Main menu

Background

Tuesday, 23 Nov 2010

မန်းကုလားပဲပစ္စည်းလက်ကျန်နည်းလာချိန်ဝယ်အားကောင်းလာ     မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်လိုအားကောင်းနေတဲ့ အတွက် အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က မျိုးစိုက်ပျိုးမဲ့ တောင်သူများ ဝယ်လိုအားကြောင့် ဈေးမြင့် ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ ပဲခွဲစက်လုပ်ငန်းများမှသာ အဓိကဝယ်ယူနေတာ ကြောင့် ဈေးအနည်းငယ်အေးသွားတာတွေ့ရပါတယ်။ ယခင်တစ်ပတ်မှာ ကုလားပဲ ဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ တစ်တန် ၈၃၄ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၉၈ ကျပ်၊ တစ်တန် ၇၉၄၈၈ဝ ကျပ်တို့နဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၁ဝ ကျပ်၊ တစ်တန် ၈ဝ၂၂၃ဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၂၇ ကျပ်၊ တစ်တန် ၇၅၁၄ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို စက်သမားများ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးသိပ်မအေးနိုင်ဘူးလို့ ကုန်သည်များက ပြောကြောင်း သိရပါတယ်။ ကျော်ကျော်မိုး 

Tuesday, 23 Nov 2010

 စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း    စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် ကုလားပဲစိုက်ပျိုးရန် လျာထား ဧက မှာ ၃ ဒသမ ၆၈ သိန်း ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်ထိ ဧက ဝ ဒသမ ၉၅ သိန်းစိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကုလားပဲတစ်တင်း ပေါက်ဈေးမှာ ၂၅ဝဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်ဈေးရှိနေပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၇ဝဝဝ ကျပ်နီးပါး ပိုမိုပြီးဈေးကောင်းခဲ့တဲ့အတွက် တောင်သူအများစုကတော့ ယခုနှစ်မှာ ပိုစိုက်ဖို့ မိုျးစေ့များကို ဝယ်ယူစုဆောင်း နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးကာလကလည်း ဒီဇင်ဘာအထိ စိုက်ပျိုးနိုင်တဲ့အတွက် ယခုနှစ်မှာ ကုလားပဲကို အခြားသီးနံှများထက် ပိုစိုက်နိုင်မယ်လို့ တောင်သူတချို့က သုံးသပ် ကြပါတယ်။                                                    အောင်မင်း

Tuesday, 23 Nov 2010

 စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း    စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် ကုလားပဲစိုက်ပျိုးရန် လျာထား ဧက မှာ ၃ ဒသမ ၆၈ သိန်း ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်ထိ ဧက ဝ ဒသမ ၉၅ သိန်းစိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကုလားပဲတစ်တင်း ပေါက်ဈေးမှာ ၂၅ဝဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်ဈေးရှိနေပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၇ဝဝဝ ကျပ်နီးပါး ပိုမိုပြီးဈေးကောင်းခဲ့တဲ့အတွက် တောင်သူအများစုကတော့ ယခုနှစ်မှာ ပိုစိုက်ဖို့ မိုျးစေ့များကို ဝယ်ယူစုဆောင်း နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးကာလကလည်း ဒီဇင်ဘာအထိ စိုက်ပျိုးနိုင်တဲ့အတွက် ယခုနှစ်မှာ ကုလားပဲကို အခြားသီးနံှများထက် ပိုစိုက်နိုင်မယ်လို့ တောင်သူတချို့က သုံးသပ် ကြပါတယ်။                                                    အောင်မင်း

Tuesday, 23 Nov 2010

မုံရွာကုလားပဲ ဈေးအေးလာပေမဲ့ အဆွဲပို               မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယ ၁ဝ ရက်ပတ် ကုလားပဲ ဈေးကွက် မှာ ပစ္စည်းရှားပါးမှုပေါ်မူတည်ပြီး ဈေးအတက်အကျအနည်းငယ်ကြမ်းခဲ့တာ တွေ့ရပါတယ်။ ကုလားပဲရိုးရိုးကတော့ ရောင်းလက် တစ်ရက်သာ ဈေးဖွင့်ခဲ့ပြီး တစ်တင်း ၂၄ဝဝဝ ကျပ်ပေါက်ခဲ့ပါတယ်။ ကုလားပဲတိုင်ပေက တစ်တင်း ၂၅ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ရာက ၂၃ဝဝဝ ကျပ်ထိဈေးပြန်ကျဆင်းသွားခဲ့သလို၊ ဗွီတူးအနေနဲ့ တစ်တင်း ၂၆ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ပြီး တစ်တင်း ၂၄၃ဝဝ ကျပ်ထိဈေးကျဆင်းသွားခဲ့ရာ တစ်တင်း ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်အထိ အတက် အကျ ကွာခြားသွားခဲ့တာ တွေ့ရပါတယ်။ 929  ပဲကတော့ ကုလားပဲ အုပ်စုထဲမှာ ဈေးဆက်လက်စွာနေပြီး တစ်တင်း ၂၄၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ကုလားပဲဈေး အမြင့်ဆုံးဖြစ်ပေါ်ချိန်မှာ မန္တလေး ရန်ကုန်ဝယ်လက်မရှိခဲ့ဘဲ ဒေသတွင်းလုပ်ငန်းသမားတွေသာ လိုအပ်သလောက် ဝယ်ယူမှုရှိခဲ့လို့ တစ်ရက် အိတ် ၂ဝဝ မှ ၃ဝဝ အတွင်း နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးအေးချိန်မှာတော့ မန္တလေး ရန်ကုန် ဝယ်လက် ဝယ်ယူမှုရှိနေလို့ ယခုလ ဒုတိယ ၁ဝ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၂၃ဝဝ ခန့်၊ ရန်ကုန်ကို တင်း ၃ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                          ထွန်းလှိုင် 

Tuesday, 23 Nov 2010

 အိန္ဒိယ ဆောင်းပဲမျိုးစုံ ဟက်တာ ၃ ဒသမ ၆၂ သန်းစိုက်ပြီး    အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ ယခုနှစ် ဆောင်းရာသီအတွင်း ဂံျုစိုက်ပျိုးမှုဟက်တာ ၃ ဒသမ ၃ သန်း၊ ပဲမျိုးစုံမှာ ဟက်တာ ၃ ဒသမ ၆၂ သန်းဝန်းကျင်နဲ့ စပါး ဟက်တာ ၄၇ဝဝဝ စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ဆီထွက်သီးနံှ စုစုပေါင်း စိုက်ပိုျးမှုဟက်တာ ၄၉ ဒသမ ၆ သိန်းနဲ့ ပြောင်းစိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၅၆ သိန်း ရှိပြီလို့ သိရပါတယ်။ ယမင်းခင်၊ှSources: commodityonline

Tuesday, 23 Nov 2010

မန်းဈေးကွက်မှာ အသစ်အဟောင်း အရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ်    ပဲတီစိမ်းကို မန်းဈေးကွက်တွင် တရုတ်ဝယ်လိုအားက အများဆုံးဖြစ်နေပြီး ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ကလည်း ဝယ်ယူနေကြပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေက ဈေးသိပ်မကျဘဲ ဈေးမာပြီး ရောင်းဝယ်အားကောင်းနေပါတယ်။ မကွေး၊ အောင်လံဒေသများက ပဲတီစိမ်း အသစ်များ အနည်းငယ်ဝင်ရောက်လာပြီဖြစ်သလို ဈေးကွက်အတွင်းက ပစ္စည်းလက်ကျန်တွေနဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အရည်အသွေးနိမ့်ပစ္စည်းတွေကို ပဲခွဲစက် လုပ်ငန်းရှင်များက အများဆုံး ဝယ်ယူနေတဲ့အတွက် ရောင်းဝယ်အားကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းထိပ်စတစ်ပိဿာ ၁၅၁၁ ကျပ်၊ အလတ်စ ၁၄၈၅ ကျပ်၊ အောက်စ ၁၃၃၃ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပြီး တစ်ပတ်အတွင်း တရုတ်သို့ ၁ဝ၅၆ တန် ရန်ကုန်သို့ ၅၉ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး 

Tuesday, 23 Nov 2010

ပြည်ဈေးကွက်မှာ အဝင်များသလို ဈေးဆက်မြင့်       ပြည်ဈေးကွက်သို့ ဒေသတွင်းရှိ မြို့နယ်အစုံမှ ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီး၊ အောင်လံ၊ မင်းတုန်းမြို့နယ်များမှ အဝင်များရှိသလို ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်မှလည်း နေ့စဉ်အိတ် ၅ဝဝ- ၆ဝဝ ခန့် အဝင်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်မြို့သို့ အိတ် ၂၁၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ တတိယပတ် အတွင်းမှာ တော့ တစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ သိသိသာသာ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။          ခင်ဆွေဝင်း 

Tuesday, 23 Nov 2010

မုံရွာပဲတီအဝင်နည်းပေမဲ့ မန္တလေးအဆွဲ ပုံမှန်ရှိနေ             မုံရွာကုန်စည်ဒိုင် နိုဝင်ဘာဒုတိယ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီး ဈေးကွက်အနေနဲ့ နယ်ပစ္စည်းအဝင်ပါးလာပေမဲ့ မန္တလေးဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းကြီး ဈေးအနေနဲ့ အောက်စတစ်တင်း ၂ဝဝဝဝ ကျပ်မှ ၂၁ဝဝဝ ကျပ်၊ ထိပ်စတစ်တင်း ၂၆၅ဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်အတွင်း ဈေးငြိမ်နေပြီး မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်အိတ် ၄ဝဝ မှ ၅ဝဝ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို ပဲတီစိမ်းကြီး တင်း ၂၅ဝဝ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။                                                                                          ထွန်းလှိုင် 

Tuesday, 23 Nov 2010

 နယ ်စပ် အရောင်းအဝယ်ပုံမှန်ဖြစ်      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ကလည်း ၈၃၉ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ပဲတီစိမ်းမှာအရောင်းအဝယ်မှာပုံမှန်ဖြစ် လျက်ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်မှုက ၂၄၄ တန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၃ဝ၇ သန်းဖိုးတင်ပို့ နိုင်ခဲ့သေးတယ်လို့သိရပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးများမှ ထွက်ရှိတဲ့ ပဲတီစိမ်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေခြင်းဖြစ်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ယခုအပတ်မှာ မိမိဖက်မြေပြင်ပေါက်ဈေးဟာ ကျပ် တစ်သိန်းကျော်မြင့်တက်လျက်ရှိသလို တစ်ဖက်နိုင်ငံပေါက်ဈေးမှာလည်း ယွမ် ၂ဝဝ ဒေါ်လာအားဖြင့် ၂ဝ ဒေါ်လာမြင့် တက်လျက်ရှိတယ်လို့သိရပါတယ်။ ယခု အပတ်နဲ့ယခင်အပတ် နယ်စပ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                                   မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု             ယခင်         ပြောင်းလဲမှု    ရာခိုင်နှုန်း    ယခု       ယခင်       ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း     ၁၁၁၈ဝ၈၈       ၁ဝဝ၉၂၄၇        ၁ဝ၈၈၄၁        ၁ဝ       ၁၂၄၇        ၁၂၁၇         ၃ဝ            ၂MIRT (DOBT)

Tuesday, 23 Nov 2010

ဒီတစ်ပတ် ပင်လယ်ရေကြောင်းအပို့ တန် ၅ဝဝ သာရှိ          ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂ဝဝဝ ဝန်းကျင်ရှိခဲ့ပေမဲ့ နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန် ၅ဝဝ သာ တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်များ ဈေးမြင့် ပေးမဝယ်နိုင်တာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် တင်ပို့မှု နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ် ဘက်ကတော့ ဈေးကွက်ကို အနည်းငယ်စဝင်လာပြီဖြစ်တဲ့ ပဲတီစိမ်းအသစ်များကို အရည်အသွေးအလိုက် ဈေးပေး ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲတီစိမ်း(အညာ) FAQ  တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ၊ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ- ၁၂၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT @

Pages