Background
တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြသည်။ တောင်ပို့မှိုဟုဆိုသည့် အတိုင်း ခြကောင်ရှိသော တောင်ပို့နေရာတွင် နွေအကုန် မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်သည်။ တောင်ပို့မှိုသည် ဈေးကောင်းသော အစားအစာတစ်မျိုးဖြစ်သည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ရကြောင်းလည်း သိရှိရသည်။ စိုက်ပျိုးနည်းမှာ ပါဝင် ပစ္စည်းသုံးမျိုးသာရှိပြီး မိမိပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းမျာကို များသောအားဖြင့် ဖယောင်းပန်းဟုခေါ်ဆိုကြပြီး ပင်းတယရွှေဝါအမည်ဖြင့်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဈေးကွက် တွင် ဖယောင်းပန်းများ ဝင်ရောက်လျက်ရှိသည်။ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းကို ရှမ်းပြည် နယ်(တောင်ပိုင်း)တွင် အဓိကစိုက်ပျိုးသောဒေသများမှာ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီး၊ ရွှေညောင်၊ ဟိုပုံး စသည့်ဒေသများတွင် စိုက်ပျိုးလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ပွင့်သော ပန်းအမျိုး အစားဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာ နှင့်မြို့မရွာတို့တွင် စီးပွားဖြစ်ရက်ကန်းစင်များရှိသကဲ့သို့ တစ်ပိုင်တစ် နိုင် ကိုယ်ပိုင်ရက်ကန်းစင်များရှိကြောင်းသိရသည်။ ရှေးယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့် ထင်ပေါ်ကျော်ကြားခဲ့သော ကျေးရွာများ ဖြစ်သည်။ ရွှေတောင်မြို့နယ် ကျီးသဲနှင့်မြို့မကျေးရွာတို့မှ ထွက်ရှိ သော စည်းလုံချည်သည် အထူးနာမည်ရသော အဝတ်အထည်ဖြစ် သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ပေါင်းလောင်းတိန်ကျေးရွာတွင် ပဲတောင့်ရှည်များ စိုက်ပျိုးထားကြသည်။ ထိုကျေးရွာတွင် နွေစပါးနှင့် မတ်ပဲတင်မကဘဲ အသီးအရွက်များစွာကို တစ်ရွာလုံးနီးပါး စိုက်ပျိုး ကြသည်။ ထိုသို့စိုက်ပျိုးကြသည့်သီးနှံများတွင် ယခုအချိန်ဈေးကွက်၌ ဈေးကောင်းရရှိနေသည့် ပဲတောင့်ရှည်များကိုလည်း စိုက်ပျိုးထားကြ သည်။ ပဲတောင့်ရှည်ကို စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် ပဲမျိုးစေ့ ၂၅ ထုပ် စိုက်ပျိုးရသည်။
မြန်မာနိုင်ငံတွင် အိုးလုပ်ငန်းကို ရှေးနှစ်ပေါင်း ၅၀ဝ ခန့်က စတင်လုပ်ကိုင်လာကြကြောင်း သိရသည်။ ရှေးယခင်ခေတ်များက အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် ဝါးဆစ်ဘူး နှင့် ကျောက်ခွက်များတွင်ထည့်၍ စားသောက်ကြရာ နောက်ပိုင်း တွင် မြေကြီးဖြင့်အိုးကို တီထွင်ဖန်တီးခဲ့ကြသည်။ အိုးသည်လူတို့ အဖို့ အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် မရှိ မဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။ ယခုမျက်မှောက်ကာလ တွင် ဒန်အိုး၊ သတ္တုအိုးများ ပေါ်လာသော်လည်း မြန်မာလူမျိုးများ သည် မြေအိုးကို လက်မလွှတ်ကြသေးဘဲ ထမင်း၊ ဟင်းချက်ပြုတ် ခြင်း၊ ရေနွေးအိုးကျိုခြင်းများကို ပြုလုပ်ကြသည်။ မြန်မာလူမျိုး များသည် ယခုအချိန်အထိ သ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ ငွေလှံ အိုးကုန်းရပ်ကွက် နိုင်နိုင်ကျော်ပွဲရုံတွင် ငုသီးအတောင့် အမှည့် တစ်ပိဿာလျှင် ကျပ် ၈၀ဝ ဖြင့် ဝယ်ယူနေသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်သော ငုပင်များရှိသကဲ့သို့ သီးသန့်စိုက်ပျိုးထားသည့် ငုပင်များလည်း ရှိသည်။ နိုင်နိုင်ကျော်ပွဲရုံသို့ ဒေသအနှံ့မှ တင်ပို့ရောင်းချရာ တစ်ရက်လျှင် ပိဿာ ၄၀ဝ ခန့် ဝယ်ယူရကြောင်း ၊ ဖေဖော်ဝါရီလမှစ၍ မေလအထိ ပုံမှန်ဝယ်ယူရကြောင်း သိရသည်။
မအူပင်ခရိုင်သည် ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ ငါး၊ ပုစွန်နှင့်သဘာဝသယံဇာတများ ထွက်ရှိပြီး ဒေသထွက် ကုန်မျိုးစုံဖြစ်သည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရုံသာမက တစ်မူထူးခြား စိတ်ဝင်စားစရာကောင်း သော အုန်းချိုမွှေး (အရည်သောက်) စိုက်ပျိုးရေးခြံ၏ ရည်မှန်းချက်နှင့် ဈေးကွက်အနေအထားကို ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဖုန်းဆိုး တောင် ကျေးရွာအုပ်စုရှိ ဦးဇော်မင်းဦး (Alloy Co,Ltd.) က ယိုးဒယားအုန်းချိုမွှေး စိုက်ပျိုးထားရှိ အကောင်အထည်ဖော်မှုအား လေ့လာသိရှိခဲ့ရသည်။
ပန်းတမော့ အတတ်ပညာကို ယခုခေတ်တွင် “ကျောက်ဆစ် ပညာ”ဟုခေါ်ကြသည်။ “ပန်”သို့မဟုတ် “ပန်း”ဟုခေါ်ခြင်းမှာ လှပအောင်ပြုသော အနုပညာကို တင်စား၍ခေါ်သော မြန်မာစကား ရိုးရိုးပင်ဖြစ်သည်။ “တမော့”မှာ မွန်စကား“ကျောက်”ကို ခေါ်သည်။ “ပန်းတမော့” မှာ ကျောက်ကိုလှပအောင် ထွင်းထုပြုလုပ်မွမ်းမံခြင်း အဓိပ္ပာယ်ဖြစ်သည်ဟု ရှေးသုတေသီတို့ ယူဆခဲ့ကြသည်။
ဆူးပုပ်ရွက်တွင် အာဟာရဓာတ်များစွာရှိပြီး ပါဝင်သည့် အာဟာရများမှာ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ ဖောစဖရိတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ အမျှင်ဓာတ်နှင့် သံဓာတ်တို့ပါဝင်သည်။ ဆူးပုပ်ရွက်အား ပဲကြီးဟင်းချိုထဲတွင် ထည့်ချက်လေ့ရှိပြီး ဘဲဥနှင့် ဆူးပုပ်ရွက် ခေါက်ကြော် စားသောက်ကြသည်။ ဆူးပုပ်ရွက်သည် ထမင်းစားဝိုင်းတွင် အရံဟင်းလျာအဖြစ်သာ စားသောက်ရုံသာမက ကိုယ် ခန္ဓာအတွက်လည်း ဆေးဖက်ဝင်သည့် အပင်တစ်မျိုးဖြစ်သည်။ ဆူးပုပ်ပင်တွင် ကယ်ဆီယမ်ဓာတ် ပါဝင်သောကြောင့် သွားနှင့်ခံတွင်း ကျန်းမာစေသည်။ သွားဖုံးသွေးယိုခြင်းနှင့် ခံတွင်း၌ရှိသော ပိုးများကို သေစေနိုင်သည်။ ဆူးပုပ်ရွက် အရင်းကိုင်းများအား ကြိတ်ပြီး သောက်လျှင် ပန
ကယားပြည်နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်တည်ရှိပြီး လာရောက်လေ့လာသူ အနည်း ဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများ ပေါများပြီး သီးနှံမျိုးစုံကြီးထွားမှုအတွက် အထောက်အကူဖြစ်စေသော မြေသြဇာ ကောင်းသည့် မြေများကြောင့် လူသိများသည်။ ထိုဒေသတွင် နေထိုင်သူများအတွက် အဓိက စားနပ်ရိက္ခာဖြစ်သည့် ဒေသငှက်ပျောသီးအပါအဝင် ထူးခြားသော သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်မျိုးစုံနေထိုင်ရာနေရာ ဖြစ်သည်။ ဒေသတွင် ပေါများသော သီးနှံ တစ်မျိုးမှာ သေးငယ်ပြီး ချိုမြိန်သော အာဟာရတန်ဖိုးနှင့် ဘက်စုံသုံးအတွက် အလွန်တန်ဖိုးရှိသည်။ ဒေသထွက် သီးနှံတစ်မျိုးမှာ ကယားပြည်နယ် ဒေသထွက် ငှက်ပျောသီးများဖြစ်သည