Background
မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ မွန် ပြည်နယ်အတွင်း မြို့နယ် ၁၀မြို့နယ်တွင် မြို့နယ် အားလုံး၌ ကျွဲကောသီး ခြံ စိုက်ပျိုးကြသည်။ ၎င်းမှအများဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက် ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊မုဒုံ၊ ရေး၊ ခေါစာမြို့နယ်တို့၌ ကျွဲကောသီး အများဆုံးထွက်ရှိသည်။ ကျွဲကောသီး(အဖြူရောင်)နှင့် ကျွဲကောသီး (ပန်းရောင်)ဟူ၍နှစ်မျိုးရှိသည်။ ကျွဲကောသီးကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ လှိုင်လှိုင်ပေါ၍အသီးထွက်ကောင်းချိန်ဖြစ်ခူးဆွတ် ရောင်းချကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးဆိုလျှင် အထွက်နှုန်းကောင်း၊ ရောင်းအားကောင်း၊ စားသုံးသူများ အကြိုက်တွေ့၍
ယခုတစ်ပတ်တွင် မုန့်ဟင်းခါးကြိုက်သော မြန်မာ လူမျိုးများအတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်နှင့် မိတ်ဆက်ပေးလိုပါသည်။ ငါး၊ ကုလားပဲ၊ ငါးဖယ်ခြစ်၊ ချင်း၊ စပါးလင်၊ ငရုတ်သီး မှုန့်၊ ငရုတ်ကောင်း၊ မြေပဲ၊ ငါးငံပြာရည်တို့ကို အချိုးကျ ပေါင်း စပ်ထားပြီး အသင့်စား အစားအစာပြုလုပ်ရန်အတွက် ခြောက်နေအောင်လုံးထားပြီး လင်ပန်းထဲထည့်၍ ပန်ကာ လေဖြင့် သင့်တော်သော အနေအထားတွင် ရိုးရိုးအိတ် မဟုတ်ဘဲ လေစုပ်အိတ်ထဲသို့ထည့်၍ အသေအချာ ထုပ်ပိုး ထားရှိပါသည်။ စားသုံးသူများက အသေအချာ ထုပ်ပိုးထား သော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်ကို အညွှန်းပါ အတို
မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုး နွယ်စု၁၃၅မျိုးရှိရာ တိုင်းရင်းသား လူမျိုးများအလိုက် ကိုယ်ပိုင်ယဉ် ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေများကို အမြတ် တနိုးတန်ဖိုးထား နေထိုင်ကြသည် ကိုတွေ့ရှိရမည်ဖြစ်သည်။ နေထိုင် ရာဒေသ မတူညီသည့်အပြင် ကိုး ကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာ လည်း မိမိတို့၏ရိုးရာသင်္ကေတများအလိုက် ကွဲပြားခြားနားသွားသည် ကို တွေ့ရှိရမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူ မြို့၊ အမှတ်(၂၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ဘေးရှိ ထိပ်တန်း၊ ငါးရှဉ့်ပွဲရုံသည် ၁၉၉၇ ခုနှစ်က တည်းက လုပ်ငန်းစတင်တည်ထောင်ပြီး ငါးရှဉ့် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင် ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေသည်။
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်နေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အပြင် ပင်လယ်နှင့် နီးကပ်လျက်ရှိသော ကမ်းခြေဒေသမှထွက်ရှိသည့် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ကဏန်းများကိုလည်း မွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်း များကို ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်း တင်ပို့လျက်ရှိနေသည်၊ ကဏန်းကောင်များ သည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာ များတွင်လည်း တွေ့ရှိနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး ငပု တော၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေ
မွန်ပြည်နယ်၊မော်လမြိုင်မြို့အတွင်းစက်ချုပ်ပညာဖြင့် အသေး စား အထည်ချုပ်လုပ်ငန်းကို မိမိတို့အိမ်၌အလုပ်ရုံသဖွယ် စီမံဆောင် ရွက်လျက် စီးပွားရေးလုပ်ငန်း အထည်ချုပ်လုပ်ငန်းများရှိသည်။ ထိုအထည်ချုပ်လုပ်ငန်းကို အမျိုးသမီးများက ဦးဆောင်၍ လုပ်သား များ ခန့်အပ်ပြီး လုပ်ကိုင်နေသူများဖြစ်ကြသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လှိုင် ရပ်ကွက်တို့တွင် အထည်ချုပ်လုပ်ငန်းခုနစ်ခုရှိသည်။ စက်ချုပ်ပညာ သည် လူတို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့်အညီ ဖန်တီး ဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီးများဘဝ၏ အသက်မွေးဝမ်းကျောင်း အတွက် လွန်စွာကောင်းမွန်သည့် အတတ်ပညာရပ်တစ်
မြန်မာနိုင်ငံသည် တောတောင်ရေမြေ ရာသီဥတုအနေ အထား ကောင်းမွန်ပြီး စိုက်ပျိုးမြေ ပြွေါကယ်ဝသည့်အလျောက် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါး ကျီတစ်ခုဖြစ်ပြီး ရွှေဘိုခရိုင်အား ဆန်စပါးစိုက်ပျိုးမှု၌ စစ်ကိုင်း တိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် တင်စားနိုင်သည်။ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၌ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ် စုစုပေါင်း ခြောက်မြို့နယ်ရှိပြီး ၎င်းမြို့နယ် ခြောက်မြို့နယ်၏ သဖန်းဆိပ်ဆည် ရေသောက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိ
မြန်မာလူမျိုးများသည် ကုလားပဲကို ပြုတ်စားခြင်း၊ ကြော်စား ခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ဟင်းလျာအမျိုးမျိုးအဖြစ် စားသုံးကြသည့်အပြင် ကုလားပဲကို အမှုန့်ကြိတ်ပြီး တို့ဟူးအစို၊ တို့ဟူးအခြောက် ပြုလုပ်ရာ၌ လည်းကောင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲချက်ရာ၌ လည်း ကောင်း၊ မုန့်တီ၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက် စသည်တို့ကို အသုပ်စုံများပြုလုပ်ရာ၌ လည်း ကောင်း ထည့်၍စားသောက်ကြသည်။
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာသုံးစွဲမှု မြင့်မားလာသဖြင့် သစ်တောများ ပြုန်းတီးလာပြီး ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်း များကို ကာကွယ်ရန်၊ သစ်တောများ မပြုန်းတီးရေး နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သစ်တောနှင့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ထင်းအစားထိုး လောင်စာတောင့်များ၊ထင်းမီးသွေး အစားထိုး လောင်စာတောင့်များအဖြစ် ထုတ်လုပ် သုံးစွဲကြရန် လိုအပ်လာပါသည်။ သစ်တောများ ပြုန်းတီးလာသည်နှင့်အမျှ ကမ္ဘာကြီးပူနွေးလာ သည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၏ အကျိုးဆက်များ အဖြစ် ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ ဖြစ် ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ အက်
မြန်မာလူမျိုးများ၏ အိမ်သုံးပစ္စည်းများအနက် အခင်းအဖြစ် အသုံးပြုသော ဖျာအမျိုးမျိုးရှိရာ သင်ဖြူးဖျာ၊ ဝါးနှီးဖျာ၊ ပလတ် စတစ်ဖျာများ စသည်ဖြင့် အကြမ်း/အနု အမျိုးမျိုးကို သုံးစွဲကြ သည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာများကို အများ အပြား ရက်လုပ်ကြပြီး မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ သင်ဖြူးဖျာ ရက်လုပ်ခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဝါးနှီးဖျာများ ကိုရက်လုပ်ခြင်းများရှိသည့်အနက် ကန့်ဘလူမြို့နယ် ဝါးနှီးဖျာ အိမ်တွင်းမှုလုပ်ငန်းအကြောင်း တင်ပြလိုက်သည်။ ကန့်ဘလူမြို့နယ် သပြေသာကျေးရွာသည် အိမ်ထောင်စု ၂၅၀ခ