Background
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာ လအတွင်း မန်ကျည်းတန်ချိန် တစ်ရာတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ မလေးရှားနိုင်ငံကို တန် ၅၀ နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်ကိုးဆယ်ကျော် တင်ပို့ ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် မန်ကျည်း ၈ တန်ကျော်ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ သုံး သောင်းနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်မှာ ဇွန်လနောက်ဆုံးပတ် အတွင်း လယ်ယာထွက်ကုန်ပစ္စည်း အများစုမှာ ဈေးနှုန်းအတက်၊ အကျ အနည်း ငယ်သာရှိပြီးဈေးငြိမ်ခဲ့သော်လည်း၊ ဈေးကွက်ကို ဝင်ရောက်တဲ့ ပစ္စည်းအားလုံး ပုံမှန်ထက် အရောင်းသွက်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာ ပဲပုပ်စေ့နဲ့ ပန်းနှမ်းက တစ်ပိဿာ ၁၀၅၀ ကျပ်နဲ့ ၁၁၀၀ ကျပ်ဈေးမှာ ခိုင်မာနေပြီး၊ ဒေသတွင်း စားသုံးဖို့နဲ့မျိုးအတွက် ပုံမှန် အရောင်းအ ဝယ်ဖြစ်နေပြီး၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ် - ၁၄၅၀ ကျပ် ဝန်းကျင်ပေါက်ဈေးနဲ့ မန်းပဲခွဲစက်များက အဝယ်ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ယခုလပိုင်းမှာ အနယ် နယ် အရပ်ရပ်ဒေသထွက် ပဲတီစိမ်းကြီး ဝင်ရောက်မှုများသလို အရောင်းအဝယ် ဖြစ်မှုလည်း မြန်ဆန် သွက်လက် နေပါ တယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ငါန်းဇွန်ဒေသများသာမက ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ လည်း ဝင်ရောက်လျက် ရှိပါတယ်။မြင်းခြံ၊ တောင်သာဒေသမှ ဝင်ရောက်မှု ရှိသော်လည်း နည်းပါးပြီး၂၀၁၃ ခုနှစ်၊ မေလနောက်ဆုံးအပတ်မှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၃၈၇ ကျပ်(တစ်တန် ၈၄၉၃၈၅ ကျပ်) နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၀၀၀ မှ ၁၄၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံကို ဧက ၅ ဒသမ ၅၅ သိန်းလျာထားပြီး၊ ဇွန်လ ၂၃ ရက်ထိ ဧက ၂ ဒသမ ၉၆ သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၃၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။
မုံရွာကုန်စည်ဒိုင်ရှိ ဒေသခံကုန်သည်တွေအနေနဲ့ သူ့ ဒေသ သူ့နယ်နဲ့သူ၊ ပဲအမျိုးအစားအလိုက် ဦးစားပေး ဝယ်ယူ သိုလှောင်ရောင်းဝယ်လျက်ရှိရာ ပဲကြီးလိုင်းမှာ အဓိကရောင်း ဝယ်တဲ့ ကုန်သည် ၁၀ ဦးခန့်ရှိတယ်လို့ သိရပါ တယ်။ မုံရွာ ကုန်စည်ဒိုင်ကို အဓိကပဲကြီးစီးဝင်ရာ ချောင်းဦး၊ ဘုတလင်၊ ယင်းမာပင်နဲ့ ကနီ၊ မင်းကင်းစတဲ့ဒေသ တွေက ဝင်လာသမျှ ပဲတွေဟာ သူ့ပွဲရုံနဲ့သူ ရောင်းကြဝယ်ကြသိုလှောင်ကြလျက် ရှိပါတယ်။
မုံရွာကုန်စည်ဒိုင် ဇွန်လလကုန်ပတ်၊ ပဲဈေးကွက်မှာ ကုလားပဲအုပ်စု ပဲစင်းငုံနီနဲ့ မတ်ပဲတို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ ပဲတီစိမ်းကြီး၊ စွန်တာနီ၊ ကသည်း ပဲပုပ်စေ့နဲ့ ပဲကြီးတို့ တက်ဈေး အသီးသီးဖြစ်ပေါ်ခဲ့ကာ ဝယ်လိုအားကောင်းခဲ့ ကြတယ်လို့ ကုန်သည်ရပ်ကွက်ကသိရပါတယ်။ ဇွန်လ လကုန်ပတ်ကုလားပဲအုပ်စု ဈေးကွက်မှာ Export ဝယ်လက်မရှိခြင်း၊ ပဲခွဲခြမ်းအရောင်းပါးခြင်းနဲ့ ပစ္စည်း လက် ကျန်ရှိသေးခြင်းတို့ကြောင့် ကုလာပဲမျိုးစုံတစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေး အသီးသီး အေးသွားခဲ့ပါတယ်။
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန် ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲနှင့် ပဲစင်းငုံနီကို ပဲခွဲစက်နှင့် ကုန်သည်များ ဝယ်လိုအားမရှိခြင်း၊ အတွင်းပိုင်းဈေး ကွက်မှ အရောင်းအဝယ် မလုပ်သေး ခြင်း တို့ကြောင့် ဈေးဆက်တိုက် ကျဆင်း နေကြောင်း သိရပါတယ်။
ယခုဇွန်လနောက်ဆုံးပတ်အတွင်း ပြည်ပဲဈေးကွက် မှာ ပဲဈေးနှုန်းများ ဈေးဆက်လက်ကျဆင်းလျက် ရှိနေတာ ကိုတွေ့ရပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံဈေးနှုန်းများ ဈေး လျော့လာခဲ့ပြီး ပဲကြီးသီးနှံတစ်မျိုးသာ ဈေးအမြင့် ရခဲ့ပေမဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
ယခုနှစ် နှစ်ဝက်အတွင်း သကြား ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ယခု တစ်ပတ်မှာ တရုတ်နိုင်ငံမှ အဝယ်လိုက် နေခြင်းကြောင့်သကြားဈေးနှုန်းဈေးထိုး တက်လာကြောင်း သိရပါတယ်။
ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၉၀ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၄၅၃တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၈၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကြက်ဆူစေ့၊ မိကျောင်းကွမ်း ဖတ်စေ့၊ ဆီးသီးခြောက်၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ ဒရင်ကောက် မြစ်နဲ့ မာလာဥတို့ကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်းနဲ့ တောင် လုံးကျော်တို့မှာ ယခင်အပတ်ကထက် တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ယခင်အပတ်က ပရဆေးကုန်ကြမ်း တင်ပို့မှုမရှိခဲ့ပေမယ့် ယခုအပတ်မှာတော့ ဒရင်ကောက်မြစ်နဲ့ ဝဥခြောက်တို့ကို တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၅ တန်ကျော် ကိုလည်း တင်သွင်းမှုရှိခဲ့ပါတယ်။ခင်ကလျာဦး MIRT ( DCCA )
