Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ် ရေးစခန်းတို့မှ ကန်ဒေါ်လာ ၄ ဒသမ ၀၉၁ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၆၀၉ တန်ဝန်းကျင်ကို ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ပြောင်းအပို့ တန်ချိန် ၃၃၃၀ ခန့် ယခင်အပတ်တင်ပို့မှုအောက် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မိမိဘက်ပြောင်းဈေးများ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၃၇၅ တန်၊ တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၁၁၆ သန်းဖိုးကို ဖိလစ်ပိုင်တစ်နိုင်ငံ တည်းကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ ခန့် တင်ပို့မှုလျော့နည်း ခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်ကတော့ တန်ချိန် ၁၅၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ထက် တန်ချိန် ၃၀၀၀ လောက်လျော့နည်း တင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ တန်ချိန်ကို (၂၇၅ - ၂၉၅) ဒေါ်လာကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
အိန္ဒိယအစိုးရဟာ ကြက်သွန်နီတင်ပို့မှု ကျဆင်းနေတဲ့အတွက် တင်ပို့မှုမြှင့်တင်ဖို့ ပြည်ပတင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန် ကန်ဒေါ်လာ ၁၀၀ လျှော့ချပြီး၊ တစ်တန်ကန်ဒေါ်လာ ၁၅၀ ကို သတ်မှတ်ခဲ့ပါတယ်။ ဘင်ဂလိုရီ နှင်းဆီကြက်သွန်နဲ့ ခရစ်နာ ပူရမ်ကြက်သွန်နီမှအပ အခြားကြက်သွန်နီတင်ပို့ အနိမ့်ဆုံးဈေးမှာ တစ်တန်ကန်ဒေါ်လာ ၁၅၀ ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် မှ သတ်မှတ်ထုတ်ပြန်ချက်ကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှု အနိမ့်ဆုံးဈေး (MEP)တစ်တန်ကန်ဒေါ်လာ ၂၅၀ ထိမြင့်တက်နေလို့ ယခုဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း ကြက်သွန်နီတင်ပို့မှုဟာ မနှစ်က ကာလတူနဲ့ ယှဉ်ရင် ၂၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ တရုတ်နဲ့ အီဂျစ်တို့က နိုင်ငံတကာဈေးကွက်မှာ တစ်တန်ကန်ဒေါ်လာ ၂၀၀ ထက်နည်းတဲ့ ဈေးနဲ့အမြောက်အမြား ရောင်းချနေရာ ယူနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။
ယခင်ရက်ပိုင်းအတွင်း ဈေးမြင့်တက်ခဲ့တဲ့ အိန္ဒိယနနွင်းဈေးဟာ ယခုတစ်ပတ်အတွင်းမှာတော့ ဝယ်လိုအားပါးလာလို့ ဈေးပြန်ကျလာခဲ့တာလို့သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းကို တောင်သူတွေ ရောင်းချနိုင်ခြင်းမရှိတဲ့ နနွင်းအိတ် ၁၂၀၀၀ ကျော်ထိဝင်ရောက်မှုရှိတဲ့အတွက် ဈေးကွက်မှာ လက်ကျန်သိုလှောင်မှု တွေ ပိုမိုလာစေပါတယ်။ ဒါပေမဲ့ သိုလှောင်မှုရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။
ယခုလောလောဆယ်မှာတော့ ကလောမြို့နယ်တစ်ဝိုက်ကထွက်တဲ့ နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ အဝင်ရှိနေပါ သေးတယ်။ အစိုဓာတ်ကများနေတာကြောင့် အဝယ်ကလည်း သိပ်မရှိသေးပါဘူး။ ပင်လောင်းနနွင်းတွေကတော့ အခုမှစပြီး ဖော်မယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ဈေးကွက်ကိုဝင်လာပြီး အစိုတစ်ပိဿာ ၁၀၀ ကျပ်သာရှိပါတယ်။
ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၂၀ ခန့် မူဆယ်နယ်စပ်မှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၂ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
ယခုတစ်ပတ် ပြည်ဈေးကွက်ထဲသို့ နတ်မောက်၊ တောင်တွင်းဘက်မှ ငရုတ် ခြောက်ပိဿာ ၂၀ ဝင်အိတ် ၁၂၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ အောင်လံ ဘက်မှ ငရုတ်ခြောက်များ အဝင်နည်းသွားပြီး၊ အောင်လံ ငရုတ်ခြောက်ကုန်ချိန်၊ နတ်မောက်ငရုတ်ပေါ်ထွက်စဖြစ်လို့ ဈေးကွက်အတွင်း အဝင်နည်းပြီး ဈေးမြင့် သွားပါတယ်။
နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၁၂၆ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလမှ စပြီး မန်ကျည်း နဲ့ မန်ကျည်းစေ့တင်ပို့မှုက ပျောက်ခဲ့တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ၂၃၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကိုးရာကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ဟိုပုံးချင်းကတော့ ဈေးကွက်မှာ အဝင်နည်းနေပါသေးတယ်။ တောင်သူတွေ ကြိုက်ဈေးမရသေးတာကြောင့်မဖော်ရသေးပါဘူ။ အစိုက်နည်းလို့ အထွက်ကလည်း နည်းတာကြောင့် ကြိုက်ဈေးရမှဖော်ကြမယ်လို့သိရပါတယ်။ အရောင်းအဝယ်က လည်း ခပ်အေးအေးသာဖြစ်နေကာ လက်လီဆိုရင်တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ လက်ကားက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ရှိပါတယ်။
