Background
ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးဆက်လက်အေးပြီး ပဲတစ်တင်း ၁၃၅၀၀ ကျပ် သာရှိပါတယ်။ ယခုနှစ်အတွင်း ပဲဈေးမကောင်းတာကြောင့် ပဲပွဲရုံတွေမှာရှိတဲ့ လက် ကျန်ပဲတွေကို ထုတ်မရောင်းကြတဲ့အတွက်အရောင်းအဝယ် သိပ်မဖြစ်တာကို တွေ့ရ ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် မတ်ပဲကိုဆောင်းသီးနှံအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှာ ဧက ၄ ဒသမ ၀၆ သိန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ခရိုင် အတွင်း အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်များက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ် များ ဖြစ်ပြီး၊ ခရိုင်အတွင်းစိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီလနောက်ဆုံး ပတ်မှာ စထွက် တော့မှာဖြစ်ပြီး၊
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာထွက်ရှိတဲ့ဒေသအလိုက်မတ်ပဲဈေး ကွာခြား မှု ရှိပေမဲ့ အများစုကတော့ တည်ငြိမ်နေပါတယ်။ ဒေသတွင်း ချန်ဒူစီမတ်ပဲ ဝင် ရောက်မှုပါးလို့ ဈေးအနည်းငယ်တိုးပြီး တင်သွင်းဈေးပိုမိုပေမဲ့ ရန်ကုန်မတ်ပဲကတော့ ငြိမ်နေပါတယ်။
ယခင်တစ်ပတ်က မတ်ပဲအရောင်းအဝယ်ဖြစ်မှုများခဲ့ပေမဲ့ တင်ပို့မှုမှာတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၆၂၀၀ ခန့်တင်ပို့ခဲ့ရာမှ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း တန်ချိန် ၃၃၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ အရောင်းအဝယ် သွက်နေပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၆ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲSQ ၊ FAQ စုစုပေါင်း တန်ချိန် ၁၁၀၀၀ ခန့်အရောင်း အဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ဈေးနှုန်းက ပြောင်းတစ်ဘူရှယ် ၅ ဒေါ်လာ (တစ်တန်ကန်ဒေါ်လာ ၂၀၀)ကို ၁၉ ရာခိုင်နှုန်း ကျဆင်းပါက ပြည်တွင်းဈေးထက်သိသိသာသာ လျော့ကျ တဲ့ ဈေးဖြစ်လို့ ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံးသုံးစွဲတဲ့ တရုတ်နိုင်ငံက ပြောင်းပိုမို တင်သွင်းနိုင်တယ်လို့ Yigu Information Consulting ကုမ္ပဏီမှ ပြောကြားပါ တယ်။
ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်စခန်းနဲ့ ကန်ပိုက်တီးစခန်းများကနေ ပြောင်းဖူးစေ့ ၂၃၈၃၅ တန်၊တန်ဖိုးကန်ဒေါ်လာ ၆ ဒသမ ၅၄၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်ကနေ တင်ပို့မှုမရှိတာကြောင့် ယခုတစ်ပတ် တင်ပို့မှုလျော့ နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၂၁၂၂၂ တန်၊ ချင်းရွှေဟော်မှ ၂၁၁၂ တန်နဲ့ ကန်ပိုက်တီးမှ တန် ၅၀၀ တို့ တင်ပို့ခဲ့တာဖြစ်ပါ တယ်။ မိမိဘက် ပြောင်းဖူးစေ့ဈေးနှုန်းရော နှံစားပြောင်းဈေးနှုန်းပါ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ သယ်ယူခနှုန်းထားများကတော့ မြင့်တက်ခြင်းမရှိကြောင်း တွေ့ရ ပါတယ်- မိမိဘ က်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၁၁၀၅ ၂၂၅၄၃၅ ၅၆၇၀ ၂ .၄ ၃၀၅ ၃၀၈ ၃ ၀ .၀၀၁နံှစားပြောင်း ၂၄၈၅၉၉ ၂၃၇၀၄၅ ၁၁၅၅၄ ၄ .၆ ၃၃၂ ၃၃၂ - -MIRT (DOBT)
ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၇၈၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၁၉ သန်းဖိုးကို ပင်လယ် ရေကြောင်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ အင်ဒိုနီးရှားကို ၃၀၅ တန်ကျော်၊ မလေးရှားကို ၁ တန်နီးပါးနဲ့ ဗီယက်နမ်ကို တန် ၄၈၀ ခန့် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ထက် ပင်လယ်ရေကြောင်းမှ တန် ၂၀၀ ခန့်် တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန်ချိန် ၂၄၀၀၀ နီးပါး ပုံမှန်တင်ပို့ နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကို (၂၇၅-၂၉၅) ဒေါ်လာဈေးပေါက်ကြောင်း သိရပါတယ်။K.Z.W
ဒီဇင်ဘာ ၁၇ ရက်မှာ အာရှရော်ဘာဈေးနှုန်းတွေက ဒီဇင်ဘာ ၂၀ ရက်က နှုန်းထားထက် ဦးမော့လာတယ်။ ဒါပေမဲ့ တစ်နှစ်တာဈေးနှုန်း ပေါက်ဈေးတွေနဲ့ ယှဉ်ရင် များစွာ အားနည်းနေတဲ့အပြင် ဖေဖော်ဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံး နှုန်းထားအောက်ကို တစ်တန်မှာ ဒေါ်လာ ၃၀၀၀ ဝန်းကျင် လျော့နည်း သွားပြီဖြစ်တယ်။
အိန္ဒိယနိုင်ငံမှာ စီးပွားရေးကျဆင်းတဲ့အပြင် ထုတ်လုပ်မှုပါ ကျဆင်းခဲ့တာကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှစ်စကခန့်မှန်းထားတာထက် ရော်ဘာဝယ်လိုအား ကျဆင်းနိုင်ကြောင်းရော်ဘာအသင်း ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခုနှစ် ပထမရှစ်လမှာ သုံးစွဲမှုက မူလခန့်မှန်းခြေအောက်လျော့ကျခဲ့ပြီး လစဉ်ပျမ်းမျှ သုံးစွဲမှု ၇၉၀၇၆ တန်ရှိကာ မူလလျာထားချက်က ၈၁၄၁၆ တန်ရှိကြောင်းသိရပါတယ်။