Background
မွန်ပြည်နယ်ဒေသတွင်း၌ စိုက်ပျိုးထွက်ရှိသော ရာသီ စာသီးနှံများမှာ ယခုလတွင် လှိုင်လှိုင်ထွက်ရှိပြီး ဈေးကွက် အတွင်း ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၎င်းသီးနှံများမှာ ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ သံပရာသီး၊ သရက်သီး၊ ပိန္နဲသီး၊ တညင်းသီးနှင့် ရာသီစာမျှစ်တို့ ဖြစ်သည်။
ဒူးရင်းသီး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင် သည့် စိုက်ပျိုးရေးထွန်းကားရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြပြီး သီးနှံမျိုးစုံအနက် ကုန်စိမ်းသီးနှံ ကြက်သွန်ဖြူကိုလည်း တစ်နိုင် တစ်ပိုင်မှ ဒေသစီးပွား ဖြစ်စိုက်ပျိုးကြသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် ဈေး ကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
၀ါဂွမ်း
ပခုက္ကူမြို့နယ်တွင် ဝါကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ရွာ များတွင် အဓိကစိုက်ပျိုးကြသည်။ ပခုက္ကူမြို့ ဝါစိုက်ဧကမှာ ယခင်က ၅၀ဝ၀ မှ ၆၀ဝ၀ ရှိခဲ့ ပြီး ယခုအခါတွင် စိုက်ဧကမှာ အလွန် နည်းပါးလျက်ရှိသည်။ အဓိက စိုက်ပျိုးသောဝါများ မှာ ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက်ပျိုးဖြစ်သည်။ ဝါစတင် ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ ဖြစ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်း ခြောက်များကို ကံ့ကော်ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိ အရောင်းအဝယ်ဖြစ် ကြောင်း၊ ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ် ချောင်းသာ၊ ဟိုင်းကြီးကျွန်းမှ ပုသိမ်မြို့ပေါ်သို့ လာရောက် ရောင်းချလျက်ရှိပြီး ပြည်တွင်းဈေးကွက်အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိသည်၊
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း ဆောင် ရွက်နေသည့် ကင်းမွန်မီးထွန်းလှေများမှာ အရွယ်အစားမျိုးစုံ ကို အသုံးပြု၍ ပွင့်လင်းရာသီတွင် လုပ်ငန်းလုပ်ကိုင်ကြခြင်း ဖြစ်ပြီး ရာသီအလိုက် လုပ်ကိုင်ရသည့် ငါးဖမ်းလုပ်ငန်း တစ်မျိုးဖြစ်ကြောင်း၊ မိုးလေကင်းစင်သည်အထိ လုပ်ကိုင်ကြ ကြောင်း သိရသည်။ ကင်းမွန်ရာသီကပုံမှန်အားဖြင့် အောက် တိုဘာလမှဧပြီလအထိ (မိုးဦးမကျခင်) ဖမ်းဆီးနိုင်ကြောင်း၊ဖမ်းဆီးရရှိချိန်ကို အလွယ်တကူမှတ်သားထား၍ရပြီး ကင်း မွန်လှေများသည် မြန်မာလပြည့်ကျော် (၂)ရက်နေ့မှစတင်၍ ကင်းမွန်ဖမ်းကြလေ့ရှိသည်။ ကင်းမွန်များကို လဆုတ်၊ လကွယ် ညများမှာသာ အများဆုံး ဖမ်းဆီးရရှိသည်။ လပြည့် ညများတွ
၀ါးပင်သည် မြန်မာလူမျိုးတို့ အသုံးများ သောအပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။ ဝါးကို ရှေး ယခင်ကတည်းကယနေ့အချိန်အထိ အသုံးပြုနေ ကြဆဲဖြစ်သည်။ ဝါးကို လူသုံးကုန်ပစ္စည်းအမျိုး မျိုးအဖြစ်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ အဖြစ်လည်းကောင်း၊ ဝါးလက်မှု ထုတ်ကုန်များ အဖြစ်လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသော အပင် တစ်မျိုးဖြစ်သည်။
ဝါးမျိုးစိတ်နှင့် ဝါးပင်၏ သဘာဝ
တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်အကျ ဆုံးဖြစ်ပြီး တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ ပေါများပြီး ၁၆၇၃၅ ဒသမ ၆ စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ ၁၅ သိန်းခန့် နေထိုင်လျက်ရှိပြီး တောနေ တောင်သူအများစုမှာ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် မိသားစု အသက်မွေးဝမ်းကျောင်းနေထိုင်သူများ ဖြစ်ကြ သည်။ အဆိုပါ ဥယျာဉ်ခြံမြေလုပ်ငန်းများအနက် ကွမ်းသီးပင်များ အား တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များနှင့် တောင်ကြားမြေ ပြန့်လွင်ပြင်များတွင် အများအပြားစိုက်ပျိုးကြပြီး ဒေသ ထွက်ကုန် အဖြစ်သာမက ပြည်တွင်း၊ ပြည်ပသို့ပင် တင်ပို့ရောင်းချလျက်ရှိသည့် လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။
ဖျာပုံမြို့တွင် ဆန်စက်များမှ ဆန်စပါးကြိတ်ခွဲထုတ်လုပ် ခြင်းမှ ထွက်ရှိလာသည့် စပါးခွံ များအား ထင်းအစားထိုးလောင် စာများအဖြစ် ထုတ်လုပ်လျက်ရှိသည်။ ပုဂ္ဂလိကဆန်စက် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ ထုတ်ကုန်များ ဈေးကွက် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖြန့်ဖြူးနိုင်စေရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိကာ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများအား ထင်းအစားထိုး လောင်စာ တောင့်အဖြစ် စပါးခွံ မီးသွေးတောင့်လောင်စာများ ထုတ်လုပ် လျက်ရှိသည်။
စားသုံးသူပြည်သူများ လူမှုဘဝတွင် နေ့စဉ် စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးတို့ကို စားသုံး လျက်ရှိရာ ပြည်ပမှ နည်းလမ်းပေါင်းစုံတို့ဖြင့် အစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ ဝင်ရောက် လျက်ရှိနေပြီး မြန်မာနိုင်ငံ ဒေသအသီးသီးတို့တွင် လည်း ဒေသထွက်မုန့် အမျိုးအစားများစွာ ထုတ် လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံ ဒေသထွက် မုန့်အများစုမှာ ဒေသထွက် သဘာဝ ကုန်ကြမ်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် စားသုံး သူများအတွက် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရ ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည်။ ပြည်တွင်းမုန့်ထုတ်လုပ်မှု လုပ်ငန်း အား ဒေသအသီးသီးတို့၌ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ခြင်း

