Main menu

Background

Tuesday, 23 Aug 2011

ပြည်မတ်ပဲ ဈေးအနည်းငယ်လှုပ်လာ                       ပြည်မြို့ရဲ့ ပဲဈေးကွက်များ မတ်ပဲ ဈေးအေးနေခဲ့ရာမှ ယခုရက်မှာ ဈေး အနည်းငယ် ပြန်လှုပ်လာတာ ကို တွေ့ရပြီး တစ်တင်းကို ၁၇ဝဝဝ ကျပ် ဈေးရှိ တယ်လို့သိရပါတယ်။ ပြည်သို့မတ်ပဲ အဝင်ပါးလာပြီး ကုန်သည်များ လက်ဝယ်ရှိ လက်ကျန် ပဲများနဲ့ အပ်ပဲသမား များသာ ထုတ်ရောင်းကြတယ်လို့ ပဲကုန် သည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်- ဘုရင့်နောင်သို့ ပဲခူးတိုင်းဒေသကြီး အနောက်မှ မတ်ပဲ တင်ပို့မှုကတော့ ယခင်တစ်ပတ်က ထက် ယခုတစ်ပတ် ပဲတင်ပို့မှုများပြီး တစ်နေ့ကို အိတ် ၄ဝဝဝ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မိမိအေး

Tuesday, 23 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု လျော့သော်လည်း ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်                 ပင်လယ်ရေကြောင်းက မတ်ပဲ ပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင်လ ပထမပတ်က တန်နှစ်သောင်း၊ ဒုတိယပတ်က တန် ၁ ဒသမ တစ်သောင်းကျော်၊ တတိယပတ်မှာတန် ၂ ဒသမ ၂သောင်းခန့်နဲ့နောက်ဆုံးပတ်မှာ ၁ဒသမ ၇ သောင်း ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက မတ်ပဲတန် ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုသြဂုတ်လ ပထမပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ တန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၊ သြဂုတ်လ ၅ ရက်အထိ မတ်ပဲတင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၇ သိန်းကျော်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တင်ပို့နိုင်ခဲ့မှု တန်ချိန် ၁ ဒသမ ၈ သိန်းခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT  

Tuesday, 23 Aug 2011

ဈေးဆက်လက်မာတဲ့ မုံရွာ V2                  သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2  ဈေးဆက် လက်မာနေပြီး ကျန်ကုလားပဲများလည်း ဈေးတန့်နေတာတွေ့ရပါတယ်။ ပြည်ပ ပို့ကုန်အတွက် မန္တလေးနဲ့ ရန်ကုန် ဝယ်လက်ပုံမှန်ဆွဲလို့ ဒီတစ်ပတ် V2 ဈေးဟာ တစ်တင်း ၂၁၁ဝဝ ကျပ်က ၂၁၃ဝဝ ကျပ်အတွင်း ဈေးမာနေခဲ့ပြီး တစ်ရက်ပျမ်းမျှ အိတ် ၁ဝဝဝ အရောင်းအဝယ် ဖြစ်နေကာ အဝယ်လိုက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၆ဝဝဝ ခန့််အထိ အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းနဲ့ ဒေသသုံး ကုလားပဲတွေဖြစ်ကြတဲ့ ကုလားပဲ တိုင်ပေက ဒီတစ်ပတ်အတွင်း တစ်တင်း ၁၆၇ဝဝ ကျပ်မှာ ငြိမ်နေပါတယ်။ ကုလားပဲရိုးရိုးအနေနဲ့ တစ်တင်း ၁၅၃ဝဝ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ပုံမှန်ရှိသလို 929 ကုလားပဲကတစ်တင်း ၁၆၈ဝဝ ကျပ် မှ ၁၆၄ဝဝ ကျပ်အတွင်း ဈေးပေါက်ခဲ့ပါတယ်။ ပြည်တွင်းသုံး ကုလားပဲကတော့ ကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေး ကို တင်း ၅ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွနွန်းးလှိုှုငိင် 

Tuesday, 23 Aug 2011

အိန္ဒိယကုလားပဲဈေးကွက်တွင် သီးနံှအသစ်ဝင်သော်လည်း ဈေးနှုန်းအားနည်းဆဲ                အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်း အားနည်းနေဆဲဖြစ်ပြီး ဝယ်လိုအားလည်း အကန့်အသတ်ရှိဆဲဖြစ်ပါတယ်။ သြစတြေးလျမှ သီးနံှအသစ်များ စတင်ရောက်ရှိနေပြီး၊ လာမည့်လတွင် ကျင်းပမည့် ပွဲတော်ရာသီတွင် ဝယ်လိုအား တက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ စက်တင်ဘာ၊ အောက်တို ဘာအတွင်း စတင်မည့် သီးနံှရာသီ၏ ကနဦး အခြေအနေက သီးနံှစိုက်ပျိုးထုတ် လုပ်မှုအတွက် အရေးကြီးပြီး၊ ဈေးနှုန်းအတွက်လည်း တွန်းအားပေးကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ တက်ချည်ဆင်းချည် ဖြစ်နေ ပါတယ်။ သွင်းကုန်ကုလားပဲများ၏ ဈေးမြင့်ပြီး အဓိကဈေးကွက်များတွင် အရောင်း အဝယ်အားနည်းနေကြောင်း သိရပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဈေးကွက် ဝယ်လိုအား တက်လာပြီး ရာသီပွဲတော်အတွက် ကုလားပဲထုတ်ကုန်များ၏ ဝယ်လို အားက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ သြစတြေးလျ၌ သီးနံှ ရိတ်သိမ်းနေပြီဖြစ်ပြီး လာမယ့် ရာသီအတွက် သီးနံှအထွက် ပိုမိုကောင်းမွန် တဲ့ အခြေအနေရှိပြီး ဈေးနှုန်းပေါ်၌ ဖိအားပေးကြောင်း သိရပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                 ဒေါ်လာ/ တန်                ၁၁-၈-၁၁       ၁ဝ-၈-၁၁      ၉-၈-၁၁           ၈-၈-၁၁မွန်ဘိုင်း     ၅၇၄-၅၉၆        ၅၈၆-၆ဝ၈     ၅၉၈-၆ဝ၉       ၅၈၉-၆ဝ၁ဒေလီ        ၆၄၁-၆၄၆        ၆၄၁-၆၄၇     ၆၅၃-၆၅၉       ၆၅၆-၆၆၂ကန်ပါ            ၆၇၄              ၆၆၁          ၆၇၅              ၆၈၃MIRT(MAPT)

Tuesday, 23 Aug 2011

ကုလားပဲဖြူလုံးကြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ပို                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၆ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ်စာခုျပ်နိုင်မှု တန် ၄၇ဝဝ နဲ့ နှိုင်းယှဉ်လျှင် ရောင်း ဝယ်မှု ပိုလာပါတယ်။                             ရန်ကုန် FOB ဈေးကွက်အနေနဲ့ သြဂုတ်လ ၁၁ ရက်နေ့က ကုလားပဲ ဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ တာ တွေ့ရပါတယ်။ ပြည်တွင်းလက်ကျန်နည်းတာကြောင့် ပြည် တွင်း ဈေးငြိမ်ကြောင်း ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုလျော့                     ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှုဟာ ဇူလိုင်ပထမပတ်မှာ တန် ၂၅ဝဝ ကျော်၊ ဒုတိယပတ် မှာ တန် ၁၅ဝဝ ခန့်၊ တတိယပတ်မှာ တန် ၃ဝဝဝ ခန့်၊ နောက်ဆုံးပတ်မှာ တန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက ကုလားပဲတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု သြဂုတ်လဆန်းပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အတွင်း တန်ချိန် ၂၈ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁ -၂ဝ၁၂ သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန်ချိန် ၄ သောင်းရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူက တန်ချိန် ၁ဝဝဝ ခန့်ထက် ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ် ဆက်လက်ဖြစ်နေတာကြောင့် လာမဲ့အပတ်များမှာ ဆက်လက် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင်ပို့မှု ယခင်အပတ်ထက် အနည်းငယ်လျော့              ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ်က တန်ချိန် ၁၈ဝဝ ကျော်၊ ဇူလိုင် ဒုတိယပတ်က တန်ချိန် ၁၆ဝဝ ခန့်၊ တတိယပတ်က တန်ချိန် ၂၆ဝဝ ကျော်၊ ဇူလိုင်နောက်ဆုံးပတ်က တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ဇူလိုင်လက ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။                  ယခုသြဂုတ်လဆန်းပတ် ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ၆ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့လာပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန် ချိန် ၁ ဒသမ ၄၄ သိန်းကျော်ရှိတာကြောင့် ယခင်နှစ်ကာလတူက တင်ပို့ခဲ့တဲ့တန်ချိန် ဝ ဒသမ ၉၃ ကျော်ဖြစ်လို့ ယခု နှစ်မှာ ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်းစာချုပ် ချုပ်ဆိုရောင်းဝယ်နိုင်မှုဟာ အပတ်စဉ် အနည်းငယ် မြင့်တက်နေတာကြောင့် လာမည့်ရက်သတ္တပတ်များမှာ ဆက်လက်တင်ပို့နေနိုင်မယ်လို့ ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT

Tuesday, 23 Aug 2011

ယခုတစ်ပတ်ပဲတီစိမ်းဈေးအေးပြီး အရောင်းအဝယ်ပိုဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၆၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက်ပဲတီရွှေဝါတန် ၆ဝဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၅၃ဝဝ ကျော်၊ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှ ပိုမို အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရာသီ ဥတုကြောင့် အဝယ်ပါးလို့ ဈေးအနည်းငယ်အေးကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။            ဒေါ်လာ/ တန်                ပဲတီစိမ်းအညာ     ပဲတီရွှေဝါအသေး         ပဲတီရွှေဝါအကြီး၁၁-၈-၁၁      ၇၃ဝ-၇၅ဝ         ၉၈ဝ-၁ဝဝဝ               ၁ဝ၅ဝ-၁ဝ၇ဝ၄-၈-၁၁         ၇၃ဝ-၇၅ဝ         ၁ဝဝဝ-၁ဝ၂ဝ            ၁ဝ၈ဝ-၁၁ဝဝ                                                                                           MIRT(MAPT)

Tuesday, 23 Aug 2011

ပဲတီစိမ်းလုံးပြည့်ရော လုံးခြမ်းပါအပို့ရှိ                    သြဂုတ်လ ၃ ရက်မှ ၉ ရက် ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၃၂၅သန်းကျော် တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၆၉၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၂၁ တန် အပို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တန်ချိန် ၃၅ဝဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။                             မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်     ပြောင်းလဲမှု      %        ယခု    ယခင်   ပြောင်းလဲမှု    %၆၁၅၆၂ဝ    ၆၁၁၈၉၇            ၃၇၂၃    ဝ .ဝ၂    ၉၃၁     ၈၅၄            ၇၇       ၈             ပဲတီစိမ်းခရမ်းရွှေဝါများ မဝင်သော်လည်း အညာစများသာအဝင်ရှိပြီး ယခုအပတ်မှာ ပဲအဝင် နည်းလျက်ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)  

Tuesday, 23 Aug 2011

အိန္ဒိယပဲတီစိမ်း ဈေးကွက်ဈေးငြိမ်ပြီး အရောင်းအဝယ်အေး            အိန္ဒိယပြည်တွင်း အဓိက ဈေးကွက်တွင် ဈေးငြိမ်လျက်ရှိပြီး၊ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်က သိုလှောင်ထားတဲ့ လှောင်ကုန်များရှိသလို သီးနံှသစ်များကို မျှော်လင့်လျက်ရှိကြောင်း၊ စိုက်ဧရိယာမှာ ယခင်နှစ် ထက် နည်းကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ပဲတီစိမ်းဈေး ခိုင်မာလျက်ရှိရာမှ ဈေးလျော့ကျလျက်ရှိကြောင်း သိရပါတယ်။ ဝယ်လိုအား ပိုကောင်းလာပြီး ရောင်းလိုအား အနည်းငယ် အားနည်းခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေကြောင်း သိရပါတယ်။ နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် မြေဆီသြဇာ ကောင်းမွန်ပြီး သီးနံှစိုက်ပျိုးသော ဒေသအများစုတွင် အခြေအနေကောင်း များဖြစ်ပေါ်နေကြောင်း သိရပါတယ်။ အနောက်မြောက်ဒေသတွင် မိုးရွာသွန်းမှုကြောင့် သီးနံှအထွက် နှောင့်နှေးနိုင်ကြောင်း သိရပါတယ်။ သြဂုတ်လကုန်ပိုင်းခန့်တွင် သီးနံှအသစ်များ ဒေသအသီးသီးမှ ဝင်ရောက်လာနိုင်ပြီး ကုန်သည်များက သီးနံှ၏ အရည်အသွေးအ တွက် စောင့်မျှော်နေကြကြောင်းလည်း သိရ ပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                                                 ဒေါ်လာ/ တန်                          ၁၁-၈-၁၁     ၁ဝ-၈-၁၁     ၉-၈-၁၁           ၈-၈-၁၁မွန်ဘိုင်း (ကင်ညာ)       ၉၇၂          ၉၆၈        ၉၆၉-၉၇၄          ၉၅၆ဒေလီ                  ၇၇၃-၈၁၇       ၇၇၄-၈၁၈   ၇၇၅-၈၁၉        ၇၇၈-၈၂၃အာကိုလာ             ၇၇၃-၈၈၄       ၈၁၈-၉၃၅    ၇၇၅-၈၈၆       ၇၇၈-၈၉ဝMIRT(MAPT)

Pages