Background
ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးဟူ၍ မြန်မာ့ယဉ် ကျေးမှုနယ်ပယ်တွင် ပန်းပညာဆယ်မျိုးကို ရှေးဘိုးဘွားများက မှတ်တမ်းတင်ထားခဲ့ကြသည်။ ပန်းပညာဆယ်မျိုးမှာ ပန်းပဲ၊ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ဖြစ်ကြသည်။
၀ါးပင်
ဝါးပင်သည် ဥရောပတိုက်မှအပ အရှေ့အာရှ တိုက်နှင့် တောင်အာဖရိကတိုက်များတွင် ပေါများ စွာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးပင်သည် သဘာဝပေါက်ပင်အဖြစ် အလယ်ရိုးမ၊ ပဲခူးတိုင်း၊ အနောက်ရိုးမ၊ ရခိုင်ပြည်နယ်၊ ရှမ်းကုန်း ပြင်မြင့်၊ အထက် ချင်းတွင်းခရိုင်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးတွင် ပေါများစွာ ပေါက် ရောက်သည်။
ဝါးအမျိုးအစားများ
တည်သီးသည် အမျှင်ဓာတ်များစွာ ပါဝင်ပြီး ဗညအငသထငိနညအ ြွကယ်ဝပြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ရုံသာမက အမြင်အာရုံကိုအားကောင်း စေပြီး မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ထို့ပြင် တည်သီးတွင် ဂလူးကို့စ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ြွကယ်ဝစွာ ပါဝင်သည့် အတွက် အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံ စွမ်းအားကို အထောက်အကူဖြစ်စေပါသည်။
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုး ရေးကို အခြေခံသော မြို့တစ်မြို့ဖြစ်သည်။ စိုက်ပျိုး ရေးလုပ်ငန်းအတွက် အခြေခံကောင်းများ ရှိသလိုMSMES လုပ်ငန်းများလည်း တစ်စထက်တစ်စပိုမို ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ယခုတစ်ပတ်တွင် ဓနုဖြူမြို့နယ် ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေ တော် နှမ်းလုံးနှင့်မြေပဲလုံးအကြောင်းကို မိတ်ဆက် ပေးချင်ပါတယ်။ ဓနုဖြူမြို့နယ် ဇကာကြီးမြို့ကွက်သစ်ရှိ ဦးဆန်းဝင်း၏ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံး လုပ်ငန်းခွင်သို့ ၂၀၂၃ခုနှစ် အောက်တိုဘာ ပထမ ပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ကွင်း ဆင်းလေ့လာစိစစ်ခဲ့သည်။MSMES
မြန်မာလူမျိုးများသည် ဟင်းလျာချက်ပြုတ်စားသောက်ရာတွင် ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး ရသာ ခြောက်ပါး ပါဝင်အောင် ချက်ပြုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ချင်း၊ နနွင်း၊ ငရုတ်သီးမှုန့် (အကြမ်း မှုန့်၊ အနုမှုန့်)တို့သည် မပါမဖြစ် မီးဖိုချောင်သုံး စားသောက် ကုန်ပစ္စည်းများ ဖြစ်ကြသည်။ ရှေးယခင်က မြန်မာလူမျိုးများသည် ချင်း၊ နနွင်း၊ ငရုတ် သီးများကို ကိုယ်တိုင်စိုက်ပျိုးပြီး လက်ကြိတ်ဆုံများ ဖြင့် အမှုန့်ကြိတ်သည့်အဆင့်မှ အချိန်ကာလပြောင်းလဲလာသည်နှင့် အမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီး စက်ကိရိယာများဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အမှုန့်ကြိတ်ခွဲ ထုတ်လုပ်လာ ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီး မှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူ ဇာကျော်(ဒု-ဦးစီးမှူး)သည် ပြည်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီ လဝန်းပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ သည်။
မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ မွန် ပြည်နယ်အတွင်း မြို့နယ် ၁၀မြို့နယ်တွင် မြို့နယ် အားလုံး၌ ကျွဲကောသီး ခြံ စိုက်ပျိုးကြသည်။ ၎င်းမှအများဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက် ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊မုဒုံ၊ ရေး၊ ခေါစာမြို့နယ်တို့၌ ကျွဲကောသီး အများဆုံးထွက်ရှိသည်။ ကျွဲကောသီး(အဖြူရောင်)နှင့် ကျွဲကောသီး (ပန်းရောင်)ဟူ၍နှစ်မျိုးရှိသည်။ ကျွဲကောသီးကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ လှိုင်လှိုင်ပေါ၍အသီးထွက်ကောင်းချိန်ဖြစ်ခူးဆွတ် ရောင်းချကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးဆိုလျှင် အထွက်နှုန်းကောင်း၊ ရောင်းအားကောင်း၊ စားသုံးသူများ အကြိုက်တွေ့၍
ယခုတစ်ပတ်တွင် မုန့်ဟင်းခါးကြိုက်သော မြန်မာ လူမျိုးများအတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်နှင့် မိတ်ဆက်ပေးလိုပါသည်။ ငါး၊ ကုလားပဲ၊ ငါးဖယ်ခြစ်၊ ချင်း၊ စပါးလင်၊ ငရုတ်သီး မှုန့်၊ ငရုတ်ကောင်း၊ မြေပဲ၊ ငါးငံပြာရည်တို့ကို အချိုးကျ ပေါင်း စပ်ထားပြီး အသင့်စား အစားအစာပြုလုပ်ရန်အတွက် ခြောက်နေအောင်လုံးထားပြီး လင်ပန်းထဲထည့်၍ ပန်ကာ လေဖြင့် သင့်တော်သော အနေအထားတွင် ရိုးရိုးအိတ် မဟုတ်ဘဲ လေစုပ်အိတ်ထဲသို့ထည့်၍ အသေအချာ ထုပ်ပိုး ထားရှိပါသည်။ စားသုံးသူများက အသေအချာ ထုပ်ပိုးထား သော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်ကို အညွှန်းပါ အတို
မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုး နွယ်စု၁၃၅မျိုးရှိရာ တိုင်းရင်းသား လူမျိုးများအလိုက် ကိုယ်ပိုင်ယဉ် ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေများကို အမြတ် တနိုးတန်ဖိုးထား နေထိုင်ကြသည် ကိုတွေ့ရှိရမည်ဖြစ်သည်။ နေထိုင် ရာဒေသ မတူညီသည့်အပြင် ကိုး ကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာ လည်း မိမိတို့၏ရိုးရာသင်္ကေတများအလိုက် ကွဲပြားခြားနားသွားသည် ကို တွေ့ရှိရမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူ မြို့၊ အမှတ်(၂၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ဘေးရှိ ထိပ်တန်း၊ ငါးရှဉ့်ပွဲရုံသည် ၁၉၉၇ ခုနှစ်က တည်းက လုပ်ငန်းစတင်တည်ထောင်ပြီး ငါးရှဉ့် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင် ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေသည်။