Main menu

Background

Thursday, 7 Aug 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ မြို့နယ်သည် ပင်လယ်ကမ်းခြေ ဒီရေတောများနှင့် နီးစပ်မှုရှိသည့်အတွက်    ကဏန်းမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိသည်။ ကဏန်းများ ကြိုက် နှစ်သက်မှုရှိသော ရေချို၊ ရေငန်စပ်  ကမ်းခြေနှင့် နီးစပ်မှုရှိသော လပွတ္တာမြို့နယ်အတွင်းရှိ ကျောက် ဖြူကျေးရွာ၊ သင်္ဃန်းကြီးကျေးရွာ၊ မိချောင်းအိုင် ကျေးရွာနှင့် ငပုတောမြို့နယ်အတွင်းရှိ အချို့ ကျေးရွာများတွင် ကဏန်း‌များကို စနစ်တကျမွေးမြူ ၍  ပြည်ပနိုင်ငံများသို့   တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်၊

Thursday, 7 Aug 2025

မအူပင်ခရိုင် မအူပင်မြို့နယ်များတွင် သစ်စိမ်းမြေသြဇာSunn Hemp စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင်အနေဖြင့် သစ်စိမ်းမြေ သြဇာ စုစုပေါင်းစိုက်ဧက ၄၄၀ဝ ရှိပြီး  ပန်းတနော်တွင် ၁၃၅၀ ဧက ညောင်တုန်းမြို့နယ်တွင်ဧက ၁၄၅၀၊ ဓနုဖြူမြို့နယ် တွင်ဧက၁၆၀ဝ စိုက်ပျိုးကြောင်း သိရသည်။   ကြီးထွားနှုန်းမြန်သော သဘာဝသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေး နိုင်ပြီး မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်သည်။ 
သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း

Thursday, 7 Aug 2025

ရှေးခေတ်အခါက ဒွတ္တပေါင်မင်းကြီးသည် စစ်တိုက်ထွက်ပြီး ပြန်လာရာတွင် ပန်ထွာမင်းသမီး၏ တိုင်းပြည်သို့ တစ်ညဝင်အိပ်ခဲ့ရာ ပန်ထွာမင်းသမီးသည် မင်းကြီးအား ဘုန်းကံနိမ့်စေရန် မီးနေသည် ထမီနှင့်ရက်လုပ်ထားသည့် မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ရန် ဆက်သခဲ့ရာ  မင်းကြီးသည် ဆက်သခဲ့သည့် မျက်နှာသုတ်ပဝါကို သုတ်လိုက်သည့်အခါ ဘုန်းကံနိမ့်ပြီး နဖူးမှ မှည့်ရှင်မှာ ကွယ်ပျောက် သွားခဲ့သည်။ မင်းကြီးသည် အပြန်လမ်းတွင်  မိုးရွာသည့်အတွက် တရော်ပင်အောက်သို့ မိုးဝင်ခိုခဲ့ရာ တရော်အရည်များသည် မင်းကြီး ၏ ဦးခေါင်းထက်သို့ စီးကျလာသဖြင့် မှဲ့ရှင်ပြန်ပေါ်လာပြီး  ဓားလှံ လက်နက်များလည်း အရောင်ထွက်ခဲ့ကြောင်း အစရှိသည့် မြန်မာ့ သ

Thursday, 7 Aug 2025

Rambutan ဟု အမည်ရှိသော ကြက်မောက်သီးပင်သည်Sapindaceae မျိုးနွယ်ပင်ဖြစ်ပြီး အပူပိုင်းဒေသတွင် ကောင်းစွာ ဖြစ် ထွန်း၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။အပင်၏ ပုံစံ က Christmas သစ်ပင်နှင့်ဆင်တူပြီး အရွက်အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက် အသီးသီးလေ့ရှိသည်။ ကြက်မောက်သီး၏ ပုံသဏ္ဌာန် မှာ အတန်ငယ်လုံးဝန်းသော ကြက်ဥပုံဖြစ်၍  အမွေးရှည်လေးများ ဖုံးအုပ်ထားသော   ကြက်မောက်သီးအခွံသည်  ရင်မှည့်ပါက အနီ ရောင်ရှိသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို သရေစာအဖြစ် သာ အစားများလေ့ရှိသည်။ ကြက်မောက်သီးယို၊ သီးစုံဒိုဖိနို၊ သံဘူး စသည်ဖြင့်လည်း စားသုံးနိုင်သည်။ မြန်မာပြည် ရေမြေ ရာသီဥတု ပေါ်မူတည်၍ ကြက်မောက်ပ

Thursday, 7 Aug 2025

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိ်ုင်ငံ ၏ တောင်ဘက် အကျဆုံးတိုင်းဒေသကြီး တစ်ခု ဖြစ်ပြီး တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ ပေါများကာ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ အရှေ့ဘက်တွင် တနင်္သာရီ တောင်တန်းနှင့် ဆက် စပ်လျက်ရှိသည်။   ကမ်းရိုးတန်းလွင်ပြင်  ကျဉ်း မြောင်းကာ တနင်္သာရီတောင်တန်းသည် ကမ်းရိုးတန်းနှင့်အပြိုင်တည်ရှိနေသည်။ ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်တို့မှာ ရေဝေကုန်းတန်း (ျွှအေနမ ှ့နနအ)အဖြစ် တည်ရှိသဖြင့် ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်များသည် တိုင်းဒေသကြီး အမြင့်ပေ ၅၀ အောက်  နိမ့်ဆင်းသွားသော ပင်လယ်ဒီရေ ရောက်ရှိရာ ဒေသများဖြစ်ကြသည်။ 

Monday, 4 Aug 2025

ပခုက္ကူမြို့နယ်တွင်  ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး  ယခုအခါ စက်ရက်ကန်း များပါ သုံးစွဲလာကြသည်။ ရက်လုပ်သော အထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိုး၊ လက် သုတ်ပဝါ၊  မျက်နှာသုတ်ပဝါ၊  စောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ကြောင်း သိရသည်။ 
ယခုအခါတွင် လက်ရက်ကန်းများအပြင် စက်ရက်ကန်း များကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန်ခေါက် ချိုးစောင်များကို ရက်လုပ်မှု ပိုမိုများပြားလာကြောင်း သိရှိရ သည်။

Monday, 4 Aug 2025

လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်များသည် ပင်လယ် ရေငန်ငါးတစ်မျိုးဖြစ်ပြီး အရိုးနုများနှင့် ဖွဲ့စည်းထား ရှိသည်။ ဝိုင်းဝိုင်းပြားပြားလေးများဖြင့် အမြီးများမှာ အချွန် လေးဖြစ်နေလျက်ရှိသည်။ ရှေးကျပြီး သက်တမ်းရှည်သော ငါးတစ်မျိုးလည်းဖြစ်ကြောင်း သိရှိရသည်။ 

Monday, 4 Aug 2025

မင်းကွတ်သီး
မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့မဈေးကွက်တွင် ဈေးကောင်းရရှိပြီး စားသုံးသူ များပြားသော  ဒေသစာ၊ ရာသီစာဖြစ်သော မင်းကွတ်သီးများ  ယခုနှစ်အတွင်း အရောင်းအဝယ်ကောင်း၊  အထွက်နှုန်း ကောင်းကြောင်း သိရှိရသည်။မင်းကွတ်သီး ဈေးနှုန်းများမှာ ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိပြီး အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ 

Monday, 4 Aug 2025

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် နတ်မော်တိုက်နယ် သိမ်ကုန်း ကျေးရွာရှိ တောင်သူများသည် လယ်ယာလုပ်ငန်း အပြင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဘေ ထုပ်ကြိုးများကို လူအသုံးအဆောင်ပစ္စည်း များ ပြုလုပ်၍ ရောင်းချခြင်းကို ဆောင်ရွက်လျက် ရှိကြသည်။  သိမ်ကုန်းရွာသည် အိမ်ခြေ ၂၀ဝ ကျော်ရှိပြီး  အိမ်ခြေ ၈၀ ခန့်သည် အဆိုပါ အိမ် တွင်းမှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အဆိုပါအိမ် တွင်းလက်မှုလုပ်ငန်းလေးများသည်MSME လုပ် ငန်းများ တိုးတက်ပြန့်ပွားစေရေးအတွက် အခန်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိသည်။

Monday, 4 Aug 2025

ဇူလိုင်လ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ် ဘားအံ မြို့ပေါ် ဈေးများတွင် ရေချိုငါးတစ်မျိုးဖြစ်သည့်  ငါးသစ်တုံးငါးများ ဈေး ကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

Pages