှုန့်တစ်ဗူးလျှင် (၈၀ဝ-၁၀ဝ၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ
ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲကြီး
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်းကို တစ်မြို့နယ်လုံးတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ဧက ၁၀၅၀၁၇ အား လျာထားစိုက်ပျိုးရာ ရာနှုန်းပြည့် ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ သည်။ ခရမ်းမြို့ နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေ ကောင်းမွန်မှုတို့ ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပဲတီစိမ်းသီးနှံကို အဓိက အားထား စိုက်ပျိ