Main menu

Background

Friday, 28 Jan 2011

ပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းမှည့် အသစ်များဝင်               ပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းမှည့်အသစ်များ ဇန်နဝါရီ လလယ်ပိုင်းမှစ၍ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အထွက်မလှိုင်သေးတာ ကြောင့် လက်ကားရောင်းချမှု မရှိသေးဘဲလက်လီသမားများသာ ရောင်းချနေတာတွေ့ရပါတယ်။ မန်ကျည်းမှည့် အဟောင်းမှာလည်း လက်ကျန်နည်းပါး နေပြီလို့ သိရပါတယ်။ မန်ကျည်းမှည့် အဟောင်း (အစေ့မပါ)မှာလက်လီ တစ်ပိဿာ ၂၃ဝဝ ကျပ်၊ လက်ကား တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ မန်ကျည်း မှည့်အသစ် (အခွံပါ၊ အစေ့ပါ) တစ် ပိဿာ ၂ဝဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                        အိရွှေစင်

Friday, 28 Jan 2011

မန်ကျည်း ပြန်လည်တင်ပို့နိုင်                    မန်ကျည်း တင်ပို့နိုင်မှုအနေနဲ့ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း မန်ကျည်းသီးတန်ချိန် ၄ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို FOB  ဈေး ကန်ဒေါ်လာ ၄၅ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၈ဝဝဝ ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ တစ်လလုံး တင်ပို့မှုမရှိတဲ့ မန်ကျည်းသီးဟာ ဒီသီတင်းပတ်မှ ပြန် လည် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။                                                               MIRT(DOT)

Friday, 28 Jan 2011

ချင်းအစိုဈေးရလို့ ချင်းအခြောက်မလုပ်သေးတဲ့ ရှမ်းချင်းဈေးကွက်                 ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကငြိမ်နေပါတယ်။ နမ့်စန်မြို့နယ်ကထွက်တဲ့ ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ ပစ္စည်းမရှိသေးတဲ့အတွက် ဈေးမဖွင့်သေးဘူးလို့ သိရပါတယ်။ အစပိုင်းမှာ ချင်းစိုဈေးကောင်းနေတော့ ချင်းစိုအဖြစ်နဲ့သာရောင်းကြလို့ ချင်းခြောက် တွေ သိပ်မလုပ်ဖြစ်ကြပါဘူး။ တန်ခူးပြီးမှသာ ချင်းခြောက်တွေက ဈေးကွက်ကို လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။ လောလောဆယ် ချင်းစိုတွေသာ ဈေးကွက်ကိုဝင်နေ ပြီး အဲဒီအနီးပတ်ဝန်းကျင်ရွာတွေမှ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေပါတယ်။ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မန္တလေးမြို့တွေကို တိုက်ရိုက်တင်ပို့ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းခြောက်ဈေးကတော့ တစ်ပိဿာ ကျပ် ၁၈ဝဝ - ၂ဝဝဝ ဈေးရှိပါတယ်။ ဟိုပုံးချင်းကတော့ ရာသီဥတု ဒဏ်ကြောင့် အခက်ကြီး၊ အခက်လှတွေ သိပ်မထွက်ပါဘူး၊ ဝယ်လက်တွေကလည်း ချင်းတက်တွေအစား ချင်းကိုဒါးလှီး (ဆလိုက်ပြား)အဖြစ်သာလိုချင်ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်း (စို)ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တစ်ပိဿာ ၃၅ဝ ကျပ်မှ ၆ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                                                                                   ဧဧခိုင် 

Friday, 28 Jan 2011

ချင်းတန်ချိန် ခုနှစ်ဆယ်ကျော် ပြန်တင်ပို့နိုင်ခဲ့              ဇန်နဝါရီလ ၁ဝ ရက်မှ၁၆ ရက်တာ ကာလအတွင်း ချင်းတန်ချိန် ၇၈ တန် တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ တစ်တန်ကို ၤဥြ ကန်ဒေါ်လာ ၁၄၂၅ ခန့်နဲ့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၁၁၁၅ဝ ရရှိခဲ့ပါတယ်။ ခြောက်ပတ်ကြာ အပို့ပျောက်ခဲ့တဲ့ ချင်းဒီသီတင်းပတ်မှပြန် လည်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။                         MIRT(DOT) 

Friday, 28 Jan 2011

အိန္ဒိယဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းပေမဲ့ ဈေးဆက်တိုက်ဆင်းလာ               အိန္ဒိယ နနွင်းအဓိက ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းလာပေမဲ့ ဝယ်လက်များဝယ်ယူမှုမရှိလို့ နနွင်းဈေးက ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ ဇန်နဝါရီလ ၁၈ ရက်က တစ်တန်ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) လျော့ကျခဲ့ပြီး၊ ၁၉ ရက်မှာလည်း ရူပီး ၂ဝဝဝ-၃ဝဝဝ (ကန်ဒေါ်လာ ၄၄- ၆၇) ဆက်တိုက်ကျဆင်းလာလို့ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၁၄ဝဝဝဝ (ကန်ဒေါ်လာ ၃ဝ၉၆) အောက်ကို ရောက်ရှိခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက ပြောကြားပါတယ်။              နနွင်းအသစ်များလည်း ဝင်ရောက်စပြုလာပြီဖြစ်ပြီး မသန့်စင်ရသေးတဲ့ နနွင်းတစ်တန်ကို ရူပီး ၇၅ဝဝဝ-၈ဝဝဝဝ (ကန်ဒေါ်လာ၁၆၅၈-၁၇၆၉) ဈေးရှိတယ်လို့ သိရပါတယ်။ နနွင်းကုန်သည်များအနေနဲ့ ဈေးထပ်ကျဖို့ မျှော်လင့် လျက် ရှိပြီး လက်ရှိဈေးနဲ့ ဝယ်ယူဖို့ တုံ့ဆိုင်းနေကြတယ်လို့ သိရပါတယ်။ အိန္ဒိယ မြောက်ပိုင်းက နနွင်းအဝယ်အော်ဒါများလည်း ထပ်မံရောက်ရှိမလာတာ ကြောင့် လည်း နနွင်းလက်ငင်းဈေး ဆက်လက်ကျဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၉ဝ၉၉ဝ-၁၄၆၁၁ဝ (ကန်ဒေါ်လာ ၂ဝ၁၂ -၃၂၃၁) ရှိပြီး နနွင်းဥဈေးက ရူပီး ၇၈ဝဝဝ-၁၄၁ဝဝဝ (ကန်ဒေါ်လာ ၁၇၂၅-၃၁၁၈) ဈေးရှိတယ် လို့ သိရပါတယ်။                                                                                                                      ယမင်းခင်၊ှSourec businessline 

Friday, 28 Jan 2011

ဈေးငြိမ်နေတဲ့ ရှမ်းနနွင်းသစ်             ဟိုပုံးနဲ့ နမ့်စန်မြို့ နယ်က ထွက်တဲ့ နနွင်း(စို) တွေသာ ဈေးကွက်ကို ဝင်နေပါသေးတယ်။ ဒီတစ်ပတ်နနွင်း (စို) ဈေးကလည်း ငြိမ်နေပြီ တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်ဈေးသာရှိပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည် နနွင်းလိုပဲ၊ သေးပြီးကျစ်လို့ ရောင်းပန်းပိုလှပါတယ်။ အဝင်မလှိုင်သေးပေမဲ့ တစ်နေရာ နည်းနည်းစီ ဝင်နေတာကြောင့် အဝင်ကလည်း သိပ်တော့ မနည်းပါဘူး။ နမ့်စန်မှာ ဒီနှစ်ထွက်နနွင်းခြောက်သစ်က တစ်ပိဿာ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်သာရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်ပဝယ်လက်တွေ ဝယ်လိုအား မရှိသေးတာကြောင့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ နနွင်းခြောက် ဈေးကပစ္စည်းကောင်းရင် ကောင်းသလို ဈေးဖြတ်ပြီး ဝယ်နေတာကြောင့် တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ လှောင်လက်တွေကတော့ နနွင်းအခြောက်ခံဖို့အတွက် ဝယ်ယူနေကြပြီး အခြောက်ပြုလုပ်ပြီး ဈေးကောင်းရမှသာ ဈေးကွက်ကိုပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဧဧခိုင် 

Friday, 28 Jan 2011

နနွင်းတက် တင်ပို့မှု နှစ်တန်သာရှိ             ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ နနွင်းတက် ၂ တန် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ကုန်အထိ  နနွင်းတက်တန် ၁ဝဝဝ ကျော်ကို မူဆယ်၊ မြဝတီနဲ့စစ်တွေ နယ်စပ်စခန်းများမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT) 

Friday, 28 Jan 2011

နနွင်းအပို့လျော               ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၄ တန်ကို ဇန်နဝါရီ ဒုတိယပတ်အတွင်း တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို ၤဥြ ဈေးကန်ဒေါ်လာ ၁၅၈ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၂၁၂ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ၇၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ MIRT(DOT) 

Tuesday, 25 Jan 2011

ဈေးကောင်းရတဲ့ စွန်တာနီပြာ တောင်သူတို့ ပိုစိုက်လာ               စစ်ကိုင်းတိုင်းဒေသကြီးမှာ စွန်တာနီပြာကို ယခုနှစ်မှာ ဧကသိန်း ၁ ဒသမ ၃၇ဝ လျာထားပြီး ဧကသိန်း ၁ ဒသမ ၃၇၉ စိုက်ပြီးလို့ ၁ဝဝ ဒသမ ၆၂ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ၂ဝဝ၉ ခုနှစ်က တစ်တင်း ၈၅ဝဝ ကျပ်သာဈေးရှိခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်မှာ ဒေသတွင်း စားသုံးမှုအားကောင်းပြီး၊ အရောင်းအဝယ်သွက်ခဲ့တဲ့အတွက် တစ်တင်းကို ကျပ်နှစ်သောင်းကျော်အောက်ဈေးမဆင်းခဲ့တာကြောင့် ယခုနှစ်မှာ ပိုမိုစိုက်ပျိုး လာကြကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။ အောင်မင်း

Tuesday, 25 Jan 2011

ဝယ်လက်အပေါ်မူတည်ပြီး အရောင်းသွက်တဲ့ ပဲနောက်              ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းဈေးနှုန်းနဲ့အတူ ဈေးပြိုင်ရနေတဲ့ ပဲတစ်မျိုးကတော့ ပဲနောက်သီးနံှဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ပဲနောက်သီးနံှများ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်နှင့်ရွှေတောင်၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်မှုရှိပြီး၊ ဒေသတွင်း ရောင်းဝယ်မှုရှိကြသလိုတစ်ခါတရံမှာ ရန်ကုန်၊ မန္တလေးဖက်မှလည်း အဝယ်ရှိတယ်လို့သိရပါတယ်။              ပဲနောက်သီးနံှမှာ အခြားပဲများကဲ့သို့ နေ့စဉ်အရောင်းအဝယ်မရှိပေမဲ့ ရန်ကုန်၊ မန္တလေးဝယ်လက်များအပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုလအတွင်း တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်နှုန်းဖြင့် အိတ် ၁ဝဝ မှ ၁၅ဝ ထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                              ခင်ဆွေဝင်း

Pages