Background
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ် အင်ပင် မြို့နှင့် ထူအင်းတွင် သဘာဝသစ်ဆွေးမြေ ဧရိယာ ဟက်တာ ၅၀ဝ ကျော် ရှိပြီး အဆိုပါ သစ်ဆွေးမြေ၏ ပတ်ဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများတွင် စိမ့်စမ်းများရှိသည့်အတွက် နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်းသီး၊ မင်းကွတ်၊ ကြက်မောက်၊ အုန်းပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသ တစ်ခုဖြစ်ပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြသည်။
မြို့နယ်အတွင်း နနွင်းများကို မေနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တစ်ဧက မျိုးအနေဖြင့် နနွင်းတက် ၁၅ တင်းစိုက်ပျိုးပြီး နနွင်းခေါင်း စိုက်ပျိုးပါက ၃၀-၃၅တင်း စိုက်ပျိုးရကြောင်း၊ နနွင်းတက်မျိုးတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဈေးရှိ ပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစု ပေါင်း၂၅ သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်း တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်နှင့် ငရုတ် သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိပြီး လူအသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ရက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိသည်။ခရိုင်အတွင်း ဝါ ကို ၅၇၆၁ ဧက စိုက်ပျိုး ခဲ့ပြီး မြစ်သားမြို့နယ်တွင် ချည်မျှင်ရှည်ဝါ ၄၁၆၁ ဧက စိုက်ပျိုး မှုရှိကြောင်း ဇွန်လ တတိယပတ်မှစတင်၍ ဝါများ စတင် ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၏ ကြက်သွန်နီ စိုက်ပျိုး ရာ ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်း စိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေး၊ ညောင်ဦးခရိုင် အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်လျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ်နေ ပြီး တစ်ရက်လျှင် ကုန်ချိန် ပိဿာ ၈၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀ အထိ အရောင်းအဝယ် ဖြစ်သဖြင့် ယခင်ပတ်ထက် ကုန်ဝင်ရောက်မှုမှာ များလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင်သည် မိုးစပါး ရိတ်သိမ်းပြီးနောက် သီးထပ်၊ သီးညှပ်အဖြစ် ပဲပုပ် ကို အဓိကထားစိုက်ပျိုးကြသည်။ ပဲပုပ်ကို ဆောင်း သီးနှံအဖြစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ တွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတို့တွင် ရိတ် သိမ်းကြသည်။
မေလသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ရာသီ ပေါ်သီးနှံ တစ်မျိုးဖြစ်သည့် လိုင်ချီးသီး(ခေါ်) တရုတ်ဆီးသီးများ လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်သည်။ ဒေသခံပြည်သူများသာမက လူအများစုကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်၍ ဈေးကောင်း ရပြီး စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေတိုးပွားလျက်ရှိသည်။
သရက်သီး
ပြည်မြို့၏ သစ်သီးဝလံဈေးကွက်အတွင်း ရာသီစာအသီးမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ စိန်တလုံးသရက်သီးမှာ ဒေသတွင်းမှ ထွက်ရှိ သကဲ့သို့ မန္တလေးဘက်မှလည်း ဝင်ရောက်လျက်ရှိ သည်။ ပြည်ဒေသမှထွက်သော မြကျောက်သရက် သီးသည် အရောင်းအဝယ် အသွက်ဆုံးဖြစ်သည်။ ယခုကာလတွင် ဒေသထွက် လက်ဆောင်ပေးရန် အကောင်းဆုံး သရက်သီးမျိုးဖြစ်သည်။ မေလဆန်း ပိုင်းတွင် မြကျောက်သရက်သီးတစ်လုံးလျှင် ကျပ် ၇၀ဝ-၈၀ဝ အထိ အလုံးအရွယ်အစားပေါ်မူတည် ၍ ဝယ်ယူကြရသည်။
တနင်္သာရီတိုင်းဒေသကြီးသည် တော၊ တောင်၊ လျှိုမြောင်များ ပေါများသည့်အတွက် သဘာဝအတိုင်း အလေ့ကျပေါက်သည့် ကိုင်း ဘောပင်များ များပြားစွာ ရှိကြသည်။ အဆိုပါ ကိုင်းဘောပင်များအား တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အခေါ်(လှဲပင်)ဟုခေါ်၍ ၎င်းလှဲပင် များဖြင့်ပြုလုပ်သော တံမြက်စည်းအား (လှဲစဲခါ)ဟုခေါ်ကြောင်း သိရသည်။
ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စက်ရုံအချို့မှာ ယခုအချိန်တွင် ပြန်လည် လည်ပတ်နေပြီဖြစ်သည်။ မုံရွာမြို့ရှိ လက်ဖက် လုပ်ငန်းလုပ်ကိုင်သည့် စက်ရုံမှာလည်း လုပ်ငန်း များ ပြန်လည်လုပ်ကိုင်နေပြီဖြစ်သည်။ ၎င်း လက်ဖက်လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့သစ်ရပ်တွင် ၂၀၁၇ ခုနှစ်က စက်ရုံ တည်ထားခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားသာမက ပြည်ပနိုင်ငံများသို့ ဂုဏ်ယူစွာဖြင့် ဖြန့်ဖြူးရောင်း ချနေသော ဒေသထွက် မြန်မာ့ရိုးရာ ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းဖြစ် သည်။
ဟင်္သာတမြို့နယ်တွင် ရာသီပေါ်သီးနှံ နာနတ်ပင်များကို နိဗ္ဗာန်တိုက်နယ်၊ နိဗ္ဗာန်ကျေးရွာ တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ် နာနတ်စိုက် ဧက ၅၀ မှ ၆၀ ကြား စိုက်ပျိုးလျက်ရှိသည်။ နာနတ် ပင်ကို နှစ်စဉ် မီုးဦးကျ ဇွန်လတွင်စတင်စိုက်ပျိုးကြ ပြီး ဒီဇင်ဘာလကုန်ခန့်တွင် အသီးစတင်သီးကာ နောက်နှစ် မေလလယ်ခန့်တွင် အသီးခူးခြင်းကို ဆောင်ရွက်ကြသည်။

