Main menu

Background

Sunday, 18 Dec 2011

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ အနည်းငယ်ပြောင်းလဲပြီး မှာယူတင်သွင်းတဲ့ အောင်ပန်း ဈေးကွက်မှာပင် အဝင်များလို့ ဈေးကျနေတဲ့အတွက် ပြည်ပွဲရုံများလည်း ချင်းတစ်ပိဿာ (ရှယ်)၈၀၀-၇၀၀ ကျပ်၊(ဂျွန်) ၆၅၀-၆၀၀ ကျပ် တို့နဲ့ ဈေးအနည်းငယ်ကျသွားပါတယ်။

Sunday, 18 Dec 2011

    ဟိုပုံးဈေးကွက်မှာလည်း ချင်းတွေ အနည်းငယ်ဝင်လာနေပါပြီ၊ ဈေးကွက်ကို စဝင်လာတဲ့ ချင်းတွေကတော့ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ ချင်းတွေဖြစ်ပါတယ်။ နောက်လမှသာ အဝင်လှိုင်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနှစ်ဟိုပုံးချင်းက မိုးကောင်းပြီး၊ ရေဝပ်တာကြောင့် အပင်တွေပုပ်သွားပြီး၊ ချင်းမျိုးလည်းပျက်သွားတာ ကြောင့် အထွက်နှုန်းလည်း နည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးချင်းကိုတော့ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးစဖွင့်ပါတယ်။ ချင်းခြောက်ကတော့ လက်ကျန် မရှိတော့ပါဘူး။

Sunday, 18 Dec 2011

    ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ချင်း ၂၅ တန် ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံက မလေးရှား ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၅၁ တန်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ချင်းအပို့ လျော့ ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၄၄၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းခြောက်ထောင်ကျော်ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 18 Dec 2011

    ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ပဲယင်း ၃၂ တန်ကျော်နဲ့ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပဲယင်း ၆ တန်ကျော် အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲယင်း ၃၉ တန် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ကနေဒါနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ပဲထုတ်လုပ်မှုက တန်ချိန် ၂ ဒသမ ၁ သန်း အထိရောက်ရှိမယ်လို့ ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။ ၎င်းခန့်မှန်းချက်က အောက်တိုဘာလအတွင်းက ထုတ်ပြန်ထားတဲ့ ပမာဏထက် အနည်းငယ်ပိုမိုသော်လည်း ယခင်နှစ်ထွက်နှုန်းတန်ချိန် ၃ သန်းနဲ့ ယှဉ်ရင် လျော့နည်းသွားခဲ့တယ်။ ပဲရာဇာအဓိကစိုက်ပျိုးတဲ့ ပြည်နယ်ဖြစ်တဲ့ Saskatchewan    မှာ ပဲရာဇာတန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ထုတ်လုပ်မှုတန်ချိန် ၁ ဒသမ ၈ သန်းထက်လျော့နည်းနေတယ်လို့ ကနေဒါ စာရင်းအင်းဌာနက ပြောကြားတယ်။    ကနေဒါပဲထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပြည်ပဝယ်လိုအားလျော့နည်းသွားလို့ ဖြစ်တယ်လို့သိရတယ်။ ကမ္ဘာ့ ငွေကြေးအကျပ်အတည်းပြဿနာများအပါအဝင် ကနေ ဒါပဲ ဝယ်ယူတင်သွင်းမှု အများဆုံးအိန္ဒိယရဲ့ ရူပီးငွေတန်ဖိုး ကျဆင်းသွားခြင်း၊ တူရကီ၊ အိန္ဒိယနဲ့ သြစတြေးလျမှာ ပဲအထွက်နှုန်းကောင်းမွန်နေခြင်းတို့ကြောင့် ကနေဒါပဲကို ဝယ်လိုအားနည်းသွားတယ်လိ့ု သိရတယ်။ ဒါကြောင့် ကနေဒါနိုင်ငံ လက်ရှိပဲဈေးကွက်အခြေအနေက ၁၀ နှစ်အတွင်း အထိုင်းမှိုင်းဆုံး အခြေအနေ ဖြစ်နေရာ လာမယ့်နွေဦးကာလ ကနေဒါရဲ့ ပဲစိုက်ပျိုးဧကကို လျော့ကျစေလိမ့် မယ်လို့ ခန့်မှန်းကြတယ်။                           ပပ၊  Source:menafn.com

Sunday, 18 Dec 2011

    ယခုတစ်ပတ် (ဒီဇင်ဘာ ၅-၉ ရက်) ပင်လယ်ရေကြောင်းက မြေထောက်ပဲ တန်ချိန် ၁၇၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့မှု တန်ချိန် ၈၄ ထက် ပိုတင်ပို့နိုင်ပါတယ်။ ယခုတစ်ပတ်မှာ စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါ တယ်။ FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တန်ချိန် ၁၇၀ ခန့် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။     အခြားပဲများအနေနဲ့ ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အတွင်းပင်လယ်ရေကြောင်း က စင်ကာပူကို ထောပတ်ပဲ တန်ချိန် ၆၃၊ မလေးရှားကို ပဲယင်း ၂၅ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ တန် ၈၀ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀နဲ့ ထောပတ်ပဲ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ဖြစ် ကြောင်း သိရပါတယ်။                                                       MIRT- MAPT

Sunday, 18 Dec 2011

    ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၈၀၀ ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ဈေး မြင့်လာခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာလလောက်မှစပြီး ကုလားပဲမှာ ဈေးအေး လာရာမှ ဒီဇင်ဘာဒုတိယပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာတာကိုတွေ့ရပါ တယ်။

Sunday, 18 Dec 2011

    ပြည်တွင်းဈေးကွက်များမှာ သိုလှောင်မှု အကန့်အသတ်ရှိပြီး ဝယ်လိုအား ခိုင်မာနေတဲ့ အတွက် ကုန်သည်များက ဈေးအနိမ့်မှာ ဝယ်ယူလျက်ရှိတာကြောင့် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေး အမြင့်ဘက်ဆက်လက်မြင့် တက်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ ဒါပေမယ့်လည်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ စိုက်ပျိုးမှုအားကောင်းနေခြင်းက ထွက်ရှိမှု အလားအလာကို ကောင်းမွန်စေတာကြောင့် ဈေးကွက်အပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။

Sunday, 18 Dec 2011

    ရန်ကုန်မှ တင်သွင်းတဲ့ ကာဘူလီကုလားပဲများမှာ ပြည်တွင်းရူပီး တန်ဖိုး လျော့ပြီး ဒေါ်လာတန်ဖိုး ခိုင်မာနေတဲ့အတွက် ဈေးအနည်းငယ်ပိုလာပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ လအတွက် ရန်ကုန်ကာဘူလီ ကုလားပဲများဝယ်ယူထားပြီး လက်ရှိအရှုံးပေါ်နေတဲ့အတွက် လှောင်လက်များမှ ဝယ်ယူနိုင်မှု လျော့ကျတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာဘက်မှ ပဲအသစ်တွေဝင်လာနေပြီဖြစ်လို့ နောက် ၂-၃ ရက်အတွင်း ကာဘူလီ ကုလားပဲဈေးမြင့်တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြ ပါတယ်။                                            ဒေါ်လာ/ တန်                ၁၅-၁၂-၁၁      ၁၄-၁၂-၁၁       ၁၃-၁၂-၁၁           ၁၂-၁၂-၁၁မွန်ဘိုင်း     ၅၉၆-၆၀၅           ၆၁၁               ၆၁၅                   ၆၂၃-၆၂၈ဒေလီ          ၆၁၄-၆၁၉      ၆၁၅-၆၂၀       ၆၀၆-၆၁၁              ၆၁၄-၆၁၈ကန်ပါ           ၆၇၂                ၆၇၃               ၆၇၂                      ၆၈၆MIRT(MAPT)

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခုတစ်ပတ် (ဒီဇင် ဘာ ၅ ရက်မှ ၉ ရက်)အတွင်း တန်ချိန်၂၅၀ကျော်ရှိကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့လည်း ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း တန် ၅၀ ခန့်သာရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ကုလားပဲ ဖြူလုံးကြီး အရည်အသွေးကောင်း လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်း အဝယ် ဖြစ်မှုရော တင်ပို့မှုပါ လျော့လာခဲ့ပါတယ်။

Pages